YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 19

19
ရွေး​နုတ်​သော​သ​ခင်​အ​သက်​ရှင်၏
1-2ယော​ဘ​ပြန်၍ မြွက်​ဆို​သည်​ကား၊ သင်​တို့​သည် ငါ့​စိတ်​ဝိ​ညာဉ်​ကို နှောင့်​ယှက်၍ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သင်​တို့​စ​ကား​ဖြင့် ငါ့​ကို​ချိုး​ဖဲ့​ကြ​လိမ့်​မည်​နည်း။ 3ဆယ်​ကြိမ်​မြောက်​အောင် ငါ့​ကို​ကဲ့​ရဲ့​ကြ​ပြီ။ ငါ့​ကို​မိန်း​မော​တွေ ဝေ​စေ​ခြင်း​ငှာ အ​ရှက်​မ​ရှိ​ဘဲ​ပြု​ကြ​ပြီ။ 4ငါ​ပြစ်​မှား​ပြီ မှန်​စေ​တော့။ ငါ့​အ​ပြစ်​နှင့် ငါ​သာ​ဆိုင်၏။ 5သင်​တို့​သည်​ငါ့​အ​ပေါ်၌ ဝါ​ကြွား၍၊ ငါ​အ​ရှက်​ခံ​ရ​သော​ကြောင့်၊ ငါ၌​အ​ပြစ်​တင်​ကြ​သော်​လည်း၊ 6ဘု​ရား​သ​ခင်​သည် ငါ့​ကို​လှဲ၍ မိ​မိ​ကျော့​ကွင်း၌ ကျော့​မိ​တော်​မူ​ကြောင်း​ကို သိ​မှတ်​ကြ​လော့။ 7ငါ​သည် ကိုယ်​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို​အ​ကြောင်း​ပြု၍ မြည်​တမ်း​သော်​လည်း၊ အ​ဘယ်​သူ​မျှ​နား​မ​ထောင်။ အော်​ဟစ်​သော်​လည်း တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ​မ​ရှိ။ 8ငါ​မ​သွား​နိုင်​အောင် ငါ့​ရှေ့​မှာ​အ​ဆီး​အ​ကာ​ပြု၍၊ ငါ​သွား​ရာ​လမ်း၌ မှောင်​မိုက်​ကို​ထား​တော်​မူ​ပြီ။ 9ငါ့​ဂုဏ်​အ​သ​ရေ​ကို​ချွတ်၍၊ ငါ့​ခေါင်း​က ပေါင်း​သ​ရ​ဖူ​ကို​ချ​တော်​မူ​ပြီ။ 10ငါ့​ကို​ဝိုင်း၍ ဖျက်​ဆီး​တော်​မူ​သ​ဖြင့် ငါ​ပျောက်​ကုန်​ပြီ။ သစ်​ပင်​ကို နုတ်​သ​ကဲ့​သို့၊ ငါ​မျှော်​လင့်​ရ​သော​အ​ခွင့်​ကို နုတ်​တော်​မူ​ပြီ။ 11ငါ၌​အ​မျက်​တော်​ကို နှိုး​ဆော်၍၊ ငါ့​ကို​ရန်​သူ​ကဲ့​သို့ မှတ်​တော်​မူ၏။ 12စစ်​ချီ​လာ၍၊ စစ်​သူ​ရဲ​တော်​တို့​သည် ငါ့​ရှေ့​သို့​ရောက်​ခြင်း​ငှာ၊ ကျုံး​တူး၍ ငါ့​ပတ်​လည်၌ တပ်​ချ​ကြ၏။ 13ငါ့​ညီ​အစ်​ကို​တို့​ကို ငါ​နှင့်​ကွာ​ဝေး​စေ​တော်​မူ၏။ ငါ့​အ​သိ​အ​ကျွမ်း​တို့​သည် ငါ့​ကို​မ​သိ၊ ရိုင်း​သော​သူ​ဖြစ်​ကြ၏။ 14ငါ့​ပေါက်​ဖော်​တို့​သည် ငါ့​ကို​စွန့်၍၊ ငါ့​သူ​ငယ်​ချင်း​တို့​သည် မေ့​လျော့​ကြ၏။ 15ငါ့​ကျွန်​မ​များ၊ ငါ့​အိမ်​သူ​အိမ်​သား​များ​တို့​သည် ငါ့​ကို​ဧည့်​သည်​ကဲ့​သို့​လည်း​ကောင်း၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ကဲ့​သို့​လည်း​ကောင်း မှတ်​ကြ၏။ 16ငါ့​ကျွန်​ကို​ငါ​ခေါ်​သော​အ​ခါ သူ​သည်​မ​ထူး၊ သူ့​ကို​နှုတ်​ဆက်၍ တောင်း​ပန်​ရ၏။ 17ငါ့​မ​ယား​သည် ငါ့​အ​သက်​လေ​ကို​လည်း​ကောင်း၊ ငါ့​သား​သ​မီး​တို့​သည် ငါ​မြည်​တမ်း​ခြင်း​အ​သံ​ကို​လည်း​ကောင်း ရွံ​ကြ၏။ 18သူ​ငယ်​တို့​သည်​လည်း ငါ့​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ငါ​ထ​သော​အ​ခါ ကဲ့​ရဲ့​ကြ၏။ 19ငါ့​မိတ်​ဆွေ​တို့​သည် ငါ့​ကို​ရွံ၍၊ ငါ​ချစ်​သော​သူ​တို့​သည် ငါ့​ရန်​သူ​ဖြစ်​ကြ၏။ 20ငါ့​အ​ရေ​အ​သား​သည် ငါ့​အ​ရိုး​တို့၌ ကပ်​လျက်​ရှိ၏။ သွား​ဖုံး​တစ်​ခု​သာ​ပါ​လျက် ငါ​ပြေး​လွတ်​ရ၏။ 21အို အ​ဆွေ​ခင်​ပွန်း​တို့၊ ငါ့​ကို​သ​နား​ကြ​ပါ။ ငါ့​ကို​သ​နား​ကြ​ပါ။ ဘု​ရား​သ​ခင်၏​လက်​တော်​သည် ငါ့​ကို​ထိ​ခိုက်​ပါ​ပြီ။ 22ဘု​ရား​သ​ခင် ညှဉ်း​ဆဲ​တော်​မူ​သည်​နည်း​တူ အ​ဘယ်​ကြောင့် သင်​တို့​သည် ညှဉ်း​ဆဲ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့် ငါ့​အ​သား​ကို​စား၍ မ​ရောင်​ရဲ့​ဘဲ​နေ​ကြ​သ​နည်း။
23ငါ့​စ​ကား​ကို ယ​ခု​ရေး​မှတ်​ပါ​စေ​သော။ စာ​ရင်း၌ သွင်း​ထား​ပါ​စေ​သော။ 24ခဲ​ပြား​ပေါ်​မှာ​က​ညစ်​နှင့် အ​က္ခ​ရာ​တင်​လျက်၊ ကျောက်​စာ​ထိုး​လျက်​မြဲ​ပါ​စေ​သော။ 25ငါ့​ကို​ရွေး​နုတ်​သော​သ​ခင်​သည် အ​သက်​ရှင်၍၊ နောင်​ကာ​လ၌ မြေ​မှုန့်​အ​ပေါ်​မှာ ပေါ်​လာ​တော်​မူ​မည်​ဟူ၍​လည်း​ကောင်း၊ 26ငါ့​အ​ရေ​ကုန်​ပြီး​မှ ဤ​ကိုယ်​ကို​ပင် ဖျက်​ဆီး​သော်​လည်း၊ ငါ​သည်​ကိုယ်​ခ​န္ဓာ၌ ဘု​ရား​သ​ခင်​ကို​မြင်​မည်​ဟူ၍​လည်း​ကောင်း ငါ​သိ၏။ 27ငါ့​ဘက်၌​နေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​မြင်​မည်။ သူ​တစ်​ပါး​မြင်​သည်​သာ​မ​က၊ ငါ​သည် ကိုယ်​မျက်​စိ​နှင့် ဖူး​မြင်​မည်။ ထို​သို့​မျှော်​လင့်၍ ငါ့​ကျောက်​ကပ်​သည် ပျက်​လျက်​ရှိ၏။ 28ယ​ခု​မှာ​သင်​တို့​က၊ ငါ​တို့​သည် သူ့​ကို​အ​ဘယ်​သို့ ညှဉ်း​ဆဲ​ရ​မည်​နည်း။ သူ၌ အ​ပြစ်​တင်​သော​အ​ခွင့်​ကို အ​ဘယ်​သို့​တွေ့​ရ​မည်​နည်း​ဟု ဆို​ကြ​သည်​ဖြစ်၍၊ 29ဓား​ဘေး​ကို ကြောက်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ အ​မျက်​တော်​သည်​ဓား​ဘေး​ဖြင့် အ​ပြစ်​ပေး​တတ်၏။ အ​ပြစ်​စီ​ရင်​ရ​သော​အ​ချိန် ရှိ​ကြောင်း​ကို သိ​မှတ်​ကြ​လော့​ဟု မြွက်​ဆို၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 19: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။