YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 40

40
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ အ​န​န္တ​တန်​ခိုး​ရှင်​ကို ဆုံး​မ​သော​သူ​သည် ဆန့်​ကျင်​ဘက်​ပြု​ဦး​မည်​လော။ 2ဘု​ရား​သ​ခင်​ကို အ​ပြစ်​တင်​သော​သူ​သည် ပြန်​ပြော​စေ​တော့​ဟု ယော​ဘ​အား​မိန့်​တော်​မူ​လျှင်၊
ယော​ဘ၏​တုံ့​ပြန်​ချက်
3ယော​ဘ​က အ​ကျွန်ုပ်​သည် ဆိုး​ယုတ်​ပါ၏။ 4ကိုယ်​တော်​အား အ​ဘယ်​သို့ ပြန်​လျှောက်​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည် ကိုယ်​နှုတ်​ကို ကိုယ်​လက်​နှင့် ပိတ်​ပါ​မည်။ 5တစ်​ကြိမ် ပြော​မိ​ပါ​ပြီ။ တစ်​ဖန် မ​ပြော​ဝံ့​ပါ။ နှစ်​ကြိမ်​တိုင်​အောင် ပြော​မိ​ပါ​ပြီ။ သို့​ရာ​တွင် ထပ်၍​မ​ပြော​ဝံ့​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား​အား ပြန်၍​လျှောက်​လေ၏။
ဘု​ရား​သ​ခင်၏​စိန်​ခေါ်​ချက်
6တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မိုး​သက်​မုန်​တိုင်း​ထဲ​က ယော​ဘ​အား မိန့်​တော်​မူ​သည်​ကား၊ 7လူ​ယောက်ျား​ကဲ့​သို့ သင်၏​ခါး​ကို​စည်း​လော့။ ငါ​မေး​မြန်း​သော ပြဿ​နာ​တို့​ကို ဖြေ​လော့။ 8သင်​သည် ငါ​တ​ရား​စီ​ရင်​ချက်​ကို ပယ်​မည်​လော။ သင်​သည် ကိုယ်​တိုင်​ဖြောင့်​မတ်​ဟန် ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို​အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်​မည်​လော။ 9သင်​သည် ဘု​ရား​သ​ခင်၏ လက်​ရုံး​ကဲ့​သို့​သော လက်​ရုံး​ရှိ​သ​လော။ ဘု​ရား​သ​ခင်၏ အ​သံ​ကဲ့​သို့​သော​အ​သံ​နှင့် မိုး​ချုန်း​နိုင်​သ​လော။ 10ထူး​ဆန်း​သော ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ကို ဝတ်​ဆောင်​လော့။ တင့်​တယ်​သော​ဂုဏ်​အ​သ​ရေ​နှင့် တန်​ဆာ​ဆင်​လော့။ 11သင်၏​အ​မျက်​အ​ရှိန်​ကို လွှတ်​လော့။ မာ​န​ထောင်​လွှား​သော သူ​အ​ပေါင်း​တို့​ကို ကြည့်​ရှု၍ နှိမ့်​ချ​လော့။ 12မာ​န​ထောင်​လွှား​သော သူ​အ​ပေါင်း​တို့​ကို ကြည့်​ရှု၍ ရှုတ်​ချ​လော့။ အ​ဓ​မ္မ​လူ​တို့​ကို နှိပ်​နင်း၍၊ 13သူ​တို့​ကို​မြေ​မှုန့်၌ တစ်​စု​တည်း ဝှက်​ထား​လော့။ သူ​တို့​မျက်​နှာ​များ​ကို မှောင်​မိုက်၌ ဖုံး​အုပ်​လော့။ 14သို့​ပြု​လျှင် သင်၏​လက်​ယာ​လက်​ရုံး​သည် သင့်​ကို ကယ်​တင်​နိုင်​သည်​ဟု ငါ​ဝန်​ခံ​မည်။
15သင်​နှင့်​အ​တူ ငါ​ဖန်​ဆင်း​သော ဗေ​ဟ​မုတ်​မြင်းကို ကြည့်​ရှု​လော့။ နွား​ကဲ့​သို့ မြက်​ကို​စား​တတ်၏။ 16သူ၏​တန်​ခိုး​သည် ခါး၌​လည်း​ကောင်း၊ သူ၏​ခွန်​အား​သည် ဝမ်း​ကြော၌​လည်း​ကောင်း တည်​လျက်​ရှိ၏။ 17သူ့​အ​မြီး​သည် အာ​ရဇ်​ပင်​ကဲ့​သို့ လှုပ်​တတ်၏။ ပေါင်​ကြော​တို့​သည် အ​ထပ်​ထပ်​ရှိ​ကြ၏။ 18အ​ရိုး​ငယ်​တို့​သည် ကြေး​ဝါ​ချောင်း၊ အ​ရိုး​ကြီး​တို့​သည် သံ​တုံး​ကဲ့​သို့​ဖြစ်​ကြ၏။ 19ဘု​ရား​သ​ခင်​ဖန်​ဆင်း​သော သ​တ္တ​ဝါ​တို့​တွင် ထူး​ဆန်း​သော သ​တ္တ​ဝါ​ဖြစ်၏။ သူ့​ကို​ဖန်​ဆင်း​သော ဘု​ရား​သာ​လျှင် သူ၏​တံ​စဉ်​ကို​ပေး​ပြီ။ 20မြေ​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့ က​စား​ရာ​တောင်​ရိုး​သည် သူ၏​ကျက်​စား​ရာ​အ​ရပ် ဖြစ်၏။ 21အ​ရိပ်​ကောင်း​သော အ​ပင်​အောက်၊ ကျူ​ပင် ချုံ​ပုတ်​အောက်၊ ရေ​များ​သော​အ​ရပ်၌ နေ​တတ်၏။ 22ထို​အ​ပင်​တို့​သည် အ​ရိပ်​နှင့်​လွှမ်း​မိုး၍ ချောင်း​နား​မိုး​မ​ခ​ပင်​တို့​သည် ဝိုင်း​ကြ၏။ 23မြစ်​ရေ​ထ​သော်​လည်း သူ​သည်​မ​ပြေး​တတ်။ သူ၏​ခံ​တွင်း​ကို ယော်​ဒန်​မြစ်​ရေ ဝှေ့​တိုက်​သော်​လည်း မ​တုန်​မ​လှုပ်​ဘဲ နေ​တတ်၏။ 24ထို​မြင်း​ကို ထင်​ရှား​စွာ​ဖမ်း​ယူ​မည်​လော။ သူ၏​နှာ​ခေါင်း​ကို သံ​ချိတ်​နှင့် ဖောက်​မည်​လော။

လက်ရှိရွေးချယ်ထားမှု

ယောဘ 40: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။