YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 3:1-15

ရှင်ယောဟန် 3:1-15 JBMLE

ယု​ဒ​လူ​တို့​တွင် အ​ရာ​ရှိ​ဖြစ်​သော နိ​ကော​ဒင်​အ​မည်​ရှိ​သော ဖာ​ရိ​ရှဲ​တစ်​ယောက်​သည်၊- ည​အ​ခါ ယေ​ရှု​ထံ​တော်​သို့​လာ၍၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​ပြ​တော်​မူ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ဘု​ရား​သ​ခင်၏​အ​ခွင့်​မ​ရှိ​လျှင် အ​ဘယ်​သူ​မျှ မ​ပြ​နိုင်​သည်​ကို အ​ကျွန်ုပ်​တို့​သည်​ထောက်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ကြွ​လာ​တော်​မူ​သော ဆ​ရာ​ဖြစ်​ကြောင်း​ကို သိ​ကြ​ပါ၏​ဟု​လျှောက်​သော်၊- ယေ​ရှု​က၊ ဒု​တိ​ယ​မွေး​ခြင်း​ကို မ​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မ​မြင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို​သည်​ဟု ပြန်၍​မိန့်​တော်​မူ၏။- နိ​ကော​ဒင်​က​လည်း၊ အ​သက်​ကြီး​သော​သူ​သည် မွေး​ခြင်း​ကို​အ​ဘယ်​သို့​ခံ​နိုင်​ပါ​မည်​နည်း။ အ​မိ​ဝမ်း​ထဲ​သို့ တစ်​ဖန်​ဝင်၍ မွေး​ခြင်း​ကို ခံ​နိုင်​ပါ​မည်​လော​ဟု လျှောက်၏။- ယေ​ရှု​က​လည်း၊ ရေ​နှင့် ဝိ​ညာဉ်​တော် မ​မွေး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို၏။- ဇာ​တိ​ပ​က​တိ​မွေး​သော​အ​ရာ​သည် ဇာ​တိ​ပ​က​တိ​ဖြစ်၏။ ဝိ​ညာဉ်​တော်​မွေး​သော​အ​ရာ​သည် ဝိ​ညာဉ်​ဖြစ်၏။- ဒု​တိ​ယ​မွေး​ခြင်း​ကို ခံ​ရ​မည်​ဟု ငါ​ဟော​ပြော​သည်​ကို အံ့​ဩ​ခြင်း​မ​ရှိ​နှင့်။- လေ​သည် အ​လို​ရှိ​တိုင်း​သွား​လာ၏။ လေ၏​အ​သံ​ကို သင်​သည်​ကြား​ရ​သော်​လည်း အ​ဘယ်​အ​ရပ်​က​ဖြစ်​သည်၊ အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို မ​သိ​နိုင်။ ထို​နည်း​တူ ဝိ​ညာဉ်​တော်​မွေး​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။ နိ​ကော​ဒင်​က​လည်း၊ ဤ​အ​မူ​အ​ရာ​သည် အ​ဘယ်​သို့​ဖြစ်​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​ပြန်​လျှင်၊- တစ်​ဖန်​ယေ​ရှု​က၊ သင်​သည် ဣ​သ​ရေ​လ​လူ​တို့​တွင် ဓ​မ္မ​ဆ​ရာ​ဖြစ်​လျက်​ပင် ဤ​အ​မှု​အ​ရာ​ကို မ​သိ​သ​လော။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ပြော၏၊ ကိုယ်​မြင်​သော​အ​ရာ​ကို သက်​သေ​ခံ၏။ သို့​သော်​လည်း ငါ​တို့၏​သက်​သေ​ခံ​ချက်​ကို သင်​တို့​သည် မ​ခံ​မ​ယူ​ကြ။- မြေ​ကြီး​အ​ရာ​ကို ငါ​ပြော၍ သင်​တို့​သည် မ​ယုံ​လျှင်၊ ကောင်း​ကင်​အ​ရာ​ကို ငါ​ပြော​သော​အ​ခါ အ​ဘယ်​သို့ ယုံ​ကြ​လိမ့်​မည်​နည်း။- ကောင်း​ကင်​ဘုံ​က​ဆင်း​သက်၍ ကောင်း​ကင်​ဘုံ၌​ရှိ​နေ​သော လူ​သား​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ကောင်း​ကင်​ဘုံ​သို့ မ​တက်​ပြီ။- မော​ရှေ​သည်​တော၌ မြွေ​ကို မြှောက်​ထား​သ​ကဲ့​သို့ လူ​သား​သည် မြှောက်​ထား​ခြင်း​ကို ခံ​ရ​မည်။- အ​ကြောင်း​မူ​ကား၊ ထို​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​မည်​အ​ကြောင်း​တည်း။

​ရှင်ယောဟန် 3:1-15 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။