YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 2:11-13

ယောဘ 2:11-13 JBMLE

ထို​အ​ခါ တေ​မန်​အ​မျိုး​သား​ဧ​လိ​ဖတ်၊ ရှု​အာ​အ​မျိုး​သား ဗိ​လ​ဒဒ်၊ နေ​မတ်​အ​မျိုး​သား ဇော​ဖာ​တည်း​ဟူ​သော ယော​ဘ၏​အ​ဆွေ​ခင်​ပွန်း သုံး​ယောက်​တို့​သည်၊ သူ၌​ရောက်​သော ဤ​အ​မှု​ကြီး​အ​လုံး​စုံ​တို့​ကို သ​တင်း​ကြား​လျှင်၊ ယော​ဘ​နှင့်​အ​တူ ညည်း​တွား၍ သူ့​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ၊ စည်း​ဝေး​မည် ချိန်း​ချက်​သည်​အ​တိုင်း၊ အ​သီး​အ​သီး မိ​မိ​တို့​နေ​ရာ​အ​ရပ်​မှ ရောက်​လာ​ကြ၏။ ထို​သူ​တို့​သည် အ​ဝေး​က​မျှော်​ကြည့်၍ ယော​ဘ​ကို​မ​သိ​လျှင်၊ အ​သံ​ကို​လွှင့်၍ ငို​ကြွေး​ကြ၏။ အ​သီး​အ​သီး မိ​မိ​တို့​ဝတ်​လုံ​ကို​ဆုတ်၍ မြေ​မှုန့်​ကို​ယူ​ပြီး​လျှင် မိ​မိ​တို့ ခေါင်း​ပေါ်​သို့ ကျ​ရောက်​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​သို့ ပစ်​တင်​ကြ၏။ ခု​နစ်​ရက်​ပတ်​လုံး ယော​ဘ​နှင့်​အ​တူ မြေ​ပေါ်​မှာ​ထိုင်၍၊ သူ​သည် ပြင်း​စွာ​သော​ဆင်း​ရဲ ခံ​ရ​ကြောင်း​ကို သိ​မြင်​လျှင်၊ အ​ဘယ်​သူ​မျှ စ​ကား​မ​ပြော​မ​ဆို​ဘဲ နေ​ကြ၏။