YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 32

32
ဧ​လိ​ဟု၏​ဆုံး​မ​ခြင်း
1ထို​သို့​ယော​ဘ​သည် မိ​မိ​ဖြောင့်​မတ်​သည်​ဟု ထင်​သော​ကြောင့်၊ ထို​သူ​သုံး​ယောက်​တို့​သည် ပြန်၍ မ​ပြော​ဘဲ​နေ​ကြ၏။ 2ထို​အ​ခါ ဗု​ဇ​အ​မျိုး အာ​ရ​အ​နွယ်​ဖြစ်​သော ဗာ​ရ​ခေ​လ​သား​ဧ​လိ​ဟု​သည် အ​မျက်​ထွက်၏။ ယော​ဘ​သည် ဘု​ရား​သ​ခင်​ထက် မိ​မိ​ဖြောင့်​မတ်​ကြောင်း​ကို ပြ​သော​ကြောင့်၊ ယော​ဘ​ကို အ​မျက်​ထွက်၏။ 3ယော​ဘ၏ အ​ဆွေ​ခင်​ပွန်း​သုံး​ယောက်​တို့​သည် ပြန်၍​မ​ပြော​နိုင်​သော်​လည်း၊ ယော​ဘ၌ အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်​ကြ​သော​ကြောင့်၊ သူ​တို့​ကို​လည်း အ​မျက်​ထွက်၏။ 4ဧ​လိ​ဟု​သည် သူ​တို့​ထက် အ​သက်​ငယ်​သော​ကြောင့်၊ ယော​ဘ​ပြော​သော စ​ကား​မ​ကုန်​မီ​တိုင်​အောင် ဆိုင်း​လင့်​လျက်​နေ၏။ 5ထို​သူ​သုံး​ယောက်​တို့​သည် ပြန်၍​ပြော​စ​ရာ​စ​ကား မ​ရှိ​ကြောင်း​ကို သိ​မြင်​သော​အ​ခါ အ​မျက်​ထွက်​လေ၏။ 6ထို​အ​ခါ ဗု​ဇ​အ​မျိုး ဗာ​ရ​ခေ​လ​သား​ဧ​လိ​ဟု မြွက်​ဆို​သည်​ကား၊ ငါ​သည် အ​သက်​ငယ်​ပါ၏။ သင်​တို့​သည် အ​လွန်​အ​သက်​ကြီး​ပါ၏။ ထို​ကြောင့် ငါ​သည်​ကြောက်၍ ကိုယ်​သ​ဘော​ကို​မ​ပြ​ဝံ့​ဘဲ နေ​ပါ​ပြီ။ 7နေ့​ရက်​ကာ​လ တာ​ရှည်​သော​သူ​သည် စ​ကား​ပြော​အပ်၏။ နှစ်​ပေါင်း​များ​စွာ လွန်​သော​သူ​သည် ပ​ညာ​ကို သွန်​သင်​အပ်၏။ 8သို့​ရာ​တွင် လူ​ထဲ၌​ဝိ​ညာဉ်​ရှိ၏။ ဘု​ရား​သ​ခင် အ​သက်​ရှင်​စေ​တော်​မူ​သ​ဖြင့် ဉာဏ်​ရှိ၏။ 9လူ​ကြီး​တို့​သည် အ​စဉ်​ပ​ညာ​ရှိ​သည်​မ​ဟုတ်။ အ​သက်​ကြီး​သော သူ​အ​ပေါင်း​တို့​သည် မှန်​သော​တ​ရား​ကို နား​လည်​သည်​မ​ဟုတ်။ 10သို့​ဖြစ်၍ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ ငါ​သည် ကိုယ်​သ​ဘော​ကို ပြ​ပါ​မည်။
11သင်​တို့​စ​ကား​ကို ကြား​ရ​အံ့​သော​ငှာ ငါ​ဆိုင်း​လင့်​ပြီ။ သင်​တို့​သည် ပြော​စ​ရာ​ကို​ရှာ​ဖွေ၍ ဆွေး​နွေး​သော​စ​ကား​ကို ငါ​နား​ထောင်​ပြီ။ 12စေ့​စေ့​နား​ထောင်​စဉ်​တွင်၊ ယော​ဘ​ကို အ​ဘယ်​သူ​မျှ​မ​နိုင်။ သူ၏​စ​ကား​ကို အ​ဘယ်​သူ​မျှ​မ​ချေ။ 13သို့​ဖြစ်၍ ငါ​တို့​သည် ပ​ညာ​ကို​ရှာ၍​တွေ့​ပြီ​ဟု သင်​တို့​ဆို​စ​ရာ​မ​ရှိ။ ယော​ဘ​ကို နှိမ့်​ချ​သော​သူ​ကား လူ​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ပေ​တည်း။ 14ယော​ဘ​သည် ငါ့​ကို​ရည်​ဆောင်၍ ပြော​ပြီ​မ​ဟုတ်။ သင်​တို့​ပြန်​ပြော​သည်​အ​တိုင်း ငါ​ပြန်​ပြော​မည် မ​ဟုတ်။ 15ဤ​သူ​တို့​သည် မိန်း​မော​တွေ​ဝေ​လျက်​ပြန်၍ မ​ပြော​ဘဲ တိတ်​ဆိတ်​စွာ နေ​ကြ၏။ 16ငါ​ဆိုင်း​လင့်​သည်​တွင် သူ​တို့​သည် နှုတ်​မ​မြွက်၊ ပြန်၍​မ​ပြော​ဘဲ ငြိမ်​ငြိမ်​နေ​ကြ၏။ 17သို့​ဖြစ်၍ ငါ​သည်​ကိုယ်​အ​တွက် ပြန်​ပြော​မည်။ ကိုယ်​သ​ဘော​ကို ပြ​မည်။ 18ငါ​သည် ပြော​စ​ရာ​စ​ကား​နှင့် ပြည့်​ဝ၏။ အ​တွင်း​ဝိ​ညာဉ်​နှိုး​ဆော်​ခြင်း​ကို ခံ​ရ၏။ 19ငါ့​ဝမ်း​သည် ပိတ်​ဆို့​သော​စ​ပျစ်​ရည်​နှင့် တူ၏။ အ​သစ်​သော​သား​ရေ​ဘူး ကွဲ​လု​သ​ကဲ့​သို့ ဖြစ်၏။ 20ငါ​သည် သက်​သာ​ခြင်း​ငှာ မြွက်​ဆို​ရ​မည်။ နှုတ်​ကို​ဖွင့်၍ ပြန်​ပြော​ရ​မည်။ 21အ​ဘယ်​သူ၏​မျက်​နှာ​ကို​မျှ မ​ထောက်၊ အ​ဘယ်​သူ​ကို​မျှ ချီး​မွမ်း​သော​စ​ကား​နှင့် မ​ချော့​မော့။ 22သူ​တစ်​ပါး​ကို ချီး​မွမ်း​သော​စ​ကား​နှင့် မ​ချော့​မော့​တတ်။ ထို​သို့​ပြု​လျှင်၊ ငါ့​ကို​ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သည် ငါ့​ကို ချက်​ချင်း​ပယ်​ရှား​တော်​မူ​မည်။

လက်ရှိရွေးချယ်ထားမှု

ယောဘ 32: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။