YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 21:1-19

ရှင်ယောဟန် 21:1-19 JBMLE

တစ်​ဖန်​ယေ​ရှု​သည် တိ​ဗေ​ရိ​အိုင်​နား​မှာ တ​ပည့်​တော်​တို့​အား ကိုယ်​ကို​ပြ​တော်​မူ၏။ ပြ​တော်​မူ​သည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊- ရှိ​မုန်​ပေ​တ​ရု​နှင့် ဒိ​ဒု​မု​ဟု​အ​မည်​ရှိ​သော သော​မ၊ ဂါ​လိ​လဲ​ပြည် ကာ​န​မြို့​သား နာ​သ​နေ​လ၊ ဇေ​ဗေ​ဒဲ၏ သား​နှစ်​ယောက်၊ အ​ခြား​သော​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် အ​တူ​ရှိ​ကြ၏။- ရှိ​မုန်​ပေ​တ​ရု​က၊ ကျွန်ုပ်​သည် ငါး​ဖမ်း​သွား​မည်​ဟု​ဆို​လျှင်၊ ထို​သူ​တို့​က၊ အ​ကျွန်ုပ်​တို့​လည်း​လိုက်​မည်​ဟု ပြော​ဆို​သည်​နှင့် ထွက်​သွား​ကြ၏။ ချက်​ချင်း​လှေ​ထဲ​သို့​ဝင်၍ ထို​ည​တွင် တစ်​ကောင်​ကို​မျှ​မ​ရ​ကြ။- နံ​နက်​ရောက်​သော​အ​ခါ ယေ​ရှု​သည် ကမ်း​နား​မှာ​ရပ်​တော်​မူ၏။ သို့​ရာ​တွင် ယေ​ရှု​ဖြစ်​တော်​မူ​သည်​ကို တ​ပည့်​တော်​တို့​သည် မ​သိ​ကြ။- ယေ​ရှု​က​လည်း၊ ချစ်​သား​တို့၊ စား​စ​ရာ​တစ်​စုံ​တစ်​ခု ရှိ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ မ​ရှိ​ပါ​ဟု​ပြန်​ပြော​ကြ၏။- တစ်​ဖန်​ယေ​ရှု​က၊ လှေ​လက်​ယာ​ဘက်၌ ပိုက်​ကွန်​ကို​ပစ်​ချ​လော့။ ထို​သို့​ပြု​လျှင် ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​သူ​တို့​သည် ပစ်​ချ၍​များ​စွာ​သော​ငါး​တို့​ကို အုပ်​မိ​သော​ကြောင့်၊ ပိုက်​ကွန်​ကို​ဆွဲ၍​မ​ရ​နိုင်။ ထို​အ​ခါ ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့်​တော်​က၊ ငါ​တို့​သ​ခင်​ပေ​တည်း​ဟု ပေ​တ​ရု​အား ပြော​ဆို၏။ သ​ခင်​ဖြစ်​ကြောင်း​ကို ရှိ​မုန်​ပေ​တ​ရု​သည် ကြား​လျှင်၊ အ​ဝတ်​ကို မ​ခြုံ​ဘဲ​ရှိ​လျက် အ​ပေါ်​အင်္ကျီ​ကို​သာ ဝတ်​စည်း၍ အိုင်​ထဲ​သို့ ဆင်း​လေ၏။- အ​ခြား​သော တ​ပည့်​တော်​တို့​သည် ကမ်း​နှင့် မ​နီး​မ​ဝေး အ​လံ​ငါး​ဆယ်​လောက်​ကွာ​သည်​ဖြစ်၍၊ ငါး​များ​နှင့် ပိုက်​ကွန်​ကို ဆွဲ​ငင်​လျက် လှေ​စီး၍ လာ​ကြ၏။- ကုန်း​ပေါ်​သို့​ရောက်​သော​အ​ခါ မီး​ခဲ​ပုံ​ကို​လည်း​ကောင်း၊ ကင်​ထား​သော​ငါး​ကို​လည်း​ကောင်း၊ မုန့်​ကို​လည်း​ကောင်း တွေ့​မြင်​ကြ၏။- ယေ​ရှု​က​လည်း၊ ယ​ခု​ရ​သော​ငါး​အ​ချို့​ကို ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။- ရှိ​မုန်​ပေ​တ​ရု​သည် လှေ​ပေါ်​သို့​တက်၍၊ ငါး​ကြီး​တစ်​ရာ​ငါး​ဆယ်​သုံး​ကောင်​နှင့် ပြည့်​လျက်​ရှိ​သော ပိုက်​ကွန်​ကို ကုန်း​ပေါ်​သို့ ဆွဲ​တင်​လေ၏။ ထို​မျှ​လောက် များ​သော်​လည်း ပိုက်​ကွန်​သည် မ​စုတ်​မ​ပြတ်​ရှိ၏။- ယေ​ရှု​က​လည်း၊ လာ၍​နံ​နက်​စာ​ကို​စား​ကြ​လော့​ဟု မိန့်​တော်​မူ၏။ သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ကို တ​ပည့်​တော်​တို့​သည် သိ​ကြ​သော​ကြောင့် ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟူ၍ တစ်​စုံ​တစ်​ယောက်​မျှ မ​မေး​မ​လျှောက်​ဝံ့​ကြ။- ယေ​ရှု​သည် လာ၍​မုန့်​နှင့် ငါး​ကို​ယူ​ပြီး​လျှင် သူ​တို့​အား ပေး​တော်​မူ၏။- ထို​ပြ​တော်​မူ​ခြင်း​ကား၊ ယေ​ရှု​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နောက်၊ တ​ပည့်​တော်​တို့​အား ကိုယ်​ကို သုံး​ကြိမ်​မြောက်​သော ပြ​တော်​မူ​ခြင်း​ဖြစ်​သ​တည်း။ နံ​နက်​စာ​ကို စား​ကြ​သည်​နောက်၊ ယေ​ရှု​က၊ ယော​န၏​သား ရှိ​မုန်၊ ဤ​သူ​တို့​သည် ငါ့​ကို ချစ်​သည်​ထက် သင်​သည်​သာ၍​ချစ်​သ​လော​ဟု ရှိ​မုန်​ပေ​တ​ရု​အား မေး​တော်​မူ​လျှင်၊ ဟုတ်​ပါ၏​သ​ခင်။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ငါ၏​သိုး​သ​ငယ်​တို့​ကို ကျွေး​မွေး​လော့​ဟု မိန့်​တော်​မူ၏။- တစ်​ဖန်​ယေ​ရှု​က၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု ဒု​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ ဟုတ်​ပါ၏​သ​ခင်။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ငါ၏​သိုး​တို့​ကို ထိန်း​လော့​ဟု​မိန့်​တော်​မူ၏။- ယေ​ရှု​က​လည်း၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော​ဟု သုံး​ကြိမ်​မြောက်​အောင် မေး​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည်​စိတ်​နာ​သ​ဖြင့်၊ သ​ခင်၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ယေ​ရှု​က၊ ငါ၏​သိုး​တို့​ကို ကျွေး​မွေး​လော့။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​သည်​ပျို​သော အ​သက်​ရှိ​စဉ် ကိုယ်​ကို​ကိုယ်​ပတ်​စည်း၍ အ​လို​ရှိ​ရာ အ​ရပ်​ရပ်​သို့ သွား​လာ​တတ်၏။ သင်​သည် အို​သော​အ​ခါ လက်​နှစ်​ဖက်​ကို ဆန့်​ပြီး​လျှင်၊ သူ​တစ်​ပါး​သည် သင့်​ကို ပတ်​စည်း၍ သင်​အ​လို​မ​ရှိ​ရာ​အ​ရပ်​သို့ ယူ​သွား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ထို​သို့​မိန့်​တော်​မူ​သော်၊ အ​ဘယ်​သို့​သော​သေ​ခြင်း​အား​ဖြင့် ပေ​တ​ရု​သည် ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​မည်​အ​ရိပ်​ကို ပေး​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​ပြီး​မှ၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု ပေ​တ​ရု​အား မိန့်​တော်​ပြန်၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။