YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 41:1-6

ယောဘ 41:1-6 JBMLE

လ​ဝိ​သန်​ကို ငါး​မျှား​နှင့်​ဆွဲ​ယူ၍၊ သူ၏​လျှာ​ကို ကြိုး​နှင့်​နှိပ်​နင်း​မည်​လော။ သူ့​ကို နှာ​ရှုတ်​တပ်၍၊ ပါး​ရိုး၌ သံ​ကွင်း​လျှို​မည်​လော။ သူ​သည် သင့်​ကို​များ​စွာ တောင်း​ပန်​လိမ့်​မည်​လော။ ချော့​မော့​သော​စ​ကား​ကို ပြော​လိမ့်​မည်​လော။ သင်​နှင့် ဝန်​ခံ​ခြင်း​ပ​ဋိ​ညာဉ်​ကို ပြု​လိမ့်​မည်​လော။ သင်၏​အ​မှု​ကို အ​စဉ်​ဆောင်​ရွက်​စေ​ခြင်း​ငှာ သူ့​ကို​ခန့်​ထား​မည်​လော။ ငှက်​နှင့်​က​စား​သ​ကဲ့​သို့ သူ​နှင့် က​စား​မည်​လော။ သင်၏​မိန်း​မ​က​လေး​တို့​အ​ဖို့ သူ့​ကို ချည်​နှောင်​မည်​လော။ သင်၏​အ​ပေါင်း​အ​ဖော်​တို့​သည် သူ့​ကို​ဝိုင်း၍ စား​သောက်​ပွဲ​ခံ​ကြ​လိမ့်​မည်​လော။ ကုန်​သည်​တို့​တွင် ဝေ​ကြ​လိမ့်​မည်​လော။