YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 26:7-14

ယောဘ 26:7-14 JBMLE

မိုး​ကောင်း​ကင်​ကို လွတ်​လပ်​လ​ဟာ၌ ကြက်​တော်​မူ၏။ မြေ​ကြီး​ကို​အ​ခု​အ​ခံ​မ​ရှိ ဆွဲ​ထား​တော်​မူ၏။ ထူ​ထပ်​သော မိုး​တိမ်​တော်​နှင့် ရေ​ကို​ထုပ်​တော်​မူ၍၊ မိုး​တိမ်​သည် မ​စုတ်​မ​ပြတ်​နေ၏။ မိုး​တိမ်​တော်​ကို​ဖြန့်၍ ပ​လ္လင်​တော်​မျက်​နှာ​ကို ဖုံး​အုပ်​တော်​မူ၏။ အ​လင်း​နှင့်​အ​မိုက်​ဆုံ​မိ​ရာ အ​ပိုင်း​အ​ခြား၌ စ​ကြ​ဝ​ဠာ​ကို ကန့်​ကွက်​တော်​မူ၏။ ဆုံး​မ​တော်​မူ​ခြင်း​ကြောင့်၊ မိုး​ကောင်း​ကင်​တိုင်​တို့​သည် တုန်​လှုပ်၍ မိန်း​မော​တွေ​ဝေ​လျက်​နေ​ကြ၏။ တန်​ခိုး​တော်​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​ကို ဆုံး​မ​တော်​မူ၏။ ပ​ညာ​တော်​အား​ဖြင့်​သူ၏ မာ​န​ကို ချိုး​ဖျက်​တော်​မူ၏။ ဝိ​ညာဉ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​တန်​ဆာ​များ​ကို​ပြင်၍၊ လျင်​မြန်​သော​န​ဂါး​ကို​လည်း ဖန်​ဆင်း​တော်​မူ၏။ ဤ​ရွေ့​ကား၊ အ​မှု​တော်​အ​ရိပ်​အ​မြွက်​သာ ဖြစ်၏။ စ​ကား​တော် အ​သံ​အ​နည်း​ငယ်​ကို​သာ နား​ကြား​ရ၏။ တန်​ခိုး​တော်​မိုး​ကြိုး​သံ​ကို အ​ဘယ်​သူ​နား​လည်​နိုင်​သ​နည်း​ဟု မြွက်​ဆို၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။