သင်သည် တောဆိတ်မွေးရသောကာလကို သိသလော။ သမင်ဒရယ်မ သားဖွားခြင်းဝေဒနာ ခံရသောအချိန်ကို မှတ်နိုင်သလော။ ကိုယ်ဝန်ဆောင်ရသော နေ့လတို့ကိုရေတွက်၍၊ ဖွားရသော အချိန်ကာလကို သိသလော။ သူတို့သည် ကျောကိုင်း၍ သားငယ်ကိုမွေးဖွားသဖြင့် ဝေဒနာငြိမ်းကြ၏။ သားငယ်တို့သည် ကျန်းမာ၍၊ လွင်ပြင်၌ ကြီးပွားတတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန်မလာဘဲ နေတတ်ကြ၏။ တောမြည်းကို အဆီးအတားမရှိစေခြင်းငှာ အဘယ်သူလွှတ်သနည်း။ တောမြင်း၌ ချည်နှောင်ခြင်းကို အဘယ်သူဖြေသနည်း။ တောကို သူ့အိမ်ဖို့လည်းကောင်း၊ လွင်ပြင်ကို သူ့နေရာဖို့လည်းကောင်း ငါခန့်ထားပြီ။ မြို့၌ဖြစ်သော လူတို့၏အသံဗလံကို သူသည် မထီမဲ့မြင်ပြုတတ်၏။ နှင်သောသူ အော်ဟစ်နှိုးဆော်သံကို မမှတ်တတ်။ တောင်ရိုး၌ ကျက်စား၍၊ စိမ်းသောအပင် အမျိုးမျိုးကို ရှာတတ်၏။
ယောဘ 39 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယောဘ 39:1-8
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ