YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 10:1-15

ယောရှု 10:1-15 JBMLE

ယော​ရှု​သည် ယေ​ရိ​ခေါ​မြို့​နှင့် မင်း​ကြီး​ကို ပြု​သ​ကဲ့​သို့၊ အာ​ဣ​မြို့​နှင့် မင်း​ကြီး​ကို တိုက်​ယူ၍ ရှင်း​ရှင်း​ဖျက်​ဆီး​ကြောင်း​ကို​လည်း​ကောင်း၊ ဂိ​ဗောင်​မြို့​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍ အ​တူ​နေ​ကြောင်း​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည် ကြား​သော​အ​ခါ၊ ဂိ​ဗောင်​မြို့​သည် မြို့​တော်​ကဲ့​သို့ ကြီး​စွာ​သော​မြို့၊ အာ​ဣ​မြို့​ထက်​ကြီး၍ မြို့​သား​ယောက်ျား​အ​ပေါင်း​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ​သော​ကြောင့် အ​လွန်​ကြောက်​ရွံ့​ကြ၏။ ထို​အ​ခါ ယေ​ရု​ရှ​လင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည်၊ ဟေ​ဗြုန်​မင်း​ကြီး​ဟော​ဟံ၊ ယာ​မုတ်​မင်း​ကြီး​ပိ​ရံ၊ လာ​ခိ​ရှ​မင်း​ကြီး​ယာ​ဖျာ၊ ဧ​ဂ​လုန်​မင်း​ကြီး​ဒေ​ပိ​ရ​တို့​ထံ​သို့ စေ​လွှတ်၍၊ ဂိ​ဗောင်​မြို့​သည် ယော​ရှု​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သော​ကြောင့်၊ ထို​မြို့​ကို လုပ်​ကြံ​ခြင်း​ငှာ ငါ့​ထံ​သို့​လာ၍ ငါ​နှင့်​အ​တူ​ကူ​ညီ​ကြ​ပါ​ဟု နှိုး​ဆော်​သည်​အ​တိုင်း၊ ယေ​ရု​ရှ​လင်​မင်း​ကြီး၊ ဟေ​ဗြုန်​မင်း​ကြီး၊ ယာ​မုတ်​မင်း​ကြီး၊ လာ​ခိ​ရှ​မင်း​ကြီး၊ ဧ​ဂ​လုန်​မင်း​ကြီး​တည်း​ဟူ​သော အာ​မော​ရိ​မင်း​ကြီး​ငါး​ပါး​တို့​သည် စည်း​ဝေး၍ မိ​မိ​တို့​ဗိုလ်​ပါ​စစ်​သည် အ​ပေါင်း​တို့​နှင့်​တ​ကွ စစ်​ချီ၍၊ ဂိ​ဗောင်​မြို့​ရှေ့​မှာ​တပ်​ချ​လျက် စစ်​တိုက်​ကြ၏။ ဂိ​ဗောင်​မြို့​သား​တို့​သည် ယော​ရှု​ရှိ​ရာ ဂိ​လ​ဂါ​လ​မြို့​သို့ စေ​လွှတ်၍၊ ကိုယ်​တော်၏​ကျွန်​တို့​ကို​ကြည့်​ရှု​လျက် နေ​တော်​မ​မူ​ပါ​နှင့်။ အ​လျင်​အ​မြန်​ကြွ၍ မ​စ​ကယ်​တင်​တော်​မူ​ပါ။ တောင်​ပေါ်​မှာ​နေ​သော အာ​မော​ရိ​မင်း​ကြီး​အ​ပေါင်း​တို့​သည် ကျွန်​တော်​တို့​ကို​တိုက်​ခြင်း​ငှာ စည်း​ဝေး​ကြ​ပါ​ပြီ​ဟု လျှောက်​ကြ၏။ ယော​ရှု​သည်​လည်း၊ စစ်​မှု၌​ကျင်​လည်​သော​သူ၊ ခွန်​အား​ကြီး​သော သူ​ရဲ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဂိ​လ​ဂါ​လ​မြို့​မှ တက်​သွား​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ​တို့​ကို မ​ကြောက်​နှင့်။ သင်၏​လက်၌ ငါ​အပ်​မည်။ သင့်​ရှေ့​မှာ လူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ခံ​မ​ရပ်​နိုင်​ရာ​ဟု ယော​ရှု​အား​မိန့်​တော်​မူ၏။ ယော​ရှု​သည် ဂိ​လ​ဂါ​လ​မြို့​မှ တစ်​ည​လုံး​ချီ​သွား၍၊ ရန်​သူ​တို့​ကို အ​မှတ်​တ​မဲ့​တိုက်​လာ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ​ရှုံး​စေ၍၊ ဂိ​ဗောင်​မြို့​အ​နား​မှာ ကြီး​စွာ​သော​လုပ်​ကြံ​ခြင်း​အား​ဖြင့်​သတ်၍၊ ဗေ​သော​ရုံ​မြို့​သို့​သွား​သော​လမ်း၌ လိုက်​လျက်၊ အ​ဇေ​ကာ​မြို့၊ မ​က္က​ဒါ​မြို့​တိုင်​အောင် လုပ်​ကြံ​တော်​မူ၏။ ထို​သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ရှေ့​မှာ​ပြေး၍ ဗေ​သော​ရုန်​မြို့​သို့ ဆင်း​သွား​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​မှ ကြီး​စွာ​သော မိုး​သီး​ကို အ​ဇေ​ကာ​မြို့​တိုင်​အောင် သူ​တို့​အ​ပေါ်၌ ချ​တော်​မူ၍၊ သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့၏ ဓား​ကြောင့်​သေ​သည်​ထက် မိုး​သီး​ကြောင့် သာ၍​သေ​ကြ၏။ ထို​သို့ အာ​မော​ရိ​လူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ အပ်​တော်​မူ​သော​နေ့​မှာ၊ ယော​ရှု​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​ပြီး​လျှင်၊ အို နေ သင်​သည်​ဂိ​ဗောင်​မြို့၌​လည်း​ကောင်း၊ အို လ သင်​သည်​အာ​ယ​လုန်​ချိုင့်၌​လည်း​ကောင်း ငြိမ်​ဝပ်​စွာ​နေ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ရှေ့​တွင် မြွက်​ဆို​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရန်​သူ​တို့​အား အ​ပြစ်​ဒဏ်​မ​ပေး​မီ​တိုင်​အောင် နေ​သည် ငြိမ်​ဝပ်​စွာ​နေ၍ လ​သည်​ရပ်​လေ၏။ ယာ​ရှာ၏​စာ၌​ပါ​သည်​ကား၊ မိုး​ကောင်း​ကင်​အ​လယ်၌ နေ​သည်​ရပ်​နေ၏။ ဝင်​မြဲ​ဝင်​အံ့​သော​ငှာ တစ်​နေ့​လုံး​အ​လျှင်း​မ​ပြု​ဟု ပါ​သည်​မ​ဟုတ်​လော။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​စ​ကား​ကို နား​ထောင်၍၊ ထို​သို့​သော​နေ့​တစ်​နေ့​မျှ မ​ဖြစ်​စ​ဖူး။ နောက်​တစ်​ဖန်​လည်း​မ​ဖြစ်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ဘက်​မှာ စစ်​တိုက်​တော်​မူ၏။ ထို​နောက်၊ ယော​ရှု​သည်၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဂိ​လ​ဂါ​လ​တပ်​သို့ ပြန်​သွား၏။