YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 4

4
ဧ​လိ​ဖတ်​မြွက်​ဆို​ခြင်း
1ထို​အ​ခါ တေ​မန်​အ​မျိုး​သား ဧ​လိ​ဖတ်​မြွက်​ဆို​သည်​ကား၊ 2ငါ​တို့​သည် သင်​နှင့်​နှုတ်​ဆက်​စမ်း​လျှင်၊ သင်​သည် စိတ်​ပျက်​ကောင်း​ပျက်​လိမ့်​မည်။ သို့​သော်​လည်း၊ အ​ဘယ်​သူ​သည် စ​ကား​မ​ပြော​ဘဲ နေ​နိုင်​မည်​နည်း။ 3သင်​သည် လူ​အ​များ​တို့​ကို ဆုံး​မ​ပြီ။ လက်​မ​စွမ်း​သော​သူ​တို့​ကို ခိုင်​ခံ့​စေ​ပြီ။ 4သင်၏​စ​ကား​သည် လဲ​လု​သော​သူ​ကို ထောက်​မ​ပြီ။ နုန့်​နဲ့​သော​ဒူး​တို့​ကို​လည်း တည့်​စေ​ပြီ။ 5ယ​ခု​မူ​ကား၊ ကိုယ်​တိုင်​အ​မှု​တွေ့၍ စိတ်​ပျက်၏။ အ​ထိ​အ​ခိုက်​ခံ​ရ​သော​ကြောင့် မိန်း​မော​တွေ​ဝေ​လျက် နေ၏။ 6သင်၏ ရို​သေ​သော​သ​ဘော၊ ယုံ​ကြည်​ကိုး​စား​သော​သ​ဘော၊ မျှော်​လင့်​သော​သ​ဘော၊ တည်​ကြည်​သော​သ​ဘော၊ တ​ရား​သ​ဖြင့် ကျင့်​တတ်​သော​သ​ဘော​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ 7အ​ပြစ်​နှင့်​ကင်း​လွတ်​လျက်​ပင် ပျက်​စီး​ခြင်း​သို့ အ​ဘယ်​သူ​ရောက်​သ​နည်း။ ဖြောင့်​မတ်​သော​သူ​သည် အ​ဘယ်​အ​ရပ်၌ ဆုံး​သ​နည်း​ဟု ဆင်​ခြင်​ပါ​လော့။ 8ငါ​သိ​မြင်​သည်​အ​တိုင်း၊ မ​တ​ရား​သော​လယ်​ထွန်​ခြင်း​ကို ပြု​သော​သူ​နှင့် အ​ဓ​မ္မ​မျိုး​စေ့​ကို ကြဲ​သော​သူ​တို့​သည် ထို​သို့​နှင့်​အ​ညီ စ​ပါး​ရိတ်​တတ်​ကြ၏။ 9ဘု​ရား​သ​ခင် မှုတ်​တော်​မူ​သ​ဖြင့်၊ ထို​သူ​တို့​သည်​ပျက်​စီး၍၊ ရှူ​တော်​မူ​သော အ​သက်​ဖြင့်​လည်း ဆုံး​ရှုံး​ရ​ကြ၏။ 10ခြင်္သေ့​ဟောက်​ခြင်း၊ ကြမ်း​တမ်း​သော ခြင်္သေ့​အ​သံ​မြည်​ခြင်း၊ ခြင်္သေ့​က​လေး​ကိုက်​ဝါး​ခြင်း ငြိမ်း​ရ၏။ 11ဖမ်း၍ စား​စ​ရာ​မ​ရှိ​သော​ကြောင့်၊ ကြမ်း​တမ်း​သော​ခြင်္သေ့​သည် သေ၍၊ ခြင်္သေ့​မ၏​သား​ငယ်​တို့​သည် အ​ရပ်​ရပ် ကွဲ​ပြား​ရ​ကြ၏။
12တစ်​ရံ​ရော​အ​ခါ ငါ​သည် တိတ်​ဆိတ်​စွာ ဗျာ​ဒိတ်​တော်​ကို​ရ၍ တိုး​သော​အ​သံ​ကို ကြား​ရ၏။ 13လူ​တို့​သည်​ကြီး​စွာ​သော အိပ်​ပျော်​ခြင်း​သို့​ရောက်၍၊ ထူး​ဆန်း​သော​ရူ​ပါ​ရုံ ထင်​ရှား​ရာ​ကာ​လ ည​အ​ချိန်၌ ငါ​အောက်​မေ့​စဉ်​တွင်၊ 14ငါ့​အ​ရိုး​များ တုန်​လှုပ်​သည်​တိုင်​အောင်၊ ငါ​အ​လွန်​ကြောက်​အား​ကြီး၍ ထိတ်​လန့်​လျက်​နေ၏။ 15ဝိ​ညာဉ်​တစ်​ပါး​သည် ငါ့​ရှေ့၌ ကန့်​လန့်​လျှောက်​သွား၍၊ ငါ​သည် ကြက်​သီး​မွေး​ညင်း ထ​လေ၏။ 16ထို​ဝိ​ညာဉ်​သည် ရပ်​နေ၍၊ ပုံ​သ​ဏ္ဌာန်​လည်း သေ​ချာ​စွာ​မ​ထင်​မ​ရှား အ​ရိပ်​ကို​သာ ငါ​မြင်​ရ၏။ ငြင်း​သော​အ​သံ​ရှိ၍ ငါ​ကြား​သော​စ​ကား​သံ ဟူ​မူ​ကား၊ 17သေ​တတ်​သော​လူ​သည် ဘု​ရား​သ​ခင့်​ရှေ့​မှာ ဖြောင့်​မတ်​ခြင်း​ရှိ​ရ​သ​လော။ လူ​သ​တ္တ​ဝါ​သည် ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​ရှေ့​မှာ သန့်​ရှင်း​ခြင်း​ရှိ​ရ​သ​လော။ 18အ​မှု​တော်​ထမ်း​တို့​ကို ယုံ​တော်​မ​မူ။ ကောင်း​ကင်​တ​မန်​တော်​တို့၌ စုံ​လင်​ခြင်း​မ​ရှိ​ဟု ထင်​တော်​မူ၏။ 19သို့​ဖြစ်​လျှင် မြေ​မှုန့်၌​တည်၍ မြေ​ထဲ​တွင်​နေ​တတ်​သော သူ​တို့​ကို အ​ဘယ်​ဆို​ဖွယ်​ရှိ​အံ့​နည်း။ ထို​သူ​တို့​ကို ပိုး​ရွ​ပင်​နိုင်​တတ်၏။ 20တစ်​နေ့​ချင်း​တွင် ပျက်​စီး​တတ်​ကြ၏။ အ​ဘယ်​သူ​မျှ ပ​မာ​ဏ​မ​ပြု​ဘဲ အ​စဉ်​ဆုံး​ရှုံး​ခြင်း​သို့ ရောက်​တတ်​ကြ၏။ 21သူ​တို့၏​ဂုဏ်​အ​သ​ရေ ကွယ်​ပျောက်၍ သူ​တို့​သည် ပ​ညာ​မ​ရှိ​ဘဲ သေ​သွား​တတ်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။