YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 3:1-15

ရှင်ယောဟန် 3:1-15 Judson Bible (JBMLE)

ယု​ဒ​လူ​တို့​တွင် အ​ရာ​ရှိ​ဖြစ်​သော နိ​ကော​ဒင်​အ​မည်​ရှိ​သော ဖာ​ရိ​ရှဲ​တစ်​ယောက်​သည်၊- ည​အ​ခါ ယေ​ရှု​ထံ​တော်​သို့​လာ၍၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​ပြ​တော်​မူ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ဘု​ရား​သ​ခင်၏​အ​ခွင့်​မ​ရှိ​လျှင် အ​ဘယ်​သူ​မျှ မ​ပြ​နိုင်​သည်​ကို အ​ကျွန်ုပ်​တို့​သည်​ထောက်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ကြွ​လာ​တော်​မူ​သော ဆ​ရာ​ဖြစ်​ကြောင်း​ကို သိ​ကြ​ပါ၏​ဟု​လျှောက်​သော်၊- ယေ​ရှု​က၊ ဒု​တိ​ယ​မွေး​ခြင်း​ကို မ​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မ​မြင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို​သည်​ဟု ပြန်၍​မိန့်​တော်​မူ၏။- နိ​ကော​ဒင်​က​လည်း၊ အ​သက်​ကြီး​သော​သူ​သည် မွေး​ခြင်း​ကို​အ​ဘယ်​သို့​ခံ​နိုင်​ပါ​မည်​နည်း။ အ​မိ​ဝမ်း​ထဲ​သို့ တစ်​ဖန်​ဝင်၍ မွေး​ခြင်း​ကို ခံ​နိုင်​ပါ​မည်​လော​ဟု လျှောက်၏။- ယေ​ရှု​က​လည်း၊ ရေ​နှင့် ဝိ​ညာဉ်​တော် မ​မွေး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို၏။- ဇာ​တိ​ပ​က​တိ​မွေး​သော​အ​ရာ​သည် ဇာ​တိ​ပ​က​တိ​ဖြစ်၏။ ဝိ​ညာဉ်​တော်​မွေး​သော​အ​ရာ​သည် ဝိ​ညာဉ်​ဖြစ်၏။- ဒု​တိ​ယ​မွေး​ခြင်း​ကို ခံ​ရ​မည်​ဟု ငါ​ဟော​ပြော​သည်​ကို အံ့​ဩ​ခြင်း​မ​ရှိ​နှင့်။- လေ​သည် အ​လို​ရှိ​တိုင်း​သွား​လာ၏။ လေ၏​အ​သံ​ကို သင်​သည်​ကြား​ရ​သော်​လည်း အ​ဘယ်​အ​ရပ်​က​ဖြစ်​သည်၊ အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို မ​သိ​နိုင်။ ထို​နည်း​တူ ဝိ​ညာဉ်​တော်​မွေး​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။ နိ​ကော​ဒင်​က​လည်း၊ ဤ​အ​မူ​အ​ရာ​သည် အ​ဘယ်​သို့​ဖြစ်​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​ပြန်​လျှင်၊- တစ်​ဖန်​ယေ​ရှု​က၊ သင်​သည် ဣ​သ​ရေ​လ​လူ​တို့​တွင် ဓ​မ္မ​ဆ​ရာ​ဖြစ်​လျက်​ပင် ဤ​အ​မှု​အ​ရာ​ကို မ​သိ​သ​လော။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ပြော၏၊ ကိုယ်​မြင်​သော​အ​ရာ​ကို သက်​သေ​ခံ၏။ သို့​သော်​လည်း ငါ​တို့၏​သက်​သေ​ခံ​ချက်​ကို သင်​တို့​သည် မ​ခံ​မ​ယူ​ကြ။- မြေ​ကြီး​အ​ရာ​ကို ငါ​ပြော၍ သင်​တို့​သည် မ​ယုံ​လျှင်၊ ကောင်း​ကင်​အ​ရာ​ကို ငါ​ပြော​သော​အ​ခါ အ​ဘယ်​သို့ ယုံ​ကြ​လိမ့်​မည်​နည်း။- ကောင်း​ကင်​ဘုံ​က​ဆင်း​သက်၍ ကောင်း​ကင်​ဘုံ၌​ရှိ​နေ​သော လူ​သား​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ကောင်း​ကင်​ဘုံ​သို့ မ​တက်​ပြီ။- မော​ရှေ​သည်​တော၌ မြွေ​ကို မြှောက်​ထား​သ​ကဲ့​သို့ လူ​သား​သည် မြှောက်​ထား​ခြင်း​ကို ခံ​ရ​မည်။- အ​ကြောင်း​မူ​ကား၊ ထို​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​မည်​အ​ကြောင်း​တည်း။

ရှင်ယောဟန် 3:1-15 Common Language Bible (BCL)

ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ဖြစ်​သူ​နိ​ကော​ဒင်​နာ​မည်​ရှိ​သော ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​တစ်​ယောက်​ရှိ​၏။- သူ​သည်​ညဥ့်​အ​ခါ​ကိုယ်​တော်​၏​ထံ​သို့​လာ​၍ ``အ​ရှင်​ဘု​ရား၊ ဘု​ရား​သ​ခင်​အ​တူ​ပါ​ရှိ​တော် မ​မူ​လျှင် အ​ဘယ်​သူ​မျှ​အ​ရှင်​ပြ​တော်​မူ​သော အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​နိုင်​မည် မ​ဟုတ်​ပါ။ သို့​ဖြစ်​၍​အ​ရှင်​သည်​ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​ဆ​ရာ​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား တစ်​ဖန်​မွေး​ဖွား​ခြင်း​မ​ခံ​ရ​သူ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို​မ​မြင်​နိုင်'' ဟု မိန့်​တော်​မူ​၏။ နိ​ကော​ဒင်​က ``အ​သက်​ကြီး​သော​သူ​သည် အ​ဘယ်​သို့​လျှင် တစ်​ဖန်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ ပါ​မည်​နည်း။ အ​မိ​ဝမ်း​သို့​ပြန်​၍​ဝင်​ပြီး​လျှင် ဒု​တိ​ယ​အ​ကြိမ်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ​ပါ မည်​လော'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ ဆို​သည်​ကား၊ ရေ​နှင့်​ဝိညာဉ်​တော်​အား​ဖြင့်​မွေး ဖွား​လာ​သူ​မ​ဟုတ်​လျှင် အ​ဘယ်​သူ​မျှ​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​သို့​မ​ဝင်​ရ။- အ​သွေး​အ​သား​အား​ဖြင့်​မွေး​ဖွား​သူ​သည် အ​သွေး​အ​သား​ဖြစ်​၏။ ဝိညာဉ်​တော်​အား​ဖြင့် မွေး​ဖွား​သူ​သည်​ဝိ​ညာဉ်​ဖြစ်​၏။- တစ်​ဖန်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ​ကြ​မည်​ဟု​ငါ ဆို​သည်​ကို​မ​အံ့​သြ​နှင့်။- လေ​သည်​မိ​မိ​တိုက်​လို​ရာ​သို့​တိုက်​တတ်​၏။ လေ​၏ အ​သံ​ကို​ကြား​ရ​သော်​လည်း​အ​ဘယ်​အ​ရပ်​မှ တိုက်​လာ​သည်​ကို​သော်​လည်း​ကောင်း၊ အ​ဘယ်​အ​ရပ် သို့​တိုက်​လိမ့်​မည်​ကို​သော်​လည်း​ကောင်း​မ​သိ​နိုင်။ ဝိ​ညာဉ်​တော်​အား​ဖြင့်​မွေး​ဖွား​သူ​တိုင်း​သည် လည်း ဤ​နည်း​တူ​ပင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ နိ​ကော​ဒင်​က ``ဤ​အ​မှု​အ​ရာ​သည်​အ​ဘယ် သို့​ဖြစ်​နိုင်​ပါ​မည်​နည်း'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``သင်​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဆ​ရာ​တစ်​ဦး​ဖြစ်​ပါ​လျက် ဤ အ​မှု​အ​ရာ​အ​ကြောင်း​ကို​မ​သိ​သ​လော။- အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို​သည်​ကား ငါ​တို့ သည်​မိ​မိ​တို့​သိ​သည့်​အ​ရာ​ကို​ပြော​ကြ​၏။ မြင် သည့်​အ​ရာ​ကို​သက်​သေ​ခံ​ကြ​၏။ သို့​ရာ​တွင် ငါ​တို့​၏​သက်​သေ​ခံ​ချက်​ကို​သင်​တို့​လက် မ​ခံ​ကြ။- လော​က​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​ငါ​ဖော်​ပြ သော​အ​ခါ​၌​သင်​တို့​မ​ယုံ​ကြ​လျှင် ကောင်း​ကင် ဘုံ​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​ဖော်​ပြ​သော အ​ခါ​၌ အ​ဘယ်​သို့​လျှင်​သင်​တို့​ယုံ​ကြည် ကြ​မည်​နည်း။- ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​လာ​သော​လူ​သား မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​ကောင်း​ကင်​ဘုံ​သို့ မ​ရောက်​ဖူး​ကြ'' ဟု​မိန့်​တော်​မူ​၏။ မိ​မိ​အား​ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ အ​သက်​ကို​ရ​ရှိ​ကြ​စေ​ရန် လူ​သား​သည်​တော ကန္တာ​ရ​၌​တိုင်​ထိပ်​တွင်​မော​ရှေ​မြှောက်​တင်​ထား သည့်​ကြေး​မြွေ​ရုပ်​ကဲ့​သို့​မြှောက်​တင်​ခြင်း ခံ​ရ​လိမ့်​မည်။

ရှင်ယောဟန် 3:1-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဖာရိရှဲ​တို့​ထဲတွင် နိကောဒင်​အမည်​ရှိ​သော ဂျူး​လူမျိုး​တို့​၏​အကြီးအကဲ​တစ်​ဦး​ရှိ​၏။ သူ​သည် ည​အခါ ယေရှု​ထံသို့​လာ​၍ “ရဗ္ဗိ၊ ကိုယ်တော်​သည် ဘုရားသခင်​ထံမှ​ကြွလာ​သော​ဆရာ​ဖြစ်​ကြောင်း​ကို အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​အတူ​ပါရှိ​တော်​မ​မူ​လျှင် ကိုယ်တော်​ပြု​နေ​သော ဤ​နိမိတ်​လက္ခဏာ​များ​ကို မည်သူမျှ ပြု​နိုင်​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။ ယေရှု​က“သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ လူ​သည် အသစ်တစ်ဖန်​မွေးဖွား​ခြင်း​မ​ခံ​လျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို​မ​မြင်​နိုင်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ နိကောဒင်​က​လည်း “အသက်ကြီး​သော​သူ​သည် မည်ကဲ့သို့ မွေးဖွား​ခြင်း​ခံ​နိုင်​မည်နည်း။ သူ့​မိခင်​၏​ဝမ်း​ထဲသို့ နောက်တစ်ဖန်​ဝင်​၍ မွေးဖွား​ခြင်း​ကို​ခံ​နိုင်​ပါ​မည်​လော”​ဟု လျှောက်​လေ​၏။ ယေရှု​က“သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ လူ​သည် ရေ​နှင့်​ဝိညာဉ်​တော်​အားဖြင့် မွေးဖွား​ခြင်း​ကို​မ​ခံ​လျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​မ​ဝင်​နိုင်။ အသွေး​အသား​အားဖြင့် မွေးဖွား​သော​အရာ​သည် အသွေး​အသား​ဖြစ်​၏။ ဝိညာဉ်​တော်​အားဖြင့် မွေးဖွား​သော​အရာ​သည် ဝိညာဉ်​ဖြစ်​၏။ ‘သင်​တို့​သည် အသစ်တစ်ဖန်​မွေးဖွား​ခြင်း​ခံ​ရ​မည်’​ဟု ငါ​ဆို​သောကြောင့် မ​အံ့သြ​နှင့်။ လေ​သည် အလိုရှိ​ရာ​သို့​တိုက်​တတ်​၏။ သင်​သည် သူ့​အသံ​ကို​ကြား​ရ​သော်လည်း မည်သည့်​အရပ်​မှ​လာ​၍ မည်သည့်​အရပ်​သို့​သွား​သည်​ကို​မ​သိ။ ဝိညာဉ်​တော်​အားဖြင့် မွေးဖွား​သော​သူ​တိုင်း​လည်း ထိုနည်းတူ​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ နိကောဒင်​က​လည်း “ဤ​အရာ​တို့​သည် မည်သို့​ဖြစ်​နိုင်​ပါ​မည်နည်း”​ဟု လျှောက်​ပြန်​သော် ယေရှု​က“သင်​သည် အစ္စရေး​လူမျိုး​တို့​၏​ဆရာ​ဖြစ်​လျက်​နှင့် ဤ​အရာ​များ​ကို နား​မ​လည်​သလော။ သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ​တို့​သည် ကိုယ်​သိ​သော​အရာ​ကို​ပြောဆို​လျက် ကိုယ်​မြင်​သော​အရာ​ကို​သက်သေခံ​၏။ သို့သော် သင်​တို့​သည် ငါ​တို့​၏​သက်သေခံ​ချက်​ကို​လက်​မ​ခံ​ကြ။ လောက​နှင့်ဆိုင်သော​အရာ​များ​ကို သင်​တို့​အား ငါ​ပြော​၍ သင်​တို့​မ​ယုံကြည်​ကြ​လျှင် ကောင်းကင်​နှင့်ဆိုင်သော​အရာ​များ​ကို ငါ​ပြော​သောအခါ သင်​တို့​သည် မည်သို့​ယုံကြည်​ကြ​မည်နည်း။ ကောင်းကင်​မှ​ဆင်းသက်​သော​လူ့သား​မှတစ်ပါး ကောင်းကင်​သို့​တက်​သွား​ခဲ့​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ။ မောရှေ​သည် တော​ကန္တာရ​၌ မြွေ​ကို​မြှောက်​ထား​သကဲ့သို့ လူ့သား​သည်​လည်း သူ့​ကို​ယုံကြည်​သော​သူ​တိုင်း ထာဝရ​အသက်​ကို​ရရှိ​ရန် မြှောက်​ထား​ခြင်း​ခံရ​မည်။