YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောလ 2:18-32

ယောလ 2:18-32 JBMLE

သို့​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ပြည်​တော်​ကို မ​စ​ချင်​သော စိတ်​အား​ကြီး၍ မိ​မိ​လူ​တို့​ကို ကယ်​မ​သ​နား​တော်​မူ​လိမ့်​မည်။ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် ထူး​တော်​မူ​လျက်၊ ငါ​သည် ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ကို ပေး​လိုက်၍ သင်​တို့​သည် ဝ​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် တစ်​ပါး​အ​မျိုး​သား ကဲ့​ရဲ့​ရာ​ဖြစ်​စေ​ခြင်း​ငှာ ငါ​မ​ပြု။ မြောက်​မျက်​နှာ တပ်​သား​တို့​ကို သင်​တို့​နေ​ရာ​မှ ငါ​ပယ်​ရှား​မည်။ အ​ဘယ်​သူ​မျှ မ​ရှိ၊ သွေ့​ခြောက်​သော အ​ရပ်​သို့ နှင်​ထုတ်​မည်။ အ​ရှေ့​ပင်​လယ်​ကို မျက်​နှာ​ပြု​လျက်၊ အ​နောက်​ပင်​လယ်​ကို ကျော​ခိုင်း​လျက် ချီ​သွား​လိမ့်​မည်။ ပုပ်​စပ်​နံ​စော်​သော အ​နံ့​ထွက်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​သော အ​မှု​တို့​ကို ပြု​တော်​မူ​မည်​ဟု မိန့်​တော်​မူ​လိမ့်​မည်။ အို ပြည်​တော်၊ မ​စိုး​ရိမ်​နှင့်။ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​သော​အ​မှု​တို့​ကို ပြု​တော်​မူ​မည်။ အို တော​သား​ရဲ​တို့၊ မ​စိုး​ရိမ်​ကြ​နှင့်။ တော​မြက်​ပင် ပေါက်​လျက်၊ သစ်​ပင်​တို့​သည် အ​သီး​ကို​သီး​လျက်၊ သင်္ဘော​သ​ဖန်း​ပင်​နှင့် စ​ပျစ်​နွယ်​ပင်​တို့​လည်း အား​ထုတ်​လျက် ရှိ​ကြ၏။ အို ဇိ​အုန်​မြို့​သား​တို့၊ ဝမ်း​မြောက်၍ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု​လျက် ရွှင်​လန်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဓ​မ္မ​ဆ​ရာ​ကို ပေး​တော်​မူ၍ အ​စ​အ​ဦး၌​လည်း အ​ရင်​မိုး​နှင့် နောက်​မိုး​ကို သင်​တို့​အ​ပေါ်​မှာ ရွာ​စေ​တော်​မူ​မည်။ ကောက်​နယ်​တ​လင်း​တို့​သည် စ​ပါး​နှင့်​ပြည့်၍၊ အ​သီး​နယ်​ရာ ကျင်း​တို့၌​လည်း စ​ပျစ်​ရည်​နှင့် ဆီ လျှံ​ကြ​လိမ့်​မည်။ အ​ရာ​ဘ​ကျိုင်း၊ ယာ​လက်​ကျိုင်း၊ ခါ​သိ​လ​ကျိုင်း၊ ဂါ​ဇံ​ကျိုင်း​တည်း​ဟူ​သော ငါ​စေ​လွှတ်​သော ငါ၏​မ​ဟာ​ဗိုလ်​ခြေ​တို့ ကိုက်​စား​သော နှစ်​ပေါင်း​ကာ​လ​ကို ငါ​ပြန်​ပေး​မည်။ သင်​တို့​သည် ဝ​စွာ စား​ရ​ကြ​လိမ့်​မည်။ အံ့​ဩ​ဖွယ်​သော အ​မှု​တို့​ကို သင်​တို့၌​ပြု​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် ငါ၏​လူ​တို့​သည်​လည်း ရှက်​ကြောက်​ခြင်း မ​ရှိ​ရ​ကြ။ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၏​အ​လယ်၌ ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ခြား​သော​ဘု​ရား မ​ရှိ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၏​ဘု​ရား​သ​ခင် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း သင်​တို့ သိ​ရ​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် ငါ၏​လူ​တို့​သည် ရှက်​ကြောက်​ခြင်း မ​ရှိ​ရ​ကြ။ ထို​နောက်​မှ လူ​မျိုး​တ​ကာ​တို့ အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း​မည်။ သင်​တို့၏ သား​သ​မီး​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သော​သူ​တို့​သည် နိ​မိတ်​အိပ်​မက်​တို့​ကို မြင်​မက်​ရ​ကြ​လိမ့်​မည်။ အ​သက်​ငယ်​သော သူ​တို့​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို မြင်​ရ​ကြ​လိမ့်​မည်။ ငါ၏​အ​မှု​ကို​ဆောင်​ရွက်​သော ယောက်ျား​မိန်း​မ​တို့​အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း၍၊ သူ​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ မိုး​ကောင်း​ကင်၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​ရာ​တည်း​ဟူ​သော သွေး၊ မီး​လျှံ၊ မီး​ခိုး​တိုင်​တို့​ကို ငါ​ပြ​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ကြောက်​မက်​ဖွယ်​သော နေ့​ကြီး​မ​တိုင်​မီ၊ နေ​သည် မှောင်​မိုက်​အ​တိ ဖြစ်​လိမ့်​မည်။ လ​သည်​လည်း သွေး​ဖြစ်​လိမ့်​မည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း ဇိ​အုန်​တောင်၊ ယေ​ရု​ရှ​လင်​မြို့၌၊ ထာ​ဝ​ရ​ဘု​ရား ခေါ်​တော်​မူ​သော​သူ အ​ကျန်​အ​ကြွင်း​တို့​အ​ဖို့ ကယ်​တင်​ခြင်း​အ​ခွင့် ရှိ​ရ​လ​တ္တံ့။

​ယောလ 2:18-32 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။