YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 14

14
တို​တောင်း​သော​အ​သက်​ကို​ဆင်​ခြင်
1လူ​သည် မိန်း​မ​ဖွား​သော​သူ ဖြစ်​သ​ဖြင့်၊ အ​သက်​တို၍ ဒု​က္ခ​နှင့်​ပြည့်​စုံ​ပါ၏။ 2ပန်း​ပွင့်​ကဲ့​သို့​ပွင့်၍ ရိတ်​ဖြတ်​ခြင်း​ကို ခံ​ရ​ပါ၏။ မ​တည်​မ​ရပ်​ဘဲ အ​ရိပ်​ကဲ့​သို့ ရွေ့​သွား​တတ်​ပါ၏။ 3ထို​သို့​သော​သူ​ကို ကိုယ်​တော် ကြည့်​မှတ်​တော်​မူ​သ​လော။ အ​ကျွန်ုပ်​နှင့်​ဘက်၍ တ​ရား​တွေ့​တော်​မူ​မည်​လော။ 4မ​သန့်​ရှင်း​သော​အ​ရာ​ထဲ​က သန့်​ရှင်း​သော​အ​ရာ​ကို အ​ဘယ်​သူ ထုတ်​ဖော်​နိုင်​သ​နည်း။ အ​ဘယ်​သူ​မျှ မ​ထုတ်​မ​ဖော်​နိုင်​ပါ။ 5လူ၏​နေ့​ရက်​တို့​ကို မှတ်​သား၍၊ သူ​နေ​ရ​သော လ​အ​ရေ​အ​တွက်​ကို ကိုယ်​တော်​သည်​သိ​သ​ဖြင့်၊ သူ​မ​လွန်​နိုင်​သော အ​ပိုင်း​အ​ခြား​ကို ထား​တော်​မူ​သော​ကြောင့်၊ 6မျက်​စိ​တော်​ကို​လွှဲ၍ လူ​သည်​သူ​ငှား​ကဲ့​သို့ မိ​မိ​နေ့​ရက်​ကို လွန်​စေ​သည်​တိုင်​အောင် ငြိမ်​ဝပ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ 7သစ်​ပင်​ကို​ခုတ်​သော်​လည်း၊ အ​ငုတ်​အ​ချည်း​စည်း​မ​ရှိ​ဘဲ အ​တက်​ပေါက်​လေ​ဦး​မည်​ဟု မျှော်​လင့်​စ​ရာ​ရှိ၏။ 8မြေ​ထဲ​မှာ အ​မြစ်​ဟောင်း၍၊ မြေ​ပေါ်​မှာ အ​ငုတ်​သေ​သော်​လည်း၊ 9ရေ​ငွေ့​ကြောင့် အ​တက်​ပေါက်၍၊ ပျိုး​ပင်​ကဲ့​သို့ အ​ညွန့်​တို့​နှင့် ပြည့်​စုံ​လိမ့်​မည်။ 10လူ​မူ​ကား သေ၍ ဆွေး​မြေ့​တတ်၏။ လူ​သည် အ​သက်​ချုပ်​ပြီး​လျှင် အ​ဘယ်​မှာ​ရှိ​သ​နည်း။ 11အိုင်​ရေ​ပြတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ မြစ်​ရေ ခန်း​ခြောက်​သ​ကဲ့​သို့​လည်း​ကောင်း၊ 12လူ​သည်​အိပ်​ပြီး​မှ နောက်​တစ်​ဖန် မ​ထ​ရ။ မိုး​ကောင်း​ကင် မ​ကုန်​မ​ဆုံး​မီ​တိုင်​အောင် မ​နိုး​ရ။ အ​အိပ်​အ​ပျော် မ​ပျက်​ရ။
13ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို သင်္ချိုင်း​တွင်း၌ ဝှက်​ထား​တော်​မူ​ပါ​စေ။ အ​မျက်​တော် မ​လွန်​မီ​တိုင်​အောင် ကွယ်​ကာ​တော်​မူ​ပါ​စေ။ အ​ကျွန်ုပ်​ကို အောက်​မေ့​စ​ရာ​အ​ချိန်​ကို ချိန်း​ချက်​တော်​မူ​ပါ​စေ။ 14လူ​သည် သေ​လျှင် အ​သက်​ရှင်​ပြန်​ပါ​လိမ့်​မည်​လော။ အ​ကျွန်ုပ် ပြောင်း​လဲ​ချိန် မ​ရောက်​မီ၊ ပင်​ပန်း​စွာ အ​မှု​ထမ်း​ရ​သော နေ့​ရက်​ကာ​လ​ပတ်​လုံး သည်း​ခံ​လျက် နေ​ပါ​မည်။ 15အ​ကျွန်ုပ်​ကို ခေါ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ပြန်​လျှောက်​ပါ​မည်။ ကိုယ်​တိုင် ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​ကို သ​နား​ခြင်း​စိတ် ရှိ​တော်​မူ​ပါ။ 16ယ​ခု​မှာ အ​ကျွန်ုပ်​ခြေ​ရာ​တို့​ကို ကိုယ်​တော်​သည်​ရေ​တွက်၍၊ အ​ကျွန်ုပ်​အ​ပြစ်​တို့​ကို စောင့်​တော်​မူ၏။ 17အ​ကျွန်ုပ်​သည် မှား​ခြင်း​အ​ကြောင်း​အ​ရာ​ကို အိတ်၌​တံ​ဆိပ်​ခတ်၍၊ အ​ကျွန်ုပ် ဒု​စ​ရိုက်​အ​ပြစ်​အ​ပေါ်​မှာ အ​ထပ်​ထပ် အ​ပြစ်​တင်​တော်​မူ၏။ 18ပြို​သော​တောင်​သည် ကွယ်​ပျောက်​တတ်​ပါ၏။ ကျောက်​သည်​လည်း မိ​မိ​နေ​ရာ​မှ ရွေ့​လျော့​တတ်​ပါ၏။ ရေ​တိုက်​သော ကျောက်​ခဲ​သည်​လည်း ပွန်း​တတ်​ပါ၏။ 19လွှမ်း​မိုး​သော​ရေ​နှင့်​အ​တူ မြေ​မှုန့်​ပါ​သွား​တတ်​ပါ၏။ ထို​အ​တူ ကိုယ်​တော်​သည် လူ​မျှော်​လင့်​စ​ရာ​အ​ကြောင်း​ကို ဖျက်​တော်​မူ၏။ 20ကိုယ်​တော်​သည် လူ​ကို အ​စဉ်​နိုင်​တော်​မူ၍၊ လူ​သည် ကွယ်​ပျောက်​တတ်​ပါ၏။ ထူး​ခြား​သော​မျက်​နှာ​ကို ပေး၍ အ​ခြား​သို့ လွှတ်​လိုက်​တော်​မူ၏။ 21သူ၏​သား​တို့​သည် ချီး​မြှောက်​ခြင်း​သို့ ရောက်​သော်​လည်း သူ​သည်​မ​သိ​ရ​ပါ။ နှိမ့်​ချ​ခြင်း​သို့ ရောက်​သော်​လည်း ထို​အ​မှု​ကို​ပင် မ​ရိပ်​မိ​ပါ။ 22သို့​ရာ​တွင် သူ၏​ကိုယ်​သည် ကိုက်​ခဲ​လျက်၊ သူ၏​ဝိ​ညာဉ်​သည် ညည်း​တွား​လျက် နေ​ရ​ပါ​သည်​ဟု မြွက်​ဆို၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 14: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။