မောရှေသည်၊ ရုဗင်အမျိုးသားအဆွေအမျိုး အသီးအသီးတို့အား အမွေပေးသောပြည်များဟူမူကား၊ အာနုန်မြစ်နား၌ရှိသော အာရော်မြို့၊ မြစ်အကွေ့၌ ရှိသမျှသောမြို့တို့နှင့်တကွ၊ မေဒဘလွင်ပြင်တစ်လျှောက်လုံး၊ ဟေရှဘုန်မြို့နှင့်တကွ လွင်ပြင်၌ ရှိသမျှသောမြို့၊ ဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမောင်မြို့၊ ယဟာဇမြို့၊ ကေဒမုတ်မြို့၊ မေဖတ်မြို့၊ ကိရယသိမ်မြို့၊ စိဗမာမြို့၊ ချိုင့်တွင်တောင်ပေါ်မှာရှိသော ဇာရက်ရှာဟာမြို့၊ ဗက်ပေဂုရမြို့၊ အာဇုတ်ပိသကာမြို့၊ ဗက်ယေရှိမုတ်မြို့၊ လွင်ပြင်၌ရှိသမျှသော မြို့တို့နှင့်တကွ၊ ဟေရှဘုန်မြို့၌မင်းပြုရသော အာမောရိရှင်ဘုရင် ရှိဟုန်၏နိုင်ငံတစ်လျှောက်လုံးကို ပေးသတည်း။ ထိုရှင်ဘုရင်ကိုလည်းကောင်း၊ ထိုရှင်ဘုရင်ချီးမြှောက်၍ သူ့ပြည်၌နေသောမိဒျန်မင်းကြီးငါးပါး၊ ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတို့ကိုလည်းကောင်း မောရှေသည် လုပ်ကြံလေ၏။ ပရောဖက်လုပ်သော ဗောရသားဗာလမ်ကိုလည်း၊ အသေခံရသောသူတို့နှင့်ရော၍ ဣသရေလလူတို့သည် ဓားနှင့်ကွပ်မျက်ကြ၏။ ရုဗင်အမျိုးသားနေရာအပိုင်းအခြားကား၊ ယော်ဒန်မြစ်နှင့် မြစ်ကမ်းပါးတည်း။ ဤရွေ့ကား၊ ရုဗင်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာများပေတည်း။ မောရှေသည် ဂဒ်အမျိုးသား အဆွေအမျိုးအသီးအသီးတို့အား အမွေပေးသော ပြည်များဟူမူကား၊ ယာဇာမြို့မှစ၍ ဂိလဒ်မြို့ရှိသမျှတို့နှင့်တကွ၊ ရဗ္ဗာမြို့ရှေ့၌ရှိသော အာရော်မြို့တိုင်အောင် အမ္မုန်ပြည်တစ်ဝက်၊ ဟေရှဘုန်မြို့မှစ၍ ရာမတ်မိဇပါမြို့၊ ဗေတောနိမ်မြို့တိုင်အောင်လည်းကောင်း၊ မဟာနိမ်မြို့မှစ၍ ဒေဗိရမြို့နယ်တိုင်အောင်လည်းကောင်းပါသောပြည်၊ ချိုင့်၌လည်း၊ ဗေသာရံမြို့၊ ဗက်နိမရမြို့၊ သုကုတ်မြို့၊ ဇာဖုန်မြို့အစရှိသော ယော်ဒန်မြစ်အရှေ့ဘက် ယော်ဒန်မြစ်အပိုင်းအခြား၊ ဂင်္နေသရက်အိုင်နားတိုင်အောင်၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်ပိုင်သော နိုင်ငံကျန်ကြွင်းသမျှကို ပေးသတည်း။ ဤရွေ့ကား၊ ဂဒ်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာများပေတည်း။ မောရှေသည် မနာရှေအမျိုးတစ်ဝက်အားအမွေပေး၍၊ မနာရှေအမျိုးသားတစ်ဝက်သည် အဆွေအမျိုးအလိုက် အမွေခံရသော ပြည်များဟူမူကား၊ မဟာနိမ်မြို့မှစ၍ ဗာရှန်ပြည်တည်းဟူသော ဗာရှန်ရှင်ဘုရင်ဩဃ၏ နိုင်ငံတစ်လျှောက်လုံး၊ ဗာရှန်ပြည်၌ပါသော ယာဣရမြို့ခြောက်ဆယ်ကို အမွေခံရသတည်း။ ဂိလဒ်ပြည်တစ်ဝက်၊ ဗာရှန်ပြည်၌ ဩဃ၏နိုင်ငံအဝင်၊ အာရှတရုတ်မြို့နှင့် ဧဒြိမြို့တို့ကို မနာရှေသား မာခိရ၏သားမြေးတစ်ဝက် အဆွေအမျိုးအလိုက် ပိုင်ရကြ၏။ ဤရွေ့ကား၊ မောရှေသည် ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တစ်ဖက်၊ မောဘလွင်ပြင်၌ အမွေဝေဖန်သောပြည်များပေတည်း။ လေဝိအမျိုးအား အမွေကိုမပေး။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း သူတို့အမွေဖြစ်တော်မူသတည်း။
ယောရှု 13 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယောရှု 13:15-33
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ