YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 13:1-15

ယောရှု 13:1-15 Judson Bible (JBMLE)

ယော​ရှု​သည် အို၍​အ​သက်​ကြီး​ရင့်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​အို၍​အ​သက်​ကြီး​ရင့်​ပြီ။ သိမ်း​ယူ​ရ​မည့်​မြေ​လည်း အ​များ​ကျန်​သေး၏။ ကျန်​သော​မြေ​ဟူ​မူ​ကား၊ ဖိ​လိ​တ္တိ​ပြည်​မှ​စ၍ ဂေ​ရှု​ရိ​ပြည်​တစ်​လျှောက်​လုံး၊ အဲ​ဂု​တ္တု​ပြည်​အ​ရှေ့၊ ရှိ​ဟော​ရ​မြစ်​မှ​စ၍ မြောက်​မျက်​နှာ၌ ဧ​ကြုန်​မြို့​နယ်​တိုင်​အောင်၊ ခါ​န​နိ​လူ​နေ​သော​ပြည်၊ ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​တည်း​ဟူ​သော ဂါ​ဇ​သိ​လူ၊ အာ​ဇော​တိ​လူ၊ ဧ​ရှ​က​လော​နိ​လူ၊ ဂိ​တ္တိ​လူ၊ ဧ​ကြော​နိ​လူ​နှင့်​တ​ကွ၊ အာ​ဝိ​လူ​နေ​သော​ပြည်၊ တောင်​မျက်​နှာ​မှ​စ၍ အာ​မော​ရိ​ပြည် အာ​ဖက်​မြို့​တိုင်​အောင်၊ ခါ​န​နိ​ပြည်​တစ်​လျှောက်​လုံး​နှင့် ဇိ​ဒုန်​ပြည်​အ​နား​မှာ​ရှိ​သော မာ​ရာ​ပြည်၊ နေ​ထွက်​ရာ​ဘက်၊ ဟေ​ရ​မုန်​တောင်​ခြေ​ရင်း၌ ဗာ​လ​ဂဒ်​မြို့​မှ​စ၍ ဟာ​မတ်​ပြည်​အ​ဝင်​တိုင်​အောင် ဂေ​ဗ​လ​ပြည်၊ လေ​ဗ​နုန်​ပြည် တစ်​လျှောက်​လုံး ကျန်​သ​တည်း။ လေ​ဗ​နုန်​တောင်​မှ​စ၍ မိ​သ​ရ​ဖော​သ​မိမ်​မြို့​တိုင်​အောင်၊ တောင်​ပေါ်၌​နေ​သော​သူ​နှင့် ဇိ​ဒေါ​နိ​လူ​အ​ပေါင်း​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ ငါ​နှင်​ထုတ်​မည်။ သို့​ဖြစ်၍ ငါ​မှာ​ထား​သည်​အ​တိုင်း စာ​ရေး​တံ​ပြု​လျက် ထို​မြေ​ကို ဣ​သ​ရေ​လ​လူ​တို့​အား အ​မွေ​ဝေ​ဖန်​လော့။ ယ​ခု​မှာ ဤ​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​ကိုး​မျိုး​နှင့် မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​အား အ​မွေ​ဝေ​ဖန်​လော့။ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ မော​ရှေ​ပေး​သည်​အ​တိုင်း မိ​မိ​တို့​အ​မွေ​မြေ​ကို​ခံ​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​ပေး​သော​မြေ​ဟူ​မူ​ကား၊ အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့၊ မြစ်​အ​ကွေ့၌ ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​တ​ကွ၊ ဒိ​ဘုန်​မြို့​တိုင်​အောင် မေ​ဒ​ဘ​လွင်​ပြင်​တစ်​လျှောက်​လုံး၊ အ​မ္မုန်​ပြည်​စွန်း​တိုင်​အောင်၊ ဟေ​ရှ​ဘုန်​မြို့၌ မင်း​ပြု​သော အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန် အ​စိုး​ရ​သော​မြို့​ရှိ​သ​မျှ၊ ဂိ​လဒ်​ပြည်၊ ဂေ​ရှု​ရိ​လူ၊ မာ​ခါ​သိ​လူ​နေ​သော​ပြည်၊ ဟေ​ရ​မုန်​တောင်​ရှိ​သ​မျှ၊ သာ​လ​က​ပြည်​တိုင်​အောင် ဗာ​ရှန်​ပြည်​တစ်​လျှောက်​လုံး၊ အ​လွန်​ကြီး​မား​သော​လူ​မျိုး​ထဲ​က ကျန်​ကြွင်း​သော​သူ၊ အာ​ရှ​တ​ရုတ်​မြို့၊ ဧ​ဒြိ​မြို့၌​မင်း​ပြု​သော ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏ နိုင်​ငံ​တစ်​လျှောက်​လုံး ပါ​သ​တည်း။ ထို​မင်း​တို့​ကို မော​ရှေ​သည် လုပ်​ကြံ၍​ပယ်​ရှား​လေ၏။ သို့​ရာ​တွင် ဣ​သ​ရေ​လ​လူ​တို့​သည် ဂေ​ရှု​ရိ​လူ၊ မာ​ခါ​သိ​လူ​တို့​ကို မ​နှင်​ထုတ်​ကြ။ ထို​လူ​မျိုး​တို့​သည် ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ​ကြ၏။ လေ​ဝိ​အ​မျိုး​အား အ​မွေ​ကို​မ​ပေး။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သော​ယဇ်​တို့​သည် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း သူ​တို့​အ​မွေ​ဖြစ်​သ​တည်း။ မော​ရှေ​သည်၊ ရု​ဗင်​အ​မျိုး​သား​အ​ဆွေ​အ​မျိုး အ​သီး​အ​သီး​တို့​အား အ​မွေ​ပေး​သော​ပြည်​များ​ဟူ​မူ​ကား၊

ယောရှု 13:1-15 Common Language Bible (BCL)

ယော​ရှု​သည်​အ​သက်​အ​ရွယ်​ကြီး​ရင့်​လာ ပြီ​ဖြစ်​သည်။ ထာ​ဝ​ရ​ဘု​ရား​က​ယော​ရှု အား``သင်​သည်​အ​သက်​အ​ရွယ်​ကြီး​ရင့် လာ​ပြီ။ သိမ်း​ယူ​ရ​မည့်​နယ်​မြေ​များ​စွာ ကျန်​ရှိ​နေ​သေး​သည်။- ဖိ​လိတ္တိ​ပြည်​တစ်​နယ်​လုံး၊ ဂေ​ရှု​ရိ​တစ်​နယ်​လုံး၊ နှင့်​တောင်​ပိုင်း​ရှိ​အာ​ဝိ​အ​မျိုး​သား​တို့​ပိုင်​တစ် နယ်​လုံး​ကို​သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သည်။ (အီ​ဂျစ်​ပြည်​နယ်​နိ​မိတ်​တွင်​ရှိ​သော​ရှိ​ဟော​ရ ချောင်း​မှ မြောက်​ဘက်​ဧ​ကြုန်​နယ်​နိ​မိတ်​အ​ထိ ကျယ်​ပြန့်​သော​နယ်​မြေ​သည် ခါ​နာန်​အ​မျိုး သား​တို့​နေ​ထိုင်​ရာ​နယ်​မြေ​ဖြစ်​၏။ ဖိ​လိတ္တိ မင်း​တို့​သည်​ဂါ​ဇ​မြို့၊ အာ​ဇုတ်​မြို့၊ ဧ​ရှ က​လုန်​မြို့၊ ဂဒ်​မြို့​နှင့်​ဧ​ကြုန်​မြို့​များ​တွင် စိုး​စံ​သည်။-) ဇိ​ဒုန်​အ​မျိုး​သား​တို့​ပိုင်​နယ်​မြေ​ဖြစ်​သော မာ​ရာ​မှ အာ​ဖက်​မြို့​နှင့်​အာ​မော​ရိ​အ​မျိုး သား​တို့​၏​နယ်​နိ​မိတ်​အ​ထိ​တည်​ရှိ​သော ခါ​နာန်​အ​မျိုး​သား​တို့​ပိုင်​တစ်​နယ်​လုံး၊- ဂေ​ဗ​လ​အ​မျိုး​သား​တို့​၏​ပြည်၊ ဟေ​ရ​မုန် တောင်​၏​တောင်​ဘက်​ရှိ​ဗာ​လ​ဂဒ်​မြို့​မှ​ဟာ မတ်​တောင်​ကြား​အ​ထိ၊ အ​ရှေ့​ဘက်​တွင် တည်​ရှိ​သော​လေ​ဗ​နုန်​ပြည်​အား​လုံး​တို့ ကို​သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သည်။- သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သော​နယ်​မြေ များ​တွင် လေ​ဗ​နုန်​တောင်​နှင့်​မိ​သ​ရ​ဖော​သ မိမ်​မြို့​စပ်​ကြား​တောင်​ကုန်း​ဒေ​သ​တွင် နေ ထိုင်​သော​ဇိ​ဒုန်​အ​မျိုး​သား​တို့​၏​နယ်​မြေ အား​လုံး​လည်း​ပါ​ဝင်​သည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဤ​ပြည်​များ​ကို​သိမ်း ယူ​ရန်​ချီ​တက်​လာ​သည့်​အ​ခါ သူ​တို့​အား လုံး​ကို​ငါ​နှင်​ထုတ်​မည်။ ငါ​သည်​သင့်​အား မိန့်​မှာ​ထား​သည့်​အ​တိုင်း​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက်​နယ်​မြေ​အား​လုံး ကို​ခွဲ​ဝေ​ပေး​ရ​မည်။- သို့​ဖြစ်​၍​ယ​ခု​သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ကိုး​နွယ်​နှင့်​မ​နာ​ရှေ​အနွယ်​တစ်​ဝက်​တို့ အား​ဤ​နယ်​မြေ​များ​ကို​ပိုင်​ဆိုင်​ရန်​ခွဲ​ဝေ ပေး​လော့'' ဟု​မိန့်​တော်​မူ​၏။ ရု​ဗင်၊ ဂဒ်​နှင့်​အ​ခြား​မ​နာ​ရှေ​အ​နွယ်​ဝင် တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ နယ်​မြေ​ကို​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ မော​ရှေ​သတ်​မှတ်​ခွဲ​ဝေ​ပေး​သည့်​အ​တိုင်း ရ​ရှိ​ကြ​ပြီး​ဖြစ်​သည်။ ထို​ဒေ​သ​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ကမ်း​ဖြစ်​၏။- သူ​တို့​ရ​ရှိ​သော​နယ်​မြေ​သည်(အာ​နုန်​မြစ် ဝှမ်း​န​ဖူး​ပေါ်​ရှိ) အာ​ရော်​မြို့​နှင့်​မြစ်​ဝှမ်း အ​လယ်​ရှိ​မြို့​အ​ထိ​ကျယ်​ပြန့်​၍​မေ​ဒ​ဘ မြို့​နှင့်​ဒိ​ဘုန်​မြို့​အ​ကြား​ရှိ​ကုန်း​ပြင်​မြင့် တစ်​ခု​လုံး​ပါ​ဝင်​သည်။- ထို​နယ်​မြေ​တွင်​ဟေ​ရှ​ဘုန်​မြို့​တွင်​စိုး​စံ သော​အာ​မော​ရိ​မင်း ရှိ​ဟုန်​လက်​အောက်​ခံ ဖြစ်​ခဲ့​သော​မြို့​အား​လုံး​ပါ​ဝင်​၍​အမ္မုန် ပြည်​နယ်​စပ်​အ​ထိ​ကျယ်​ပြန့်​သည်။- ဂိ​လဒ်​နယ်၊ ဂေ​ရှု​ရိ​နယ်၊ မာ​ခါ​နယ်၊ ဟေ​ရ​မုန် တောင်​တစ်​ခု​လုံး​နှင့်​သာ​လ​က​ပြည်​အ​ထိ ကျယ်​ပြန့်​သော​ဗာ​ရှန်​ပြည်​တစ်​ပြည်​လုံး​တို့ သည်​လည်း​ကောင်း၊- အာ​ရှ​တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​တို့​တွင်​စိုး​စံ ၍​ရိ​ဖိမ်​အ​မျိုး​သား​တို့​၏ နောက်​ဆုံး​အ​ဆက် အ​နွယ်​ဖြစ်​သူ​သြ​ဃ​မင်း​၏​ပြည်​သည်​လည်း ကောင်း​ပါ​ဝင်​သည်။ မော​ရှေ​သည်​ဤ​မင်း​နှစ် ပါး​စ​လုံး​ကို​ကွပ်​မျက်​၍​သူ​တို့​၏​တိုင်း ပြည်​များ​ကို​သိမ်း​ယူ​ခဲ့​သည်။- သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဂေ​ရှု​ရိ​အ​မျိုး​သား​နှင့်​မာ​ခါ​အ​မျိုး သား​တို့​ကို​နှင်​မ​ထုတ်​ကြ​သ​ဖြင့် သူ​တို့ သည်​ယ​နေ့​တိုင်​အောင်​ဣ​သ​ရေ​လ​နိုင်ငံ တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​သည်။ မော​ရှေ​သည်​လေ​ဝိ​အ​နွယ်​အား​နယ်​မြေ​ခွဲ ဝေ​ပေး​ခြင်း​မ​ပြု​ခဲ့​ချေ။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သော​ပူ​ဇော် သ​ကာ​မှ​ဝေ​စု​ကို​ရ​ရှိ​ကြ​လေ သည်။ မော​ရှေ​သည်​ရု​ဗင်​အ​နွယ်​ဝင်​မိ​သား​စု​တို့ အား​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။

ယောရှု 13:1-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယောရှု အသက်ကြီး​၍ အိုမင်း​လာ​သောအခါ ထာဝရဘုရား​က သူ့​အား “​သင် အသက်ကြီး​၍ အိုမင်း​လာ​ပြီ​။ သို့သော် သိမ်းပိုက်​ရ​မည့်​ပြည် အများအပြား​ကျန်သေး​၏​။ ကျန်ရှိ​နေ​သော​မြေ​များ​မှာ ဖိလိတ္တိ​နယ်မြေ​တစ်ခုလုံး​၊ ဂေရှုရိ​နယ်မြေ​တစ်ခုလုံး​၊ ခါနာန်​လူမျိုး​တို့​နေထိုင်​ရာ အီဂျစ်​ပြည်​အရှေ့ဘက်​ရှိဟောရ​မြစ်​မှ မြောက်ဘက်​ဧကြုန်​နယ်နိမိတ်​အထိ​၊ ဖိလိတ္တိ​ဘုရင်​ငါး​ပါး​အုပ်ချုပ်​သည့် ဂါဇ​ပြည်​၊ အာဇုတ်​ပြည်​၊ အာရှကေလုန်​ပြည်​၊ ဂိတ္တိ​ပြည်​၊ ဧကြုန်​ပြည်​မှစ၍ အာဝိ​ပြည်​အပါအဝင် တောင်ဘက်​ခါနာန်​ပြည်​တစ်ခုလုံး​၊ ဆီဒုန်​လူမျိုး​တို့​ပိုင်​သော​မာရ​ပြည်​မှ အာမောရိ​ပြည်​နယ်နိမိတ်​အာဖက်​ပြည်​အထိ​၊ ဂေဗလ​ပြည်​၊ လက်ဘနွန်​ပြည်​အရှေ့ဘက်​တစ်ခုလုံး​၊ ဟေရမုန်​တောင်​ခြေ​ရှိ ဗာလဂဒ်​ပြည်​မှ လီဘိုဟာမတ်​ပြည်​အထိ​ဖြစ်​၏​။ လက်ဘနွန်​ပြည်​မှစ၍ မိသရဖောသမိမ်​ပြည်​တိုင်အောင် တောင်ပေါ်ဒေသ​တွင်​နေထိုင်​သော​ဆီဒုန်​လူမျိုး​အပေါင်း​တို့​ကို အစ္စရေး​အမျိုးသား​တို့​ရှေ့​မှ ငါ​နှင်ထုတ်​မည်​။ ငါ​မိန့်မှာ​သည့်​အတိုင်း ဤ​ပြည်​ကို အစ္စရေး​လူမျိုး​တို့​အား အမွေမြေ​အဖြစ် သင်​ခွဲဝေ​ပေး​ရ​မည်​။ ဤ​ပြည်​ကို အစ္စရေး​အမျိုးအနွယ်​ကိုး​နွယ်​နှင့် မနာရှေ​မျိုးနွယ်​တစ်ဝက်​တို့​ကို အမွေ​ခွဲဝေ​ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ ကျန်​မနာရှေ​အမျိုး​တစ်ဝက်​နှင့် ရုဗင်​အမျိုး​၊ ဂဒ်​အမျိုး​တို့​မူကား ဂျော်ဒန်​မြစ်​အရှေ့ဘက်​တွင် မောရှေ​ခွဲပေး​သော အမွေမြေ​ကို ရ​ပြီး​ဖြစ်​၏​။ ထာဝရဘုရား​၏​ကျွန်​မောရှေ​ခွဲပေး​ခဲ့​သည့်​အတိုင်း သူ​တို့​ရရှိ​သော​အမွေမြေ​ကား အာနုန်​ချောင်း​နံဘေး​ရှိ အာရော်​မြို့​မှစ၍ ချောင်း​အလယ်​ပိုင်း​ရှိ​မြို့​၊ မေဒဘ​လွင်ပြင်​တစ်လျှောက် ဒိဘုန်​မြို့​အထိ ဟေရှဘုန်​မြို့​၌​စိုးစံ​သော အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​ပိုင်​သော​မြို့​အားလုံး​နှင့်တကွ အမ္မုန်​အမျိုးသား​တို့​၏​နယ်နိမိတ်​အထိ​၊ ဂိလဒ်​ပြည်​၊ ဂေရှုရိ​လူမျိုး​နှင့် မာခါသိ​လူမျိုး​တို့​၏​နယ်မြေ​၊ ဟေရမုန်​တောင်​တစ်တောင်လုံး​၊ ဗာရှန်​ပြည်​တစ်ပြည်လုံး​မှစ၍ သာလက​မြို့​အထိ အာရှတရုတ်​မြို့​နှင့် ဧဒြိ​မြို့​၌ စိုးစံ​သော ရေဖိမ်​လူမျိုး​အကြွင်းအကျန်​တစ်​ဦး​ဖြစ်​သည့် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​နိုင်ငံ​တစ်နိုင်ငံလုံး ဖြစ်​၏​။ မောရှေ​သည် ထို​ဘုရင်​တို့​ကို ကွပ်မျက်​၍ သူ​တို့​၏​ပြည်​ကို သိမ်းပိုက်​ခဲ့​၏​။ သို့သော် အစ္စရေး​အမျိုးသား​တို့​သည် ဂေရှုရိ​လူမျိုး​၊ မာခါသိ​လူမျိုး​တို့​ကို မ​နှင်ထုတ်​ခဲ့​ပေ​။ ယနေ့​တိုင်အောင် ဂေရှုရ​ပြည်သား​၊ မာခါ​ပြည်သား​တို့​သည် အစ္စရေး​လူမျိုး​တို့​နှင့်အတူ နေထိုင်​လျက်​ရှိ​ကြ​၏​။ မောရှေ​သည် လေဝိ​အမျိုး​တို့​ကို အမွေမြေ မ​ပေး​။ သူ​တို့​အား​ထာဝရဘုရား​မိန့်မှာ​ထား​သည့်​အတိုင်း အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​သည် သူ​တို့​၏​အမွေ​ဖြစ်​၏​။ မောရှေ​သည် ရုဗင်​အမျိုးအနွယ်​ကို မျိုးနွယ်စု​အလိုက် အမွေမြေ​ခွဲဝေ​ပေး​၏​။