YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 18

18
ဆိုး​သော​သူ​ကို​ဆုံး​မ​ခြင်း
1တစ်​ဖန် ရှု​အာ​အ​မျိုး​သား ဗိ​လ​ဒဒ်​မြွက်​ဆို​သည်​ကား၊ 2ဤ​စ​ကား​သည် အ​ဘယ်​အ​ခါ​မှ ပြတ်​လိမ့်​မည်​နည်း။ သ​တိ​ပြု​ကြ။ သို့​မှ​သာ​ငါ​တို့​သည် စ​ကား​ပြော​ကြ​မည်။ 3သင်​သည်​ငါ​တို့​ကို တိ​ရ​စ္ဆာန်​ကဲ့​သို့ အ​ဘယ်​ကြောင့်​မှတ်​သ​နည်း။ အ​ဘယ်​ကြောင့် မ​ထီ​မဲ့​မြင်​ပြု​သ​နည်း။ 4အ​မျက်​ထွက်၍ မိ​မိ​ကိုယ်​ကို ကိုက်​ဖြတ်​သော​သူ၊ သင့်​အ​တွက် မြေ​ကြီး​ကို​စွန့်​ပစ်​ရ​မည်​လော။ ကျောက်​သည် မိ​မိ​နေ​ရာ​မှ ရွေ့​ရ​မည်​လော။ 5အ​ကယ်​စင်​စစ် ဆိုး​သော​သူ၏​အ​လင်း​သည် ကွယ်​လိမ့်​မည်။ သူ၏​မီး​လျှံ မ​တောက်​ရ။ 6သူ၏​နေ​ရာ​အ​လင်း​လည်း မှောင်​မိုက်​ဖြစ်​လိမ့်​မည်။ သူ၏​ဆီ​မီး​လည်း သေ​လိမ့်​မည်။ 7ခိုင်​ခံ့​စွာ​သွား​သော​အ​ခါ ကျဉ်း​မြောင်း​ရာ​သို့ ရောက်​လိမ့်​မည်။ မိ​မိ​အ​ကြံ​အ​စည်​အား​ဖြင့် ရှုံး​ရ​လိမ့်​မည်။ 8ပိုက်​ထဲ​သို့ အ​လို​လို​ဝင်​တတ်၏။ ကျော့​ကွင်း​ပေါ်​မှာ နင်း​တတ်၏။ 9ဂိုင်း​ပြုတ်၍ ခြေ​ကို​မိ​သ​ဖြင့် ကျော့​ကွင်း​နှင့် မ​ကျွတ်​နိုင်​ဘဲ နေ​ရ၏။ 10မြေ၌​ဂျမ်း​ကြိုး​ကို သူ့​အ​ဖို့ ဝှက်​ထား​လျက်၊ သူ​သွား​ရာ​လမ်း၌ ထောင်​ချောက်​ကို ပြင်​လျက်​ရှိ၏။ 11ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ​တို့​သည်​ဝိုင်း၍ ကျပ်​တည်း​စွာ လိုက်​နှင့်​ကြ​လိမ့်​မည်။ 12သူ​သည် ငတ်​မွတ်​သော​အား​ဖြင့် အား​လျော့​လျက်၊ ပျက်​စီး​ခြင်း​ဘေး​နှင့် တွေ့​လု​လျက်​ရှိ၏။ 13ထို​ဘေး​သည် သူ၏​အ​ရိုး​တို့​ကို ကိုက်​ခဲ၍၊ သေ​မင်း၏​သား​ဦး​သည် သူ၏​ခွန်​အား​ကို မျို​လိမ့်​မည်။ 14သူ​ခို​လှုံ​ရာ​အ​ကြောင်း​ကို သူ၏​နေ​ရာ​မှ​ပယ်​ရှင်း၍၊ သူ့​ကိုယ်​ကို ဘေး​ဒဏ်​တို့၏​ရှင်​ဘု​ရင်​ထံ​သို့ ဆောင်​သွား​ရ၏။ 15သူ၏​နေ​ရာ၌ အ​ရှင်​မ​ရှိ။ ပျက်​စီး​ခြင်း​ဘေး​နေ၍ အ​မိုး​ပေါ်​မှာ ကန့်​ဖြူး​လျက်​ရှိ​လိမ့်​မည်။ 16သူ၏​အ​မြစ်​တို့​သည် သွေ့​ခြောက်​လျက်၊ အ​ခက်​အ​လက်​တို့​လည်း သေ​လျက်​ရှိ​ကြ​လိမ့်​မည်။ 17မြေ​ပေါ်​မှာ​သူ့​ကို အောက်​မေ့​စ​ရာ​အ​မှတ်​ပျောက်​ပျက်၍၊ ပွဲ​သ​ဘင်၌ သူ၏​နာ​မ​ကို အ​ဘယ်​သူ​မျှ မ​ခေါ်​မ​ပြော။ 18သူ့​ကို​အ​လင်း​ထဲ​က မှောင်​မိုက်​ထဲ​သို့ မောင်း၍ လူ့​ပြည်​မှ​နှင်​ထုတ်​ရ၏။ 19သူ့​အ​မျိုး​တွင် သူ့​သား​မြေး​မ​ရှိ။ သူ၏​အိမ်​သူ​အိမ်​သား​တစ်​ယောက်​မျှ မ​ကျန်​ရစ်​ရ။ 20သူ၏​လက်​ထက်၌​ရှိ​သော​သူ​တို့​သည် ထိတ်​လန့်​သ​ကဲ့​သို့၊ သူ့​နောက်၌​ဖြစ်​သော သူ​တို့​သည် သူ၏​အ​မှု​ကြောင့် မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။ 21အ​ကယ်​စင်​စစ် ဆိုး​သော​သူ၏​နေ​ရာ​သည် ထို​သို့​သော လ​က္ခ​ဏာ​ရှိ၏။ ဘု​ရား​သ​ခင်​ကို​မ​သိ​သော​သူ​သည် ထို​သို့​သော​နေ​ရာ​သို့ ရောက်​လိမ့်​မည်​ဟု မြွက်​ဆို၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 18: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ