ယောဘ 41:1-6
ယောဘ 41:1-6 Judson Bible (JBMLE)
လဝိသန်ကို ငါးမျှားနှင့်ဆွဲယူ၍၊ သူ၏လျှာကို ကြိုးနှင့်နှိပ်နင်းမည်လော။ သူ့ကို နှာရှုတ်တပ်၍၊ ပါးရိုး၌ သံကွင်းလျှိုမည်လော။ သူသည် သင့်ကိုများစွာ တောင်းပန်လိမ့်မည်လော။ ချော့မော့သောစကားကို ပြောလိမ့်မည်လော။ သင်နှင့် ဝန်ခံခြင်းပဋိညာဉ်ကို ပြုလိမ့်မည်လော။ သင်၏အမှုကို အစဉ်ဆောင်ရွက်စေခြင်းငှာ သူ့ကိုခန့်ထားမည်လော။ ငှက်နှင့်ကစားသကဲ့သို့ သူနှင့် ကစားမည်လော။ သင်၏မိန်းမကလေးတို့အဖို့ သူ့ကို ချည်နှောင်မည်လော။ သင်၏အပေါင်းအဖော်တို့သည် သူ့ကိုဝိုင်း၍ စားသောက်ပွဲခံကြလိမ့်မည်လော။ ကုန်သည်တို့တွင် ဝေကြလိမ့်မည်လော။
ယောဘ 41:1-6 Common Language Bible (BCL)
လဝိသန်ကိုငါးမျှားနှင့် ဆွဲယူ၍၊ သူ၏လျှာကို ကြိုးနှင့်နှိပ်နင်းမည်လော။ သူ့ကို နှာရှုတ်တပ်၍၊ ပါးရိုး၌သံကွင်းလျှိုမည် လော။ သူသည်သင့်ကိုများစွာ တောင်းပန်လိမ့်မည် လော။ ချော့မော့သောစကားကို ပြောလိမ့်မည်လော။ သင်နှင့်ဝန်ခံခြင်း ပဋိညာဉ်ကို ပြုလိမ့်မည် လော။ သင်၏အမှုကို အစဉ်ဆောင်ရွက်စေခြင်းငှါ သူ့ကို ခန့်ထားမည်လော။ ငှက်နှင့်ကစားသကဲ့သို့ သူနှင့်ကစားမည်လော။ သင်၏မိန်းမကလေးတို့အဘို့ သူ့ကိုချည်နှောင်မည်လော။ သင်၏အပေါင်းအဘော်တို့သည် သူ့ကိုဝိုင်း၍ စားသောက်ပွဲခံကြလိမ့်မည်လော။ ကုန်သည်တို့တွင် ဝေကြလိမ့်မည်လော။
ယောဘ 41:1-6 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
လဝိသန်ကို ငါးမျှားချိတ်ဖြင့် သင်ဆွဲယူနိုင်သလော။ သူ့လျှာကို ကြိုးနှင့်ချည်ထားနိုင်သလော။ သူ့နှာခေါင်းထဲသို့ ကြိုးလျှိုသွင်းနိုင်သလော။ သူ့မေးရိုးကို သံချိတ်နှင့် ဖောက်နိုင်သလော။ သူသည် သင့်ကို အကြိမ်ပေါင်းများစွာအသနားခံလိမ့်မည်လော။ သင့်ကို ညင်သာစွာပြောဆိုလိမ့်မည်လော။ သူ့ကို ကျွန်အဖြစ် တစ်သက်လုံးသိမ်းပိုက်ရန် သူသည် သင်နှင့် ပဋိညာဉ်ပြုမည်လော။ ငှက်နှင့်ဆော့ကစားသကဲ့သို့ သူနှင့် ဆော့ကစားနိုင်မည်လော။ လုံမပျိုတို့အဖို့ သူ့ကို သင်ဖမ်းချည်ပေးနိုင်မည်လော။ ဈေးသည်တို့သည် သူ့ကိုအရောင်းအဝယ်လုပ်ကြမည်လော။ ကုန်သည်တို့သည် သူ့ကို ခွဲဝေယူကြမည်လော။