YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 22

22
ယော​ဘ၏​အ​ပြစ်​ကြီး၏
1တစ်​ဖန် တေ​မန်​အ​မျိုး​သား ဧ​လိ​ဖတ်​မြွက်​ဆို​သည်​ကား၊ 2လူ​သည် မိ​မိ​ပ​ညာ​အား​ဖြင့် မိ​မိ​အ​ကျိုး​ကို​ပြု​စု​သ​ကဲ့​သို့ ဘု​ရား​သ​ခင်၌ ကျေး​ဇူး​ပြု​နိုင်​သ​လော။ 3သင်၏​ဖြောင့်​မတ်​ခြင်း​အား​ဖြင့်၊ အ​န​န္တ​တန်​ခိုး​ရှင်​သည် ကျေး​ဇူး​ရှိ​တော်​မူ​သ​လော။ သင်၏​အ​ကျင့်၌ အ​ပြစ်​မ​ပါ​ကြောင်း​ကို ထင်​ရှား​စေ​သော​အား​ဖြင့် အ​ကျိုး​စီး​ပွား​ရှိ​တော်​မူ​သ​လော။ 4သင့်​ကို​ကြောက်​ရွံ့​သော​ကြောင့် ဆုံး​မ​ပေး​တော်​မူ​မည်​လော။ သင်​နှင့် တ​ရား​တွေ့​တော်​မူ​မည်​လော။ 5သင်​ပြု​သော​ဒု​စ​ရိုက်​သည် အ​လွန်​ကြီး​သည် မ​ဟုတ်​လော။ သင့်​အ​ပြစ်​တို့​သည် မ​ရေ​တွက်​နိုင်​အောင် များ​ပြား​သည်​မ​ဟုတ်​လော။ 6သင်​သည် ညီ​အစ်​ကို​ပေါင်​ထား​သော ဥ​စ္စာ​ကို မ​တ​ရား​သ​ဖြင့် ခံ​ယူ​ပြီ။ ဆင်း​ရဲ​သော​သူ​တို့၏ အ​ဝတ်​ကို​လည်း ချွတ်​ယူ​ပြီ။ 7မော​သော​သူ​သောက်​ဖို့ ရေ​ကို​မ​ပေး။ ငတ်​မွတ်​သော​သူ​ကို မ​ကျွေး။ 8အား​ကြီး​သော​သူ​မူ​ကား မြေ​ကို​ပိုင်​ရ၏။ ဂုဏ်​အ​သ​ရေ​ရှိ​သော​သူ​သည် နေ​ရ​သော​အ​ခွင့်​ကို​ရ၏။ 9သင်​သည် မု​ဆိုး​မ​တို့​ကို လက်​ချည်း​လွှတ်​လိုက်၍၊ မိ​ဘ​မ​ရှိ​သော သူ​ငယ်​တို့၏​လက်​ကို ချိုး​ပြီ။ 10ထို​ကြောင့် ကျော့​ကွင်း​နှင့် ကျော့​မိ​ပြီ၊ ထိတ်​လန့်​သော​စိတ်​နှင့် ပင်​ပန်း​ရ၏။ 11မ​မြင်​နိုင်​သော​မှောင်​မိုက်​သည် ညှဉ်း​ဆဲ၍၊ ပြင်း​စွာ​စီး​သော​ရေ​သည် လွှမ်း​မိုး​ရ၏။ 12ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘ​ဝဂ်​ပေါ်​မှာ ရှိ​တော်​မူ​သည်​မ​ဟုတ်​လော။ ကြယ်​တို့​သည် အ​ဘယ်​မျှ​လောက် မြင့်​ကြ​သည်​တ​ကား။ 13သို့​ဖြစ်၍​သင်​က၊ ဘု​ရား​သ​ခင်​သည် အ​ဘယ်​သို့​သိ​တော်​မူ​မည်​နည်း။ ထူ​သော​တိမ်​တိုက်​ကွယ်​လျက်​နှင့် စီ​ရင်​တော်​မူ​နိုင်​မည်​လော။ 14မ​မြင်​နိုင်​အောင် ထူ​ထပ်​သော​တိမ်​တို့​သည် ကိုယ်​တော်​ကို လွှမ်း​မိုး​ကြ၏။ ကောင်း​ကင်​စ​ကြ​ဝ​ဠာ​ထိပ်​ပေါ်​မှာ လှည့်​လည်​တော်​မူ​သည်​ဟု ဆို​တတ်၏။ 15ကာ​လ​အ​ချိန်​မ​စေ့​မီ ဖျက်​ဆီး​ခြင်း၊ ရေ​လွှမ်း​မိုး၍၊ 16အ​ခြေ​အ​မြစ်​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​သော​သူ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အား ငါ​တို့​ထံ​မှ ထွက်​သွား​လော့​ဟူ၍​လည်း​ကောင်း၊ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​တို့​အ​ဖို့ အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း​ဟူ၍​လည်း​ကောင်း၊ 17ဆို​တတ်​သော အ​ဓ​မ္မ​လူ​တို့ လိုက်​ဖူး​သော​လမ်း​ဟောင်း​ကို သင်​သည် လိုက်​ဦး​မည်​လော။ 18သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် သူ​တို့​အိမ်​ကို ကောင်း​သော​အ​ရာ​နှင့် ပြည့်​စေ​တော်​မူ၏။ မ​တ​ရား​သော​သူ​တို့၏ အ​ကြံ​အ​စည်​ကို ငါ​သည်​ဝန်​မ​ခံ။ 19ဖြောင့်​မတ်​သော​သူ​တို့​သည် ကြည့်​မြင်၍ ဝမ်း​မြောက်​ကြ၏။ အ​ပြစ်​ကင်း​သော​သူ​တို့​သည် ထို​အ​ဓ​မ္မ​လူ​တို့​ကို ကဲ့​ရဲ့​တတ်​ကြ၏။ 20အ​ကယ်​စင်​စစ် ငါ​တို့​ရန်​သူ​သည် ပျက်​စီး​လေ​ပြီ။ သူ၏​စည်း​စိမ်​ကို မီး​လောင်​လေ​ပြီ​ဟု ဆို​ရ​ကြ၏။
21ဘု​ရား​သ​ခင်​နှင့် အ​ကျွမ်း​ဝင်၍ မိတ်​သ​ဟာ​ယ​ဖွဲ့​လော့။ ထို​သို့​ပြု​မှ ကောင်း​စား​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။ 22နှုတ်​တော်​ထွက်​တ​ရား​ကို ခံ​ယူ၍ စ​ကား​တော်​ကို နှ​လုံး၌​သွင်း​ပါ​လော့။ 23အ​န​န္တ​တန်​ခိုး​ရှင်​ထံ​တော်​သို့ ပြန်​လာ​လျှင်၊ တည်​ဆောက်​ခြင်း​ရှိ​လိမ့်​မည်။ သင့်​အိမ်​မှ​ဒု​စ​ရိုက်​ကို ပယ်​ရှား​လျှင်၊ 24ရွှေ​ကို​မြေ​မှုန့်​ကဲ့​သို့​လည်း​ကောင်း၊ ဩ​ဖိ​ရ​ရွှေ​ကို မြစ်၌​ရှိ​သော ကျောက်​စ​ရစ်​ကဲ့​သို့​လည်း​ကောင်း သို​ထား​ရ​လိမ့်​မည်။ 25ထို​အ​ခါ အ​န​န္တ​တန်​ခိုး​ရှင်​သည် သင်၌​ရွှေ​ရ​တ​နာ၊ သင်​သုံး​ရ​သော ငွေ​ဘ​ဏ္ဍာ​ဖြစ်​တော်​မူ​လိမ့်​မည်။ 26သင်​သည် အ​န​န္တ​တန်​ခိုး​ရှင်၌ မွေ့​လျော်၍၊ ဘု​ရား​သ​ခင်​ကို ဖူး​မြော်​ရ​သော​အ​ခွင့်​ရှိ​လိမ့်​မည်။ 27သင်​ဆု​တောင်း​သော​အ​ခါ နား​ထောင်​တော်​မူ​မည်။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း၊ သ​စ္စာ​ဝတ်​ဖြေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ 28သင်​ကြံ​စည်​သော​အ​ကြံ​အ​စည်​သည် ထ​မြောက်၍၊ သင်​သွား​သော​လမ်း၌ ရောင်​ခြည်​ထွန်း​လိမ့်​မည်။ 29သူ​တစ်​ပါး​တို့​သည် နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊ သင်​က ချီး​မြှောက်​သော​အ​ခွင့်​ရှိ​သည်​ဟု ဆို​ရ​လိမ့်​မည်။ စိတ်​နှိမ့်​ချ​သော​သူ​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ 30အ​ပြစ်​မ​ကင်း​သော​သူ​ကို​ပင် ကယ်​နုတ်​တော်​မူ​လိမ့်​မည်။ သင်​ပြု​သော​အ​မှု သန့်​ရှင်း​သော​အား​ဖြင့် သူ​သည်​ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်​ဟု မြွက်​ဆို၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 22: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ