YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 13:1-15

ယောရှု 13:1-15 JBMLE

ယော​ရှု​သည် အို၍​အ​သက်​ကြီး​ရင့်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​အို၍​အ​သက်​ကြီး​ရင့်​ပြီ။ သိမ်း​ယူ​ရ​မည့်​မြေ​လည်း အ​များ​ကျန်​သေး၏။ ကျန်​သော​မြေ​ဟူ​မူ​ကား၊ ဖိ​လိ​တ္တိ​ပြည်​မှ​စ၍ ဂေ​ရှု​ရိ​ပြည်​တစ်​လျှောက်​လုံး၊ အဲ​ဂု​တ္တု​ပြည်​အ​ရှေ့၊ ရှိ​ဟော​ရ​မြစ်​မှ​စ၍ မြောက်​မျက်​နှာ၌ ဧ​ကြုန်​မြို့​နယ်​တိုင်​အောင်၊ ခါ​န​နိ​လူ​နေ​သော​ပြည်၊ ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​တည်း​ဟူ​သော ဂါ​ဇ​သိ​လူ၊ အာ​ဇော​တိ​လူ၊ ဧ​ရှ​က​လော​နိ​လူ၊ ဂိ​တ္တိ​လူ၊ ဧ​ကြော​နိ​လူ​နှင့်​တ​ကွ၊ အာ​ဝိ​လူ​နေ​သော​ပြည်၊ တောင်​မျက်​နှာ​မှ​စ၍ အာ​မော​ရိ​ပြည် အာ​ဖက်​မြို့​တိုင်​အောင်၊ ခါ​န​နိ​ပြည်​တစ်​လျှောက်​လုံး​နှင့် ဇိ​ဒုန်​ပြည်​အ​နား​မှာ​ရှိ​သော မာ​ရာ​ပြည်၊ နေ​ထွက်​ရာ​ဘက်၊ ဟေ​ရ​မုန်​တောင်​ခြေ​ရင်း၌ ဗာ​လ​ဂဒ်​မြို့​မှ​စ၍ ဟာ​မတ်​ပြည်​အ​ဝင်​တိုင်​အောင် ဂေ​ဗ​လ​ပြည်၊ လေ​ဗ​နုန်​ပြည် တစ်​လျှောက်​လုံး ကျန်​သ​တည်း။ လေ​ဗ​နုန်​တောင်​မှ​စ၍ မိ​သ​ရ​ဖော​သ​မိမ်​မြို့​တိုင်​အောင်၊ တောင်​ပေါ်၌​နေ​သော​သူ​နှင့် ဇိ​ဒေါ​နိ​လူ​အ​ပေါင်း​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ ငါ​နှင်​ထုတ်​မည်။ သို့​ဖြစ်၍ ငါ​မှာ​ထား​သည်​အ​တိုင်း စာ​ရေး​တံ​ပြု​လျက် ထို​မြေ​ကို ဣ​သ​ရေ​လ​လူ​တို့​အား အ​မွေ​ဝေ​ဖန်​လော့။ ယ​ခု​မှာ ဤ​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​ကိုး​မျိုး​နှင့် မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​အား အ​မွေ​ဝေ​ဖန်​လော့။ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ မော​ရှေ​ပေး​သည်​အ​တိုင်း မိ​မိ​တို့​အ​မွေ​မြေ​ကို​ခံ​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​ပေး​သော​မြေ​ဟူ​မူ​ကား၊ အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့၊ မြစ်​အ​ကွေ့၌ ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​တ​ကွ၊ ဒိ​ဘုန်​မြို့​တိုင်​အောင် မေ​ဒ​ဘ​လွင်​ပြင်​တစ်​လျှောက်​လုံး၊ အ​မ္မုန်​ပြည်​စွန်း​တိုင်​အောင်၊ ဟေ​ရှ​ဘုန်​မြို့၌ မင်း​ပြု​သော အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန် အ​စိုး​ရ​သော​မြို့​ရှိ​သ​မျှ၊ ဂိ​လဒ်​ပြည်၊ ဂေ​ရှု​ရိ​လူ၊ မာ​ခါ​သိ​လူ​နေ​သော​ပြည်၊ ဟေ​ရ​မုန်​တောင်​ရှိ​သ​မျှ၊ သာ​လ​က​ပြည်​တိုင်​အောင် ဗာ​ရှန်​ပြည်​တစ်​လျှောက်​လုံး၊ အ​လွန်​ကြီး​မား​သော​လူ​မျိုး​ထဲ​က ကျန်​ကြွင်း​သော​သူ၊ အာ​ရှ​တ​ရုတ်​မြို့၊ ဧ​ဒြိ​မြို့၌​မင်း​ပြု​သော ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏ နိုင်​ငံ​တစ်​လျှောက်​လုံး ပါ​သ​တည်း။ ထို​မင်း​တို့​ကို မော​ရှေ​သည် လုပ်​ကြံ၍​ပယ်​ရှား​လေ၏။ သို့​ရာ​တွင် ဣ​သ​ရေ​လ​လူ​တို့​သည် ဂေ​ရှု​ရိ​လူ၊ မာ​ခါ​သိ​လူ​တို့​ကို မ​နှင်​ထုတ်​ကြ။ ထို​လူ​မျိုး​တို့​သည် ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ​ကြ၏။ လေ​ဝိ​အ​မျိုး​အား အ​မွေ​ကို​မ​ပေး။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သော​ယဇ်​တို့​သည် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း သူ​တို့​အ​မွေ​ဖြစ်​သ​တည်း။ မော​ရှေ​သည်၊ ရု​ဗင်​အ​မျိုး​သား​အ​ဆွေ​အ​မျိုး အ​သီး​အ​သီး​တို့​အား အ​မွေ​ပေး​သော​ပြည်​များ​ဟူ​မူ​ကား၊