YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 5:24-40

ရှင်ယောဟန် 5:24-40 JBMLE

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​စ​ကား​ကို နား​ထောင်၍ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​သည်​ဖြစ်၍ အ​ပြစ်​စီ​ရင်​ခြင်း​ကို​မ​ခံ​ရ။ သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း​သို့ ကူး​မြောက်​သော​သူ​ဖြစ်၏။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သေ​လွန်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​သား​တော်၏ စ​ကား​သံ​ကို​ကြား၍၊ ကြား​သော​အား​ဖြင့် အ​သက်​ရှင်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။- အ​ကြောင်း​မူ​ကား၊ ခ​မည်း​တော်​သည် ကိုယ်၌ အ​သက်​ရှိ​တော်​မူ​သည်​နည်း​တူ၊ သား​တော်​သည် မိ​မိ၌ အ​သက်​ရှိ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။- သား​တော်​သည် လူ​သား​ဖြစ်​သော​ကြောင့် တ​ရား​စီ​ရင်​ခြင်း​အ​ခွင့်​ကို​လည်း အပ်​ပေး​တော်​မူ၏။- ဤ​အ​မှု​အ​ရာ​ကို အံ့​ဩ​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်္ချိုင်း​များ​မှာ​ရှိ​သော သူ​အ​ပေါင်း​တို့​သည် သား​တော်၏ စ​ကား​သံ​ကို​ကြား၍၊- ထွက်​ရ​မည့်​အ​ချိန်​ကာ​လ ရောက်​လ​တ္တံ့။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​တို့​သည် အ​သက်​ရှင်​ရာ ထ​မြောက်​ခြင်း​သို့​လည်း​ကောင်း၊ ဆိုး​ယုတ်​သော​အ​ကျင့်​ကို ကျင့်​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ရာ ထ​မြောက်​ခြင်း​သို့​လည်း​ကောင်း ထွက်​ရ​ကြ​လ​တ္တံ့။ ငါ​သည် ကိုယ်​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​နိုင်။ ငါ​သည် ကြား​သည်​အ​တိုင်း တ​ရား​စီ​ရင်၏၊ ငါ​စီ​ရင်​ခြင်း​သည်​လည်း တ​ရား​တော်​နှင့် ညီ​ညွတ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​သို့​မ​လိုက်၊ ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်၏​အ​လို​သို့ လိုက်၏။ ငါ​သည် ကိုယ်​အ​ကြောင်း​ကို သက်​သေ​ခံ​လျှင် ငါ့​သက်​သေ​မ​တည်။- ငါ၏​အ​ကြောင်း​ကို သက်​သေ​ခံ​သော​သူ တစ်​ပါး​ရှိ​သေး၏။ ထို​သူ၏​သက်​သေ​တည်​ကြောင်း​ကို ငါ​သိ၏။- သင်​တို့​သည် ယော​ဟန်​ထံ​သို့​စေ​လွှတ်​ကြ၏။ သူ​သည် သ​မ္မာ​တ​ရား​ဘက်၌ သက်​သေ​ခံ၏။- သို့​သော်​လည်း လူ​ပေး​သော​သက်​သေ​ကို ငါ​သည်​ပ​မာ​ဏ​မ​ပြု။ သင်​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း ဤ​စ​ကား​ကို ငါ​ပြော၏။- ယော​ဟန်​သည် ညှိ​ထွန်း၍​လင်း​သော ဆီ​မီး​ဖြစ်၏။ သင်​တို့​သည် သူ၏​အ​လင်း၌ ခ​ဏ​သာ​မွေ့​လျော်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။- ယော​ဟန်၏​သက်​သေ​ထက် သာ၍​ကြီး​သော​သက်​သေ​သည် ငါ၌​ရှိ၏။ အ​ကြင်​အ​မှု​တို့​ကို ငါ​ပြီး​စီး​စေ​ခြင်း​ငှာ ခ​မည်း​တော်​သည် ငါ့​လက်​သို့ အပ်​ပေး​တော်​မူ၍၊ ငါ​ပြု​သော ထို​အ​မှု​တို့​သည်​လည်း ငါ့​ဘက်၌​နေ၍၊ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။- ခ​မည်း​တော်​သည်​လည်း ငါ့​ဘက်၌ သက်​သေ​ခံ​တော်​မူ၏။ ခ​မည်း​တော်၏​စ​ကား​သံ​တော်​ကို သင်​တို့​သည် မ​ကြား၊ သ​ဏ္ဌာန်​တော်​ကို မ​မြင်၊- နှုတ်​က​ပတ်​တော်​သည်​လည်း သင်​တို့၌​မ​တည်။ အ​ကြောင်း​မူ​ကား၊ စေ​လွှတ်​တော်​မူ​သော​သူ​ကို သင်​တို့​သည် မ​ယုံ​ကြည်​ဘဲ​နေ​ကြ၏။ ကျမ်း​စာ​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ကို​ရ​မည်​ဟု စိတ်​ထင်​နှင့် သင်​တို့​သည် ကျမ်း​စာ​ကို​စေ့​စေ့​ကြည့်​ရှု​ကြ၏။ ထို​ကျမ်း​စာ​ပင် ငါ၏​သက်​သေ​ဖြစ်၏။- သင်​တို့​သည် အ​သက်​ကို​ရ​အောင် ငါ့​ထံ​သို့ လာ​ခြင်း​ငှာ အ​လို​မ​ရှိ​ကြ၊

​ရှင်ယောဟန် 5:24-40 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။