YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 6:22-35

ရှင်ယောဟန် 6:22-35 JBMLE

အိုင်​တစ်​ဖက်၌​နေ​သော လူ​အ​စု​အ​ဝေး​တို့​သည်​ကား၊- အ​ထက်​က​သ​ခင်​ဘု​ရား​သည် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ၊ လူ​များ​သည် မုန့်​ကို​စား​ကြ​ရာ​အ​ရပ်​နှင့် အ​နီး၊ တိ​ဗေ​ရိ​မြို့​မှ အ​ခြား​သော​လှေ​ငယ်​များ​လာ​သော်​လည်း၊ မ​နေ့၌ တ​ပည့်​တော်​တို့​ဝင်​သော လှေ​မှ​တစ်​ပါး အ​ဘယ်​လှေ​မျှ မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် ထို​လှေ​ထဲ​သို့ တ​ပည့်​တော်​တို့ နှင့်​အ​တူ ဝင်​တော်​မ​မူ​ဘဲ​လျက်၊ တ​ပည့်​တော်​တို့​သာ သွား​သည်​ကို​လည်း​ကောင်း မြင်​ကြ၍၊- ထို​အ​ရပ်၌ ယေ​ရှု​မှ​စ​သော တ​ပည့်​တော်​တို့​မ​ရှိ​သည်​ကို သိ​ကြ​သ​ဖြင့်၊ နက်​ဖြန်​နေ့၌ လှေ​စီး၍ ယေ​ရှု​ကို​ရှာ​ခြင်း​ငှာ က​ပေ​ရ​နောင်​မြို့​သို့ သွား​ကြ၏။ အိုင်​တစ်​ဖက်၌​တွေ့​လျှင်၊ အ​ရှင်​ဘု​ရား၊ အ​ဘယ်​သော​အ​ခါ ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​သော​ကြောင့် ငါ့​ကို​ရှာ​သည်​မ​ဟုတ်။- မုန့်​ကို​စား၍ ဝ​သော​ကြောင့်​သာ ရှာ​ကြ၏။ ပျက်​စီး​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ မ​ကြိုး​စား​ကြ​နှင့်။ လူ​သား​သည် သင်​တို့​အား​ပေး၍ ထာ​ဝ​ရ​အ​သက်​နှင့်​အ​မျှ တည်​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ ကြိုး​စား​ကြ​လော့။ ထို​သား​သည် ခ​မည်း​တော်​ဘု​ရား၏​တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။ ထို​သူ​တို့​က​လည်း ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​ညီ​သော အ​ကျင့်​ကို​ကျင့်​ခြင်း​ငှာ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​ခြင်း​အ​ကျင့်​ကား၊ အ​လို​တော်​နှင့် ညီ​သော​အ​ကျင့်​တည်း​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​မျက်​စိ​နှင့်​မြင်၍ ကိုယ်​တော်​ကို​ယုံ​ကြည်​မည်​အ​ကြောင်း အ​ဘယ်​နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​သ​နည်း။ အ​ဘယ်​အ​မှု​ကို ပြု​တော်​မူ​သ​နည်း။- ကျမ်း​စာ၌​လာ​သည်​ကား၊ ထို​သူ​တို့ စား​စ​ရာ​ဖို့ ကောင်း​ကင်​မှ​မုန့်​ကို ပေး​တော်​မူ​သည်​ဟု လာ​သည်​နှင့်​အ​ညီ၊ ငါ​တို့​ဘိုး​ဘေး​များ​သည် တော၌ မ​န္န​ကို​စား​ကြ​သည်​ဟု လျှောက်​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ မော​ရှေ​သည် ကောင်း​ကင်​မုန့်​ကို သင်​တို့​အား​မ​ပေး၊ ခ​မည်း​တော်​သည် မှန်​သော​ကောင်း​ကင်​မုန့်​ကို သင်​တို့​အား ပေး​တော်​မူ၏။- ဘု​ရား​သ​ခင်၏​မုန့်​မူ​ကား၊ ကောင်း​ကင်​မှ​ဆင်း​သက်၍ လော​ကီ​သား​တို့​အား အ​သက်​ကို​ပေး​သော​မုန့်​ပေ​တည်း​ဟု မိန့်​တော်​မူ​လျှင်၊- သ​ခင်၊ ထို​မုန့်​ကို​အ​ကျွန်ုပ်​တို့​အား အ​စဉ်​မ​ပြတ်​ပေး​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​သည် အ​သက်​မုန့်​ဖြစ်၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည် နောက်​တစ်​ဖန် အ​ဆာ​အ​မွတ်​မ​ခံ​ရ။ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် နောက်​တစ်​ဖန် ရေ​ငတ်​မ​ခံ​ရ။