YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောလ 3:1-21

ယောလ 3:1-21 JBMLE

ထို​နေ့​ရက်​ကာ​လ၌ အ​ထက်​က သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ငါ​ဆောင်​ခဲ့​ပြန်​သော​အ​ခါ၊ ခပ်​သိမ်း​သော လူ​မျိုး​တ​ကာ​တို့​ကို ငါ​သည် စု​ဝေး​စေ၍ ယော​ရှ​ဖတ်​ချိုင့်​သို့ ခေါ်​ခဲ့​မည်။ သူ​တို့​သည် ငါ့​ပြည်​ကို ဝေ​ဖန်၍ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​တွင် ကွဲ​ပြား​စေ​သော ငါ၏​အ​မွေ​လူ​ဣ​သ​ရေ​လ​အ​မျိုး​ဘက်​မှာ ငါ​သည် တ​ရား​စီ​ရင်​မည်။ သူ​တို့​သည် ငါ၏​လူ​တို့​အ​ဖို့ စာ​ရေး​တံ​ချ​ကြ​ပြီ။ လူ​က​လေး​ကို ပြည်​တန်​ဆာ​နှင့်​လည်း​ကောင်း၊ မိန်း​မ​က​လေး​ကို မိ​မိ​သောက်​စ​ရာ စ​ပျစ်​ရည်​နှင့်​လည်း​ကောင်း ဖ​လှယ်​ကြ​ပြီ​တ​ကား။ အို​တု​ရု​မြို့၊ ဇိ​ဒုန်​မြို့၊ ပါ​လေ​တ္တိ​န​ပြည်​နှင့် နီး​စပ်​သော​အ​ရပ်​ရှိ​သ​မျှ​တို့၊ သင်​တို့​သည် ငါ​နှင့်​အ​ဘယ်​သို့ ဆိုင်​ကြ​သ​နည်း။ ငါ့​ကို ရန်​တုံ့​ပြု​ကြ​မည်​လော။ ငါ့​ကို ရန်​တုံ့​ပြု​ကြ​လျှင်၊ ထို​ရန်​ကို သင်​တို့​ခေါင်း​ပေါ်​သို့ အ​လျင်​အ​မြန် ငါ​ပြန်​ရောက်​စေ​မည်။ သင်​တို့​သည် ငါ့​ရွှေ​ငွေ​ကို​ယူ၍၊ ငါ​နှစ်​သက်​ဖွယ်​သော ဥ​စ္စာ​မြတ်​တို့​ကို သင်​တို့​ဘုံ​ဗိ​မာန်​ထဲ​သို့ သွင်း​သော​ကြောင့်​လည်း​ကောင်း၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို​နေ​ရင်း​ပြည်​မှ အ​ဝေး​သို့ ပြောင်း​စေ​လို​သော​ငှာ၊ ဟေ​လ​သ​အ​မျိုး​သား​တို့​အား ရောင်း​လိုက်​သော​ကြောင့်​လည်း​ကောင်း၊ သင်​တို့ ရောင်း​လိုက်​ရာ​အ​ရပ်​မှ ငါ​သည်​ထ​မြောက်၍၊ သင်​တို့ ရန်​တုံ့​ပြု​ခြင်း​ကို သင်​တို့​ခေါင်း​ပေါ်​သို့ ပြန်​ရောက်​စေ​မည်။ သင်​တို့ သား​သ​မီး​များ​ကို​လည်း ယု​ဒ​အ​မျိုး​သား​တို့၌​ငါ​ရောင်း၍၊ သူ​တို့​သည် တစ်​ဖန်​ဝေး​သော​အ​မျိုး၊ ရှေ​ဘ​ပြည်​သား​တို့၌ ရောင်း​လိုက်​ကြ​လိမ့်​မည်။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြီ။ ဤ​အ​မှု​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ကြား​ပြော​ကြ​လော့။ စစ်​တိုက်​ခြင်း​ငှာ ပြင်​ဆင်၍ စစ်​သူ​ရဲ​တို့​ကို နှိုး​ဆော်​ကြ​လော့။ စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်၍ တက်​လာ​ကြ​စေ။ သံ​ထွန်​သွား​များ​ကို ဓား​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တံ​စဉ်​များ​ကို လှံ​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ထု​လုပ်​ကြ​လော့။ အား​နည်း​သော​သူ​က၊ ငါ​အား​ကြီး​သည်​ဟု ပြော​ဆို​စေ။ ပတ်​လည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့၊ စု​ဝေး၍ လာ​ကြ​လော့။ သင်း​ဖွဲ့​ကြ​လော့။ စု​ဝေး​ရာ​အ​ရပ်၌ သင်​တို့​သူ​ရဲ​များ​ကို ထာ​ဝ​ရ​ဘု​ရား​နှိမ့်​ချ​တော်​မူ​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် ထ၍ ယော​ရှ​ဖတ်​ချိုင့်​သို့ တက်​လာ​ကြ​စေ။ ပတ်​လည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ထို​အ​ရပ်၌ ငါ​ထိုင်​မည်။ ရိတ်​စ​ရာ​စ​ပါး မှည့်​သော​ကြောင့် တံ​စဉ်​ကို လွှတ်​ကြ​လော့။ စ​ပျစ်​သီး နယ်​ရာ​တန်​ဆာ​ပြည့်၍၊ စ​ပျစ်​ရည်​ကျင်း​တို့​သည် လျှံ​သော​ကြောင့် လာ​ကြ။ ဆင်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​သည် ကြီး​လှ၏။ ကွပ်​မျက်​ရာ​ချိုင့်၌ လူ​များ​စည်း​ဝေး​လျက်၊ လူ​များ​စည်း​ဝေး​လျက် ရှိ​ကြ၏။ ကွပ်​မျက်​ရာ​ချိုင့်၌ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် ရောက်​လု​နီး​ပြီ။ နေ​နှင့် လ​သည် မိုက်​လိမ့်​မည်။ ကြယ်​တို့​သည်​လည်း မ​ထွန်း​လင်း​ဘဲ နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဇိ​အုန်​တောင်​ပေါ်​က ကြွေး​ကြော်၍၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က အ​သံ​ကို​လွှင့်​တော်​မူ​သ​ဖြင့်၊ မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​သည် တုန်​လှုပ်​လိမ့်​မည်။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့၏​ခို​လှုံ​ရာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ​လိမ့်​မည်။ ငါ​သည်​လည်း ငါ၏​သန့်​ရှင်း​သော ဇိ​အုန်​တောင်​ပေါ်​မှာ နေ​သော သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း သန့်​ရှင်း​လိမ့်​မည်။ နောက်​တစ်​ဖန် ထို​မြို့​ကို တစ်​ပါး​အ​မျိုး​သား မ​နင်း​ရ။ ထို​ကာ​လ၌ ချို​သော စ​ပျစ်​ရည်​သည် တောင်​တို့​မှ ယို​လိမ့်​မည်။ နို့​ရည်​သည် ကုန်း​တို့​မှ ထွက်​လိမ့်​မည်။ ယု​ဒ​မြစ်​ရှိ​သ​မျှ​တို့​သည် ရေ​စီး​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ထဲ​က စမ်း​ရေ​ထွက်၍ ရှိ​တ္တိမ်​ချိုင့်​ကို စို​စေ​လိမ့်​မည်။ ယု​ဒ​ပြည်၌ အ​ပြစ်​မ​ရှိ​သော​သူ​တို့​ကို သတ်၍ ယု​ဒ​အ​မျိုး​သား​တို့​ကို ညှဉ်း​ဆဲ​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​သည် လူ​ဆိတ်​ညံ​လျက် ရှိ​လိမ့်​မည်။ ဧ​ဒုံ​ပြည်​သည်​လည်း လူ​ဆိတ်​ညံ​သော တော​ဖြစ်​လိမ့်​မည်။ ယု​ဒ​ပြည်​မူ​ကား၊ ထာ​ဝ​ရ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​မူ​ကား၊ ကာ​လ​အ​စဉ်​အ​ဆက်​တည်​သော မြို့​ဖြစ်​လိမ့်​မည်။ ထို​မြို့​သား​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သော​အ​ပြစ်​ကြောင့်၊ ငါ​သည် မ​ပေး​သေး​သော​ဒဏ်​ကို တစ်​ဖန်​ပေး​ဦး​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ​သ​တည်း။ ပ​ရော​ဖက်​ယော​လ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။