YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 20

20
မှီ​ခို​ရာ​မြို့​များ
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​ကို ခေါ်​တော်​မူ၍၊ 2သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​သည်​အ​တိုင်း၊ 3လူ​အ​သက်​ကို သတ်​မည်​ဟု အ​ကြံ​မ​ရှိ​ဘဲ အ​မှတ်​တ​မဲ့​သတ်​မိ​သော​သူ​သည် ပြေး၍ မှီ​ခို​ရာ​မြို့​တို့​ကို ရွေး​ထား​ကြ​လော့။ သေ​စား​သေ​စေ​သော​သူ​လက်​နှင့် လွတ်၍ မှီ​ခို​ရာ​မြို့ ဖြစ်​ရ​သ​တည်း။ 4ထို​မြို့ တစ်​စုံ​တစ်​မြို့​သို့ ပြေး​သော​သူ​သည် မြို့​တံ​ခါး​ဝ၌​ရပ်၍၊ ထို​မြို့၌ အ​သက်​ကြီး​သူ​တို့​အား မိ​မိ​အ​မှု​ကို ကြား​ပြော​သော​အ​ခါ၊ သူ​တို့​သည် မြို့​ထဲ​သို့​ခေါ်၍ သူ​တို့​ထံ​မှာ နေ​ရာ​ချ​ရ​ကြ​မည်။ 5သေ​စား​သေ​စေ​သော​သူ​သည် လိုက်​လာ​လျှင်၊ သူ့​လက်​သို့ သတ်​မိ​သော​သူ​ကို မ​အပ်​ရ။ အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မိ​မိ​အ​ဖော်​ကို အ​ငြိုး​မ​ထား​ဘဲ အ​မှတ်​တ​မဲ့​သတ်​မိ၏။ 6ထို​သူ​သည် ပ​ရိ​သတ်​ရှေ့​သို့​ရောက်၍ တ​ရား​စီ​ရင်​ခြင်း​ကို မ​ခံ​မီ​သော်​လည်း​ကောင်း၊ ထို​ကာ​လ ယဇ်​ပု​ရော​ဟိတ်​မင်း မ​သေ​မီ​သော်​လည်း​ကောင်း ထို​မြို့၌​နေ​ရ​မည်။ ထို​နောက်​မှ ပြန်​လာ၍ အ​ထက်​ပြေး​ရ​သော​မြို့၊ မိ​မိ​နေ​ရင်း​အိမ်၌ နေ​ရ​သော​အ​ခွင့်​ရှိ​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 7သူ​တို့​သည် ဂါ​လိ​လဲ​ပြည်၊ နဿ​လိ​တောင်​ပေါ်​မှာ ကေ​ဒေ​ရှ​မြို့၊ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရှေ​ခင်​မြို့၊ ယု​ဒ​တောင်​ပေါ်​မှာ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော ကိ​ရ​ယ​သာ​ဘ​မြို့​တို့​ကို​လည်း​ကောင်း၊ 8ယော်​ဒန်​မြစ်​တစ်​ဖက်၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့​မှာ ရု​ဗင်​ခ​ရိုင်၊ တော​လွင်​ပြင်၌ ဗေ​ဇာ​မြို့၊ ဂဒ်​ခ​ရိုင်၊ ဂိ​လဒ်​ပြည်၌ ရာ​မုတ်​မြို့၊ မ​နာ​ရှေ​ခ​ရိုင်၊ ဗာ​ရှန်​ပြည်၌ ဂေါ​လန်​မြို့​တို့​ကို​လည်း​ကောင်း ရွေး​ထား​ကြ၏။ 9ဤ​မြို့​တို့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ သူ​တို့​တွင် တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ အ​မှတ်​တ​မဲ့ လူ​အ​သက်​ကို သတ်​မိ​သော​သူ​သည် သေ​စား​သေ​စေ​သော​သူ​လက်​နှင့် လွတ်၍ ပ​ရိ​သတ်​ရှေ့​သို့ မ​ရောက်​မီ​တိုင်​အောင် ပြေး​ရ​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ ရွေး​ထား​သော​မြို့ ဖြစ်​သ​တည်း။#တော၊ ၃၅:၆-၃၂၊ တရား၊ ၄:၄၁-၄၃၊ ၁၉:၁-၁၃။

လက်ရှိရွေးချယ်ထားမှု

ယောရှု 20: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ