YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 9:1-12

ရှင်ယောဟန် 9:1-12 JBMLE

လမ်း၌​သွား​တော်​မူ​စဉ်၊ အ​မိ​ဝမ်း​တွင်း​က​ပင် မျက်​စိ​ကန်း​သော​သူ​တစ်​ယောက်​ကို တွေ့​မြင်​သော်​မူ၏။- တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ ဤ​သူ​သည် အ​ဘယ်​သူ၏​အ​ပြစ်​ကြောင့် မျက်​စိ​ကန်း​သ​နည်း။ ကိုယ်​အ​ပြစ်​ကြောင့် ကန်း​သ​လော။ မိ​ဘ​အ​ပြစ်​ကြောင့် ကန်း​သ​လော​ဟု မေး​လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ ကိုယ်​အ​ပြစ်​ကြောင့်​မ​ဟုတ်။ မိ​ဘ​အ​ပြစ်​ကြောင့်​လည်း မ​ဟုတ်။ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို သူ၌​ထင်​ရှား​စေ​မည်​အ​ကြောင်း​တည်း။- ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ၏​အ​မှု​ကို နေ့​အ​ချိန်၌​ရှိ​စဉ်​တွင် ငါ​ပြု​ရ​မည်။ အ​ဘယ်​သူ​မျှ အ​မှု​မ​ပြု​နိုင်​သော အ​ချိန်​တည်း​ဟူ​သော ည​အ​ချိန်​လာ​သေး၏။- ငါ​သည် ဤ​လော​က၌ ရှိ​စဉ်​တွင် ဤ​လော​က၏​အ​လင်း​ဖြစ်၏​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊- မြေ​ပေါ်​မှာ ထွေး၍ တံ​တွေး​နှင့်​ရွှံ့​လုပ်​ပြီး​မှ၊ ကန်း​သော​သူ၏​မျက်​စိ​ကို​ရွှံ့​နှင့်​လူး၍၊- သင်​သွား​လော့။ ရှိ​လောင်​ရေ​ကန်၌ မျက်​စိ​ကို​ဆေး​လော့​ဟု မိန့်​တော်​မူ၏။ ရှိ​လောင်​အ​နက်​ကား စေ​လွှတ်​သည်​ဟု ဆို​လို​သ​တည်း။ ထို​သူ​သည် သွား၍​ဆေး​ပြီး​မှ၊ မျက်​စိ​မြင်​လျက်​ပြန်​လေ၏။ သူ​သည် သူ​တောင်း​စား​ဖြစ်​သည်​ကို အိမ်​နီး​ချင်း​မှ​စ၍ မြင်​ဖူး​သော​သူ​တို့​က၊ ဤ​သူ​သည် ထိုင်၍ တောင်း​သော​သူ မ​ဟုတ်​လော​ဟု ဆို​ကြ၏။- လူ​အ​ချို့​က၊ ဟုတ်​ကဲ့​ဟု​ဆို​ကြ၏။ အ​ချို့​က​လည်း၊ ထို​သူ​နှင့်​တူ​သည်​ဟု ဆို​ကြ၏။ ထို​သူ​က​လည်း၊ အ​ကျွန်ုပ်​သည် ထို​သူ​ပင်​ဖြစ်​သည်​ဟု ဆို၏။- သူ​တို့​က​လည်း၊ အ​ဘယ်​သို့ သင်၏​မျက်​စိ​ပွင့်​သ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊- ထို​သူ​က၊ ယေ​ရှု​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် ရွှံ့​လုပ်၍ ကျွန်ုပ်​မျက်​စိ​ကို​လူး​ပြီး​မှ၊ ရှိ​လောင်​ရေ​ကန်​သို့​သွား၍ မျက်​စိ​ကို​ဆေး​လော့​ဟု ဆို​သည်​အ​တိုင်း အ​ကျွန်ုပ်​သွား၍​ဆေး​လျှင် မျက်​စိ​မြင်​သည်​ဟု​ဆို၏။- လူ​များ​က​လည်း၊ ထို​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊ အ​ကျွန်ုပ်​မ​သိ​ဟု​ဆို၏။

​ရှင်ယောဟန် 9:1-12 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။