YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 6:22-35

ရှင်ယောဟန် 6:22-35 Judson Bible (JBMLE)

အိုင်​တစ်​ဖက်၌​နေ​သော လူ​အ​စု​အ​ဝေး​တို့​သည်​ကား၊- အ​ထက်​က​သ​ခင်​ဘု​ရား​သည် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ၊ လူ​များ​သည် မုန့်​ကို​စား​ကြ​ရာ​အ​ရပ်​နှင့် အ​နီး၊ တိ​ဗေ​ရိ​မြို့​မှ အ​ခြား​သော​လှေ​ငယ်​များ​လာ​သော်​လည်း၊ မ​နေ့၌ တ​ပည့်​တော်​တို့​ဝင်​သော လှေ​မှ​တစ်​ပါး အ​ဘယ်​လှေ​မျှ မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် ထို​လှေ​ထဲ​သို့ တ​ပည့်​တော်​တို့ နှင့်​အ​တူ ဝင်​တော်​မ​မူ​ဘဲ​လျက်၊ တ​ပည့်​တော်​တို့​သာ သွား​သည်​ကို​လည်း​ကောင်း မြင်​ကြ၍၊- ထို​အ​ရပ်၌ ယေ​ရှု​မှ​စ​သော တ​ပည့်​တော်​တို့​မ​ရှိ​သည်​ကို သိ​ကြ​သ​ဖြင့်၊ နက်​ဖြန်​နေ့၌ လှေ​စီး၍ ယေ​ရှု​ကို​ရှာ​ခြင်း​ငှာ က​ပေ​ရ​နောင်​မြို့​သို့ သွား​ကြ၏။ အိုင်​တစ်​ဖက်၌​တွေ့​လျှင်၊ အ​ရှင်​ဘု​ရား၊ အ​ဘယ်​သော​အ​ခါ ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​သော​ကြောင့် ငါ့​ကို​ရှာ​သည်​မ​ဟုတ်။- မုန့်​ကို​စား၍ ဝ​သော​ကြောင့်​သာ ရှာ​ကြ၏။ ပျက်​စီး​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ မ​ကြိုး​စား​ကြ​နှင့်။ လူ​သား​သည် သင်​တို့​အား​ပေး၍ ထာ​ဝ​ရ​အ​သက်​နှင့်​အ​မျှ တည်​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ ကြိုး​စား​ကြ​လော့။ ထို​သား​သည် ခ​မည်း​တော်​ဘု​ရား၏​တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။ ထို​သူ​တို့​က​လည်း ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​ညီ​သော အ​ကျင့်​ကို​ကျင့်​ခြင်း​ငှာ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​ခြင်း​အ​ကျင့်​ကား၊ အ​လို​တော်​နှင့် ညီ​သော​အ​ကျင့်​တည်း​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​မျက်​စိ​နှင့်​မြင်၍ ကိုယ်​တော်​ကို​ယုံ​ကြည်​မည်​အ​ကြောင်း အ​ဘယ်​နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​သ​နည်း။ အ​ဘယ်​အ​မှု​ကို ပြု​တော်​မူ​သ​နည်း။- ကျမ်း​စာ၌​လာ​သည်​ကား၊ ထို​သူ​တို့ စား​စ​ရာ​ဖို့ ကောင်း​ကင်​မှ​မုန့်​ကို ပေး​တော်​မူ​သည်​ဟု လာ​သည်​နှင့်​အ​ညီ၊ ငါ​တို့​ဘိုး​ဘေး​များ​သည် တော၌ မ​န္န​ကို​စား​ကြ​သည်​ဟု လျှောက်​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ မော​ရှေ​သည် ကောင်း​ကင်​မုန့်​ကို သင်​တို့​အား​မ​ပေး၊ ခ​မည်း​တော်​သည် မှန်​သော​ကောင်း​ကင်​မုန့်​ကို သင်​တို့​အား ပေး​တော်​မူ၏။- ဘု​ရား​သ​ခင်၏​မုန့်​မူ​ကား၊ ကောင်း​ကင်​မှ​ဆင်း​သက်၍ လော​ကီ​သား​တို့​အား အ​သက်​ကို​ပေး​သော​မုန့်​ပေ​တည်း​ဟု မိန့်​တော်​မူ​လျှင်၊- သ​ခင်၊ ထို​မုန့်​ကို​အ​ကျွန်ုပ်​တို့​အား အ​စဉ်​မ​ပြတ်​ပေး​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​သည် အ​သက်​မုန့်​ဖြစ်၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည် နောက်​တစ်​ဖန် အ​ဆာ​အ​မွတ်​မ​ခံ​ရ။ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် နောက်​တစ်​ဖန် ရေ​ငတ်​မ​ခံ​ရ။

ရှင်ယောဟန် 6:22-35 Common Language Bible (BCL)

နောက်​တစ်​နေ့​၌​အိုင်​တစ်​ဖက်​ကမ်း​တွင်​နေ​ရစ် ခဲ့​သော​လူ​ပ​ရိ​သတ်​တို့​သည် ထို​အ​ရပ်​၌​လှေ တစ်​စင်း​တည်း​ရှိ​ခဲ့​သည်​ကို​သ​တိ​ရ​ကြ​၏။ ထို​လှေ​တွင်​သ​ခင်​ယေ​ရှု​လိုက်​ပါ​တော်​မ​မူ ဘဲ တ​ပည့်​တော်​ချည်း​သာ​လျှင်​ထွက်​ခွာ​သွား ကြ​သည်​ကို​သိ​ကြ​၏။- သို့​သော်​လည်း​တိ​ဗေ​ရိ​မြို့​မှ​လာ​သော​လှေ​များ သည်​သ​ခင်​ဘု​ရား​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍ လူ​ပ​ရိ​သတ်​အား​မုန့်​ကို​ကျွေး​မွေး​တော်​မူ​ခဲ့ သည့်​အ​ရပ်​အ​နီး​သို့​ဆိုက်​ရောက်​လာ​ကြ​၏။- လူ​ပ​ရိ​သတ်​သည်​ထို​အရပ်​တွင်​သ​ခင်​ယေ​ရှု သည်​လည်း​ကောင်း၊ တ​ပည့်​တော်​တို့​သည်​လည်း ကောင်း​မ​ရှိ​ကြောင်း​ကို​သိ​မြင်​သော​အ​ခါ ထို လှေ​များ​ပေါ်​သို့​တက်​၍​ကိုယ်​တော်​ကို​ရှာ​ရန် က​ပေ​ရ​နောင်​မြို့​သို့​သွား​ကြ​၏။ အိုင်​တစ်​ဖက်​ကမ်း​တွင်​ကိုယ်​တော်​ကို​တွေ့​ကြ​သော အ​ခါ​လူ​ပ​ရိ​သတ်​က ``ဆ​ရာ​တော်၊ ကိုယ်​တော်​သည် ဤ​အ​ရပ်​သို့​အ​ဘယ်​အ​ခါ​က​ကြွ​လာ​တော်​မူ ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား သင်​တို့​ငါ့​ကို​ရှာ​ကြ​ခြင်း​မှာ​ငါ​ပြ သည့်​နိ​မိတ်​လက္ခ​ဏာ​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို နား​လည်​ကြ​ရ​၍​မ​ဟုတ်။ အ​စား​အ​စာ​ကို​ဝ အောင်​စား​ကြ​ရ​၍​ဖြစ်​၏။- ပုပ်​ပျက်​တတ်​သော​အ​စာ​အာ​ဟာ​ရ​အ​တွက် မ​ကြိုး​ပမ်း​ကြ​နှင့်။ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ စေ​သော​မ​ပုပ်​ပျက်​နိုင်​သော​အ​စာ​အာ​ဟာ​ရ အ​တွက်​ကြိုး​ပမ်း​ကြ​လော့။ ဘု​ရား​သ​ခင်​သည် လူ​သား​အား​တန်​ခိုး​အာ​ဏာ​ကို​အပ်​နှင်း​တော် မူ​သည်​ဖြစ်​၍ လူ​သား​သည်​ထို​အ​စာ​အာ​ဟာ​ရ ကို​သင်​တို့​အား​ပေး​တော်​မူ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ လူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သည့်​အ​ရာ​ကို​ဆောင်​ရွက်​နိုင် ရန် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ သည့်​အ​ရာ​ကား ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော သူ​ကို​သင်​တို့​ယုံ​ကြည်​ကြ​စေ​ရန်​ပင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​တို့​က ``အ​ရှင့်​အား​အ​ကျွန်ုပ်​တို့​ယုံ​ကြည်​နိုင် ကြ​စေ​ရန် အ​ဘယ်​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​တော်​မူ​ပါ​မည်​နည်း။ အ​ရှင်​အ​ဘယ်​အ​မှု​ကို လုပ်​ဆောင်​တော်​မူ​မည်​နည်း။- ကျမ်း​စာ​တော်​တွင် `ကိုယ်​တော်​သည်​ထို​သူ​တို့​စား ရန်​ကောင်း​ကင်​မှ​မုန့်​ကို​ချ​ပေး​တော်​မူ​၏' ဟု ပါ​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး များ​သည်​တော​ကန္တာ​ရ​တွင်​မန္န​မုန့်​ကို​စား​ကြ ရ​ပါ​၏'' ဟု​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား မော​ရှေ​သည်​သင်​တို့​အား ကောင်း​ကင်​မှ​အ​စာ​အာ​ဟာ​ရ​ကို​ပေး​သည် မ​ဟုတ်။ ငါ့​ခ​မည်း​တော်​သည်​သင်​တို့​အား ကောင်း​ကင်​မှ အ​စာ​အာ​ဟာ​ရ​အ​စစ်​အ​မှန် ကို​ပေး​တော်​မူ​၏။- ထို​စစ်​မှန်​သော​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ကျ​ဆင်း​၍ ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား အ​သက်​ပေး​သော​သူ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​သူ​တို့​က ``အ​ရှင်၊ ထို​အ​စာ​အာ​ဟာ​ရ ကို အ​ကျွန်ုပ်​တို့​အား​အ​စဉ်​မ​ပြတ်​ပေး​သ​နား တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​အ​သက်​၏​အ​စာ​အာ​ဟာ ရ​ဖြစ်​၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည်​အ​ဘယ်​အ​ခါ ၌​မျှ​ဆာ​ငတ်​လိမ့်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံ​ကြည်​သော သူ​သည်​လည်း အ​ဘယ်​အ​ခါ​မျှ​ရေ​ငတ်​လိမ့်​မည် မ​ဟုတ်။

ရှင်ယောဟန် 6:22-35 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

နောက်တစ်နေ့​၌ ပင်လယ်​တစ်ဖက်ကမ်း​တွင် နေရစ်​သော​လူထု​ပရိသတ်​သည် ထို​အရပ်​၌ လှေ​ငယ်​တစ်​စင်း​မှလွဲ၍ အခြား​လှေ​မ​ရှိ​ခဲ့​ကြောင်း​ကို​လည်းကောင်း၊ ထို​လှေ​၌ ယေရှု​သည် တပည့်​တော်​တို့​နှင့်အတူ​မ​လိုက်​မ​ပါ​ဘဲ တပည့်​တော်​တို့​သာ ထွက်သွား​ခဲ့​ကြောင်း​ကို​လည်းကောင်း သတိပြု​မိ​ကြ​၏။ သို့သော် တိဗေရိ​မြို့​မှ အခြား​လှေ​ငယ်​များ​သည် သခင်​ဘုရား​ကျေးဇူး​တော်​ချီးမွမ်း​၍ လူ​များ​မုန့်​ကို​စား​ခဲ့​ရာ​အရပ်​အနီး​သို့ ရောက်လာ​ကြ​သောအခါ လူထု​ပရိသတ်​သည် ထို​အရပ်​၌ ယေရှု​မှစ၍​တပည့်​တော်​တို့​ပါ မ​ရှိ​ကြောင်း​ကို​သိမြင်​သဖြင့် ထို​လှေ​ငယ်​များ​ပေါ်​တက်​ပြီးလျှင် ယေရှု​ကို​ရှာ​ရန် ကပေရနောင်​မြို့​သို့​သွား​ကြ​၏။ ပင်လယ်​တစ်ဖက်ကမ်း​တွင် ကိုယ်တော်​ကို​တွေ့​ကြ​သောအခါ သူ​တို့​က “ရဗ္ဗိ၊ ဤ​အရပ်​သို့ မည်သည့်​အချိန်​က ကြွရောက်​တော်မူ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​ငါ့​ကို​ရှာ​ကြ​သည်​မှာ နိမိတ်​လက္ခဏာ​များ​ကို​မြင်​ရ​သောကြောင့်​မ​ဟုတ်။ မုန့်​ကို​စား​၍​ဝ​သောကြောင့်​သာ​ဖြစ်​၏။ ပျက်စီး​တတ်​သော​အစားအစာ​အတွက်​မ​ဟုတ်​ဘဲ လူ့သား​သည် သင်​တို့​ကို​ပေး​မည့် ထာဝရ​အသက်​တိုင်အောင်​တည်မြဲ​သော​အစားအစာ​အတွက် လုပ်ဆောင်​ကြ​လော့။ အကြောင်းမူကား ခမည်းတော်​ဘုရား​သည် ထို​လူ့သား​ကို တံဆိပ်​ခတ်နှိပ်​တော်မူ​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ သူ​တို့​က​လည်း “ဘုရားသခင်​၏​အမှု​တော်​ကို​ဆောင်ရွက်​ရန် အကျွန်ုပ်​တို့​သည် မည်သည့်​အရာ​ကို ပြု​ရ​ပါ​မည်နည်း”​ဟု မေးလျှောက်​ကြ​၏။ ယေရှု​က“ဘုရားသခင်​၏​အမှု​တော်​မှာ ဘုရားသခင်​စေလွှတ်​တော်မူ​သော​သူ​ကို ယုံကြည်​ခြင်း​ပင်​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ သူ​တို့​က​လည်း “သို့ဖြစ်လျှင် အကျွန်ုပ်​တို့​မြင်​၍ ကိုယ်တော်​ကို​ယုံကြည်​နိုင်​ရန် မည်သို့​သော​နိမိတ်​လက္ခဏာ​ကို ကိုယ်တော်​ပြု​တော်မူ​မည်နည်း။ မည်သည့်​အမှု​ကို ဆောင်ရွက်​ပေး​တော်မူ​မည်နည်း။ ကျမ်းစာ​၌ ‘ကောင်းကင်​မှ​မုန့်​ကို သူ​တို့​စား​ရန်​ပေး​တော်မူ​၏’​ဟူ၍ ရေး​ထား​သည့်​အတိုင်း အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ​သည် တော​ကန္တာရ​တွင် မန္န​ကို​စား​ရ​ကြ​သည်”​ဟု လျှောက်​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ကောင်းကင်​မှ​မုန့်​ကို သင်​တို့​အား ပေး​ခဲ့​သူ​မှာ မောရှေ​မ​ဟုတ်။ ငါ့​ခမည်းတော်​က​သာ ကောင်းကင်​မှ​စစ်မှန်​သော​မုန့်​ကို သင်​တို့​အား ပေး​တော်မူ​၏။ အကြောင်းမူကား ဘုရားသခင်​၏​မုန့်​သည် ကောင်းကင်​မှ​ဆင်းသက်​၍ လောကီသား​တို့​အား အသက်​ကို​ပေး​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သူ​တို့​က “သခင်​ဘုရား၊ ထို​မုန့်​ကို အကျွန်ုပ်​တို့​အား အစဉ်​ပေး​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ ယေရှု​က​လည်း“ငါ​သည် အသက်​မုန့်​ဖြစ်​၏။ ငါ့​ထံသို့​လာ​သော​သူ​သည် မည်သည့်​အခါ​မျှ ဆာလောင်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံကြည်​သော​သူ​သည်​လည်း မည်သည့်​အခါ​မျှ​ရေငတ်​တော့မည်​မ​ဟုတ်။