YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 30:20-26

ယောဘ 30:20-26 JBMLE

ကိုယ်​တော်​အား အ​ကျွန်ုပ်​အော်​ဟစ်​သော်​လည်း ကြား​တော်​မ​မူ။ အ​ကျွန်ုပ်​သည် မတ်​တတ်​နေ​သော်​လည်း မှတ်​တော်​မ​မူ။ အ​ကျွန်ုပ်​ကို ကြမ်း​တမ်း​စွာ​ပြု၍၊ အား​ကြီး​သော​လက်​တော်​နှင့် ညှဉ်း​ဆဲ​တော်​မူ၏။ အ​ကျွန်ုပ်​ကို​ချီ​သွား၍၊ လေ​ကို​စီး​စေ​သ​ဖြင့်၊ အ​ကျွန်ုပ်၏ ကိုယ်​ခ​န္ဓာ​ကို ဖြုတ်​လွှင့်​တော်​မူ၏။ သေ​ခြင်း​သို့​လည်း​ကောင်း၊ အ​သက်​ရှင်​သော​သူ​ခပ်​သိမ်း​တို့​အ​ဖို့ စီ​ရင်​သော​နေ​ရာ​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​မည်​ဟု အ​ကျွန်ုပ်​သိ​ပါ၏။ ဘု​ရား​သ​ခင်​သည် လက်​ဆန့်​တော်​မူ​သော​အ​ခါ၊ တောင်း​ပန်​သော်​လည်း အ​ချည်း​နှီး​ဖြစ်၏။ ဖျက်​ဆီး​တော်​မူ​သော​အ​ခါ၊ အော်​ဟစ်​သော်​လည်း ကျေး​ဇူး​မ​ရှိ။ အ​မှု​ရောက်​သော သူ​အ​တွက် ငါ​ငို​ကြွေး​ဖူး​ပြီ မ​ဟုတ်​လော။ ဆင်း​ရဲ​သော​သူ​အ​တွက် ငါ​စိတ်​နာ​ကြည်း​ဖူး​ပြီ မ​ဟုတ်​လော။ သို့​သော်​လည်း၊ ငါ​သည် ကောင်း​ကျိုး​ကို မျှော်​လင့်​သော​အ​ခါ ဘေး​ရောက်​လာ၏။ အ​လင်း​ကို​တောင့်​တ​သော​အ​ခါ မှောင်​မိုက်​ဖြစ်၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။