YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 4:13-30

ရှင်ယောဟန် 4:13-30 JBMLE

ယေ​ရှု​က​လည်း၊ ဤ​ရေ​ကို​သောက်​သော​သူ​သည် နောက်​တစ်​ဖန် ရေ​ငတ်​ဦး​မည်။- ငါ​ပေး​သော​ရေ​ကို သောက်​သော​သူ​မူ​ကား၊ ရေ​ငတ်​ခြင်း​နှင့်​အ​စဉ်​မ​ပြတ် ကင်း​လွတ်​လိမ့်​မည်။ ငါ​ပေး​သော​ရေ​သည် ထို​သူ၌ ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း​အ​လို​ငှာ ထွက်​သော​စမ်း​ရေ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- မိန်း​မ​က​လည်း၊ သ​ခင်၊ ကျွန်ုပ်​သည် ရေ​ငတ်​ခြင်း​နှင့်​လည်း​ကောင်း၊ သည်​ကို​လာ၍ ရေ​ခပ်​ခြင်း​နှင့်​လည်း​ကောင်း ကင်း​လွတ်​မည်​အ​ကြောင်း ထို​ရေ​ကို​ပေး​ပါ​ဟု တောင်း​လျှင်၊- ယေ​ရှု​က၊ သွား​လော့။ သင်၏​လင်​ကို​ခေါ်၍ သည်​ကို​လာ​ဦး​လော့​ဟု မိန့်​တော်​မူ၏။- မိန်း​မ​က​လည်း၊ အ​ကျွန်ုပ်၌ လင်​မ​ရှိ​ဟု​ဆို​လျှင်၊ ယေ​ရှု​က၊ လင်​မ​ရှိ​ဟူ​သော​စ​ကား​သည် မှန်၏။- အ​ကြောင်း​မူ​ကား၊ သင်၌ လင်​ငါး​ယောက်​ရှိ​ဖူး​ပြီ။ ယ​ခု​သင်​နှင့်​နေ​သော​သူ​သည် သင်၏​လင်​မ​ဟုတ်။ ဤ​အ​ရာ၌ သင်​သည်​မှန်​သော စ​ကား​ကို​ပြော​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​မိန်း​မ​က​လည်း၊ သ​ခင်၊ ကိုယ်​တော်​သည် ပ​ရော​ဖက်​ဖြစ်​သည်​ကို အ​ကျွန်ုပ်​ရိပ်​မိ​ပါ၏။- အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​သည် ဤ​တောင်​ပေါ်၌ ကိုး​ကွယ်​လေ့​ရှိ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌​သာ ကိုး​ကွယ်​ရ​မည်​ဟု သင်​တို့​သည် ဆို​တတ်​ကြ၏​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ အ​ချင်း​မိန်း​မ၊ ငါ့​စ​ကား​ကို​ယုံ​လော့။ ဤ​တောင်​သို့ မ​လာ၊ ယေ​ရု​ရှ​လင်​မြို့​သို့​မ​သွား​ဘဲ ခ​မည်း​တော်​ကို​ကိုး​ကွယ်​ရ​မည် အ​ချိန်​ကာ​လ ရောက်​ဆဲ​ရှိ၏။- သင်​တို့​သည် ကိုယ်​မ​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​တို့၌ ကယ်​တင်​ခြင်း​အ​ကြောင်း​ရှိ၏။- ကိုး​ကွယ်​သော​သူ​မှန်​သ​မျှ​တို့​သည် ခ​မည်း​တော်​ကို နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ကိုး​ကွယ်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​သို့​ကိုး​ကွယ်​သော​သူ​တို့​ကို ခ​မည်း​တော်​သည် အ​လို​ရှိ​တော်​မူ၏။- ဘု​ရား​သ​ခင်​သည် နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​တို့​သည်၊ နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ကိုး​ကွယ်​ရ​မည်​ဟု မိန့်​တော်​မူ၏။- မိန်း​မ​က​လည်း၊ မေ​ရှိ​ယ​ကြွ​လာ​တော်​မူ​သည်​ဟု အ​ကျွန်ုပ်​သိ​ပါ၏။ ရောက်​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​တို့​အား အ​လုံး​စုံ​တို့​ကို ဖော်​ပြ​တော်​မူ​မည်​ဟု လျှောက်​ပြန်၏။ မေ​ရှိ​ယ​အ​နက်​ကား၊ ခ​ရစ်​တော်​ဟု ဆို​လို​သ​တည်း။- ယေ​ရှု​က​လည်း၊ သင်​နှင့်​စ​ကား​ပြော​သော​ငါ​သည် မေ​ရှိ​ယ​ပင်​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ရောက်​လာ၍၊ ထို​မိန်း​မ​နှင့် စ​ကား​ပြော​တော်​မူ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​ကြ၏၊ သို့​သော်​လည်း၊ အ​ဘယ်​အ​လို​တော်​ရှိ​သ​နည်း၊ ထို​မိန်း​မ​နှင့် အ​ဘယ်​ကြောင့် စ​ကား​ပြော​တော်​မူ​သ​နည်း​ဟု အ​ဘယ်​သူ​မျှ​မ​လျှောက်​ကြ။- ထို​မိန်း​မ​သည်​လည်း ရေ​အိုး​ကို​ထား​ခဲ့၍ မြို့​ထဲ​သို့ သွား​ပြီး​လျှင်၊- အ​ကျွန်ုပ်​ပြု​ဖူး​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို ထုတ်​ဖော်​သော​သူ​ကို လာ၍​ကြည့်​ကြ​ပါ။ ထို​သူ​သည် ခ​ရစ်​တော်​မှန်​လိမ့်​မည်​လော​ဟု လူ​များ​တို့​အား ပြော​ဆို​သော်၊- သူ​တို့​သည် မြို့​ထဲ​မှ​ထွက်၍ အ​ထံ​တော်​သို့ သွား​ကြ၏။

​ရှင်ယောဟန် 4:13-30 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။