YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 21

21
အ​ဘယ်​ကြောင့်​လူ​ဆိုး​တို့ အ​ပြစ်​မ​ခံ​ရ​သ​နည်း
1ယော​ဘ​ပြန်၍ မြွက်​ဆို​သည်​ကား၊ 2ငါ့​စ​ကား​ကို​စေ့​စေ့​နား​ထောင်၍ ငါ့​အား​နှစ်​သိမ့်​ခြင်း​ကို ပြု​ကြ​လော့။ 3ငါ​ပြော​ရ​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ သည်း​ခံ​ကြ​လော့။ ငါ​ပြော​ပြီး​မှ ပြက်​ရယ်​ပြု​ချင်​လျှင် ပြု​ကြ​လော့။ 4ငါ​မြည်​တမ်း​သော​အ​ရာ​နှင့် လူ​ဆိုင်​သ​လော။ အ​ဘယ်​ကြောင့် စိတ်​မ​တို​သင့်​သ​နည်း။ 5ငါ့​ကို​ကြည့်​ရှု​လျက် မိန်း​မော​တွေ​ဝေ၍၊ သင်​တို့​ပါး​စပ်​ကို သင်​တို့​လက်​နှင့် ဖုံး​အုပ်​ကြ​လော။ 6ငါ​သည် အောက်​မေ့​သော​အ​ခါ မိန်း​မော​တွေ​ဝေ၍၊ ကိုယ်​အ​သား​သည် တုန်​လှုပ်​လျက်​ရှိ၏။
7လူ​ဆိုး​တို့​သည် အ​သက်​ရှင်​ရုံ​မျှ​မ​က၊ အ​ဘယ်​ကြောင့် အ​သက်​ကြီး၍ ဘုန်း​စည်း​စိမ်​နှင့် ပြည့်​စုံ​ကြ​သ​နည်း။ 8သူ​တို့​သား​သ​မီး​တို့​သည် သူ​တို့​ပတ်​ဝန်း​ကျင်​အ​ရပ်၌​လည်း​ကောင်း၊ သူ​တို့​အ​မျိုး​အ​နွယ်​သည် သူ​တို့​ရှေ့​မှောက်၌​လည်း​ကောင်း နေ​ရာ​ကျ​ကြ၏။ 9သူ​တို့​အိမ်​များ​သည်​လည်း ဘေး​နှင့်​လွတ်၍ ငြိမ်​ဝပ်​ကြ၏။ ဘု​ရား​သ​ခင်​ဒဏ်​ခတ်​တော်​မူ​ခြင်း​နှင့် ကင်း​လွတ်​ကြ၏။ 10သူ​တို့​နွား​လား​သည် မ​ချွတ်​မ​လွှဲ အ​ရွယ်​လိုက်​တတ်၏။ နွား​မ​သည်​လည်း ဝမ်း​ပိုး​မ​ပျက် ဖွား​တတ်၏။ 11သူ​တို့​သူ​ငယ်​များ​ကို သိုး​စု​ကဲ့​သို့​လွှတ်၍၊ သား​သ​မီး​တို့​သည် က​ခုန်​တတ်​ကြ၏။ 12သူ​တို့​သည် ပတ်​သာ​နှင့်​စောင်း​ကို တီး​လျက်၊ သီ​ချင်း​ဆို၍ နှဲ​ခ​ရာ​မှုတ်​သံ​နှင့် ဝမ်း​မြောက်​တတ်​ကြ၏။ 13ပျော်​မွေ့​လျက် အ​သက်​ကာ​လ​ကို လွန်​စေ၍၊ ချက်​ချင်း​သေ​မင်း​နိုင်​ငံ​သို့ ဆင်း​သက်​တတ်​ကြ၏။ 14ဘု​ရား​သ​ခင်​အား​လည်း၊ ငါ့​တို့​ထံ​မှ ထွက်​သွား​လော့။ ကိုယ်​တော်၏​တ​ရား​ကို ငါ​တို့​မ​သိ​လို​ဟူ၍​လည်း​ကောင်း၊ 15အ​န​န္တ​တန်​ခိုး​ရှင်​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ ငါ​တို့​သည် ဝတ်​ပြု​ရ​မည်​နည်း။ သူ့​ကို​ဆု​တောင်း​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​လိမ့်​မည်​နည်း ဟူ၍​လည်း​ကောင်း ဆို​တတ်​ကြ၏။ 16သို့​သော်​လည်း သူ​တို့​သည်​ကိုယ်​စည်း​စိမ်​ကို ကိုယ်​မ​ပိုင်​ကြ။ မ​တ​ရား​သော​သူ​တို့၏ အ​ကြံ​အ​စည်​ကို ငါ​သည် ဝန်​မ​ခံ။ 17မ​တ​ရား​သော​သူ​တို့၏ မီး​ခွက်​သည်​သေ၍၊ သူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် အ​မျက်​တော်​ထွက်​သ​ဖြင့်၊ ဘယ်​နှစ်​ကြိမ်​ဘေး​ဥ​ပဒ်​တို့​ကို စီ​ရင်​တော်​မူ​ဖူး​သည်​ကို​လည်း​ကောင်း၊ 18သူ​တို့​သည် လေ​ရှေ့​မှာ​အ​မှိုက်​နှင့် မုန်​တိုင်း​တိုက်​သွား​သော ဖွဲ​ကဲ့​သို့ ဘယ်​နှစ်​ကြိမ်​ဖြစ်​ဖူး​သည်​ကို​လည်း​ကောင်း၊ 19ဘု​ရား​သ​ခင်​သည် သူ၏​အ​ပြစ်​ကို သူ၏​သား​သ​မီး​တို့​အ​ဖို့ ဘယ်​နှစ်​ကြိမ် သို​ထား​တော်​မူ​ဖူး​သည်​ကို​လည်း​ကောင်း၊ သူ​သည်​ကိုယ်​တိုင်​သိ၍၊ 20ကိုယ်​ပျက်​စီး​ခြင်း​ကို ကိုယ်​မျက်​စိ​နှင့် မြင်​လျက်၊ အ​န​န္တ​တန်​ခိုး​ရှင်၏​အ​မျက်​တော်​ကို သောက်​စိမ့်​သော​ငှာ၊ သူ၏​အ​ပြစ်​ကို ဘယ်​နှစ်​ကြိမ် ဆပ်​ပေး​တော်​မူ​ဖူး​သည်​ကို​လည်း​ကောင်း သိ​မှတ်​ကြ​လော့။ 21သူ​နေ​ရ​သော​နှစ်​လ​စေ့​သော​အ​ခါ၊ သူ့​သား​သ​မီး​တို့၌ ရောက်​သော​အ​မှု​နှင့် သူ​သည် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ 22မြင့်​သော​အ​ရပ်၌ နေ​သော​သူ​တို့​ကို အ​စိုး​ရ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ သွန်​သင်​လိမ့်​မည်​နည်း။ 23တစ်​ယောက်​သော​သူ​ကား ခွန်​အား​နှင့် ပြည့်​စုံ​လျက်၊ ငြိမ်​ဝပ်​ချမ်း​သာ​စွာ သေ​တတ်၏။ 24သူ၏​နံ​ဘေး​တို့​သည် ဆူ​ဖြိုး၍၊ အ​ရိုး​တို့​လည်း​ခြင်​ဆီ​နှင့် စို​စွတ်​ကြ၏။ 25တစ်​ယောက်​သော​သူ​ကား တစ်​ခါ​မျှ​မ​ပျော်​မွေ့၊ စိတ်​ညှိုး​ငယ်​လျက် သေ​တတ်၏။ 26နှစ်​ယောက်​လုံး​တို့​သည် မ​ခြား​မ​နား၊ မြေ​မှုန့်၌​အိပ်၍ တီ​ကောင်​များ ဖုံး​လွှမ်း​ခြင်း​ကို ခံ​ရ​ကြ၏။ 27သင်​တို့​သည် အောက်​မေ့​သော​အ​ရာ၊ ငါ့​ကို မ​နာ​လို​သော​စိတ်​နှင့် ဆင်​ခြင်​သော​အ​ရာ​တို့​ကို ငါ​သိ၏။ 28အာ​ဏာ​ထား​တတ်​သော​သူ၏​အိမ်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ မ​တ​ရား​သော​သူ​တို့၏ ဘုံ​ဗိ​မာန်​တို့​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု သင်​တို့​သည် ဆို​ကြ​လိမ့်​မည်။ 29ခ​ရီး​သွား​သော​သူ​တို့​ကို မ​မေး​ကြ​ဖူး​သ​လော။ 30ဖျက်​ဆီး​ရာ​နေ့​ရက်​ကာ​လ​ဖို့ မ​တ​ရား​သော​သူ​တို့​သည် ယ​ခု​ဘေး​လွတ်​လိမ့်​မည်​အ​ကြောင်း၊ ဒေါ​သ​အ​မျက်​ခံ​ရာ နေ့​ရက်​ကာ​လ​ဖို့ ယ​ခု​ထွက်​မြောက်​လိမ့်​မည် အ​ကြောင်း​တည်း​ဟူ​သော သူ​တို့​လ​က္ခ​ဏာ​သက်​သေ​များ​ကို မ​သိ​ကြ​သ​လော။ 31သူ​ပြု​သော​အ​မှု​ကို သူ့​ရှေ့​မှာ အ​ဘယ်​သူ ဖော်​ပြ​လိမ့်​မည်​နည်း။ သူ၏​အ​ပြစ်​နှင့်​အ​လျောက် အ​ဘယ်​သူ ဆပ်​ပေး​လိမ့်​မည်​နည်း။ 32သူ​သည် သင်္ဂြိုဟ်​ခြင်း​သို့​ရောက်၍၊ သူ၏​သင်္ချိုင်း​ပုံ​ကို အ​စောင့်​ထား​ကြ​လိမ့်​မည်။ 33သူ​သည် ချိုင့်​မြေ​စိုင်​တို့​ကို ချို​နိုး​ထင်​လိမ့်​မည်။ မ​ရေ​တွက်​နိုင်​အောင် များ​စွာ​သော​သူ​တို့​သည် သူ့​ရှေ့၌ သွား​နှင့်​သ​ကဲ့​သို့၊ သူ​သည် လူ​ခပ်​သိမ်း​တို့​ကို မိ​မိ​နောက်၌ သွေး​ဆောင်​လိမ့်​မည်။ 34သို့​ဖြစ်၍ သင်​တို့​ပြန်​ပြော​သော​စ​ကား၌ မု​သား​ပါ​သော​ကြောင့်၊ အ​ဘယ်​သို့ ငါ့​ကို အ​ချည်း​နှီး နှစ်​သိမ့်​စေ​ကြ​လိမ့်​မည်​နည်း​ဟု မြွက်​ဆို၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 21: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ