YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 19:39-42

ရှင်ယောဟန် 19:39-42 JBMLE

အ​ထက်​က ည​အ​ခါ ယေ​ရှု​ထံ​သို့​လာ​သော နိ​ကော​ဒင်​သည်​လည်း၊ အ​ခွက်​သုံး​ဆယ်​မျှ​လောက်​အ​ချိန်​ရှိ​သော မု​ရန်​နှင့် အ​ကျော်​ကို ရော​နှော​သော နံ့​သာ​ပေါင်း​ကို ဆောင်​လျက်​လာ၏။- ထို​သူ​တို့​သည် ယေ​ရှု၏​အ​လောင်း​တော်​ကို​ယူ၍၊ ယု​ဒ​လူ​တို့၏ သင်္ဂြိုဟ်​ခြင်း​နှင့်​ဆိုင်​သော​ပြင်​ဆင်​ခြင်း ထုံး​စံ​ရှိ​သည်​အ​တိုင်း နံ့​သာ​မျိုး​နှင့်​တ​ကွ ပိတ်​ပု​ဆိုး​ဖြင့် အ​လောင်း​တော်​ကို ပတ်​ရစ်​ကြ၏။- လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​အ​ရပ်​တွင် ဥ​ယျာဉ်​ရှိ၏။ ထို​ဥ​ယျာဉ်၌ တစ်​ယောက်​ကို​မျှ မ​သင်္ဂြိုဟ်​ဖူး​သော သင်္ချိုင်း​တွင်း​သစ်​ရှိ၏။- ယု​ဒ​လူ​တို့၏ အ​ဖိတ်​နေ့​ဖြစ်​သော​ကြောင့်၊ အ​နီး​အ​ပါး​တွင်​ရှိ​သော ထို​သင်္ချိုင်း​တွင်း၌ အ​လောင်း​တော်​ကို​ထား​ကြ၏။