YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောလ 2:12-14

ယောလ 2:12-14 JBMLE

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယ​ခု​တွင် အ​စာ​ရှောင်​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​နှင့်​တ​ကွ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ငါ့​ထံ​သို့ ပြန်​လာ​ကြ​လော့။ အ​ဝတ်​ကို မ​ဆုတ်​ဘဲ နှ​လုံး​ကို​ဆုတ်​လျက်၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြန်​လာ​ကြ​လော့။ ချစ်​သ​နား​ခြင်း မေ​တ္တာ​က​ရု​ဏာ​နှင့် ပြည့်​စုံ၍ စိတ်​ရှည်​သော​သ​ဘော၊ အ​လွန် ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော၊ အ​ပြစ်​ပေး​ခြင်း​ကို နောင်​တ​ရ​တတ်​သော​သ​ဘော ရှိ​တော်​မူ၏။ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့် သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရန် ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် တစ်​ဖန် ပြန်​လာ၍ နောင်​တ​ရ​ပြီး​လျှင်၊ ကောင်း​ကြီး​မင်္ဂ​လာ​ကို ထား​ရစ်​စေ​တော်​မူ​မည် မ​မူ​မည်​ကို အ​ဘယ်​သူ​သိ​နိုင်​သ​နည်း။

​ယောလ 2:12-14 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။