YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 18

18
အ​ခြား​သော​အ​နွယ်​များ​အ​မွေ​ခံ​ရာ​မြေ
1ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ ရှိ​လော​မြို့​မှာ​စည်း​ဝေး၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ကို တည်​ထောင်​ကြ၏။ သူ​တို့​ရှေ့​မှာ တစ်​ပြည်​လုံး​နှိမ့်​ချ​လျက်​ရှိ၏။ 2ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​ခု​နစ်​မျိုး​တို့​သည်၊ အ​မွေ​မြေ​ကို​မ​ခံ​ရ​သေး​သည်​ဖြစ်၍၊ 3ယော​ရှု​က၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​မြေ​ကို သင်​တို့​သည် မ​သိမ်း​မ​ယူ​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ကြ​လိမ့်​မည်​နည်း။ 4သင်​တို့​တွင် အ​မျိုး​တစ်​မျိုး​လျှင် လူ​သုံး​ယောက်​စီ​ရွေး​ကောက်၍ ငါ​စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် တစ်​ပြည်​လုံး​သို့​ထ​သွား၍ အ​မွေ​ခံ​သင့်​သည်​အ​တိုင်း ရေး​သား​ပြီး​မှ ငါ့​ထံ​သို့​ပြန်​လာ​ရ​ကြ​မည်။ 5သူ​တို့​သည် ပြည်​ကို ခု​နစ်​ပိုင်း​ပိုင်း​ခြား​ရ​ကြ​မည်။ ယု​ဒ​အ​မျိုး​သည် တောင်​ဘက်​မိ​မိ​နေ​ရာ၌ နေ​ရ​မည်။ ယော​သပ်​အ​မျိုး​သည် မြောက်​ဘက်​မိ​မိ​နေ​ရာ၌ နေ​ရ​မည်။ 6ပြည်​ကို ခု​နစ်​ပိုင်း​ပိုင်း​ခြား​ပြီး​မှ၊ ပြည်​ပုံ​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့၍၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​အ​ဖို့ စာ​ရေး​တံ​ပြု​မည်။ 7လေ​ဝိ​သား​တို့​သည် သင်​တို့​နှင့်​ရော၍ အ​ဖို့​ကို​မ​ယူ​ရ။ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​သည် သူ​တို့​အ​မွေ​ဖြစ်၏။ ဂဒ်​အ​မျိုး၊ ရု​ဗင်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​ပေး​သည်​အ​တိုင်း၊ အ​မွေ​မြေ​ကို​ခံ​ယူ​ကြ​ပြီ​ဟု ဣ​သ​ရေ​လ​လူ​တို့​အား ပြော​ဆို၏။ 8ထို​လူ​တို့​သည် ထ၍​သွား​သ​ဖြင့်၊ ယော​ရှု​က​လည်း၊ တစ်​ပြည်​လုံး​သို့ လျှောက်၍​ရေး​သား​ပြီး​လျှင် ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ ရှိ​လော​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​အ​ဖို့ စာ​ရေး​တံ​ပြု​မည်​ဟု ပြည်​ပုံ​ကို ရေး​သား​ခြင်း​ငှာ သွား​သော​သူ​တို့​ကို မှာ​ထား​သည်​နှင့်​အ​ညီ၊ 9သူ​တို့​သည် တစ်​ပြည်​လုံး​သို့ လျှောက်​သွား​သ​ဖြင့်၊ မြို့​ရွာ​ရှိ​သည်​အ​တိုင်း စာ၌​ခု​နစ်​ပိုင်း​ပိုင်း၍ ရေး​သား​ပြီး​မှ ယော​ရှု​နေ​ရာ ရှိ​လော​တပ်​သို့ ရောက်​လာ​ကြ၏။ 10ယော​ရှု​သည် ရှိ​လော​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စာ​ရေး​တံ​ပြု၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​သီး​အ​သီး​တို့​အား မြေ​ကို​ပိုင်း​ခြား​လေ၏။
11ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​ဆွေ​အ​မျိုး​အ​လိုက်​ခံ​ရ​သော​မြေ​သည် ယု​ဒ​အ​မျိုး​သား​တို့​နှင့် ယော​သပ်​အ​မျိုး​သား​တို့​စပ်​ကြား​မှာ​ကျ၏။ 12မြေ​အ​ပိုင်း​အ​ခြား​သည် မြောက်​မျက်​နှာ၌ ယော်​ဒန်​မြစ်​မှ​ထွက်၍ ယေ​ရိ​ခေါ​မြို့ မြောက်​ဘက်​နား၌​လည်း​ကောင်း၊ အ​နောက်​ဘက် တောင်​ပေါ်၌​လည်း​ကောင်း လျှောက်​လျက် ဗေ​သ​ဝင်​တော​သို့​ထွက်​သွား၏။ 13တစ်​ဖန် တောင်​မျက်​နှာ​သို့​သွား၍ ဗေ​သ​လ​လု​ဇ​မြို့​နား၌ လျှောက်​သ​ဖြင့်၊ အောက်​ဗက်​ဟော​ရုန်​မြို့ တောင်​ဘက်​မှာ​ရှိ​သော တောင်​ခြေ​ရင်း အ​တ​ရုတ်​အ​ဒ္ဒါ​မြို့​သို့ ရောက်​ပြီး​လျှင်၊ 14ထို​တောင်​မှ​ထွက်၍ အိုင်​တောင်​ကွေ့​ကို ဝိုင်း​သ​ဖြင့်၊ ယု​ဒ​အ​မျိုး​သား​နေ​သော ကိ​ရ​ယတ်​ယာ​ရိမ် မြို့​တည်း​ဟူ​သော ကိ​ရ​ယတ်​ဗာ​လ​မြို့​သို့ ထွက်​သွား၏။ ဤ​ရွေ့​ကား အ​နောက်​ဘက်​အ​ပိုင်း​အ​ခြား​တည်း။ 15တောင်​ဘက်​အ​ပိုင်း​အ​ခြား​သည် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​စွန်း​မှ အ​နောက်​ဘက်​နား၌ နေ​ဖ​တော​ရေ​တွင်း​သို့ ရောက်​ပြီး​လျှင်၊ 16ဟိ​န္နုံ​သား၏​ချိုင့်​ရှေ့​မှာ၊ ရေ​ဖိမ်​ချိုင့်​မြောက်​ဘက်၌​ရှိ​သော တောင်​ခြေ​ရင်း​သို့​လာ၍ ယေ​ဗု​သိ​မြို့​တောင်​ဘက် ဟိ​န္နုံ​ချိုင့်​သို့​လည်း​ကောင်း၊ အင်္ရော​ဂေ​လ​ရွာ​သို့​လည်း​ကောင်း၊ 17မြောက်​ဘက်​နား၌ အင်​ရှေ​မက်​ရွာ​သို့​လည်း​ကောင်း၊ အ​ဒု​မ္မိမ်​ကုန်း​တစ်​ဖက် ဂေ​လိ​လုတ်​ရွာ​သို့​လည်း​ကောင်း၊ ရု​ဗင်​သား​ဗော​ဟန်၏ ကျောက်​သို့​လည်း​ကောင်း ရောက်​လေ၏။ 18တစ်​ဖန် အ​ရာ​ဗ​မြို့ မြောက်​မျက်​နှာ​တစ်​ဖက် လွင်​ပြင်​နား​မှာ​လျှောက်၍ အ​ရာ​ဗ​မြို့​သို့​ရောက်​သ​ဖြင့်၊ 19ဗက်​ဟော​ဂ​လ​မြို့ မြောက်​ဘက်​နား​မှာ​လျှောက်၍ သော​ဒုံ​အိုင်​မြောက်​ကွေ့၊ ယော်​ဒန်​မြစ်​ဝ၌ ဆုံး​လေ၏။ ဤ​ရွေ့​ကား တောင်​ဘက်​အ​ပိုင်း​အ​ခြား​တည်း။ 20ယော်​ဒန်​မြစ်​သည် အ​ရှေ့​ဘက်​ပိုင်း​ခြား​လျက်​ရှိ၏။ ဤ​ရွေ့​ကား ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော​မြေ​နယ် ဖြစ်​သ​တည်း။
21ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​ရ​သော မြို့​များ​ဟူ​မူ​ကား၊ ယေ​ရိ​ခေါ​မြို့၊ ဗေ​သော​ဂ​လ​မြို့၊ ဧ​မ​က္ကေ​ဇဇ်​မြို့၊ 22ဗေ​သ​ရာ​ဗ​မြို့၊ ဇေ​မ​ရိမ်​မြို့၊ ဗေ​သ​လ​မြို့၊ 23အာ​ဝိမ်​မြို့၊ ပါ​ရ​မြို့၊ ဩ​ဖ​ရာ​မြို့၊ 24ခေ​ဖာ​ဟာ​မော​နဲ​မြို့၊ ဩ​ဖ​နိ​မြို့၊ ဂါ​ဘ​မြို့၊ ရွာ​နှင့်​တ​ကွ ဆယ်​နှစ်​မြို့​တည်း။ 25ထို​မှ​တစ်​ပါး၊ ဂိ​ဗောင်​မြို့၊ ရာ​မ​မြို့၊ ဗေ​ရုတ်​မြို့၊ 26မိ​ဇ​ပါ​မြို့၊ ခေ​ဖိ​ရ​မြို့၊ မော​ဇ​မြို့၊ 27ရေ​ကင်​မြို့၊ ဣ​ရ​ပေ​လ​မြို့၊ တာ​ရ​လ​မြို့၊ 28ဇေ​လ​မြို့၊ ဧ​လပ်​မြို့၊ ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော ယေ​ဗု​သိ​မြို့၊ ဂိ​ဗတ်​မြို့၊ ကိ​ရ​ယတ်​မြို့၊ ရွာ​နှင့်​တ​ကွ ဆယ်​လေး​မြို့​တည်း။ ဤ​ရွေ့​ကား ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​ခံ​ရ​သော​အ​မွေ​တည်း။

လက်ရှိရွေးချယ်ထားမှု

ယောရှု 18: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ