YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 19:39-42

ရှင်ယောဟန် 19:39-42 Judson Bible (JBMLE)

အ​ထက်​က ည​အ​ခါ ယေ​ရှု​ထံ​သို့​လာ​သော နိ​ကော​ဒင်​သည်​လည်း၊ အ​ခွက်​သုံး​ဆယ်​မျှ​လောက်​အ​ချိန်​ရှိ​သော မု​ရန်​နှင့် အ​ကျော်​ကို ရော​နှော​သော နံ့​သာ​ပေါင်း​ကို ဆောင်​လျက်​လာ၏။- ထို​သူ​တို့​သည် ယေ​ရှု၏​အ​လောင်း​တော်​ကို​ယူ၍၊ ယု​ဒ​လူ​တို့၏ သင်္ဂြိုဟ်​ခြင်း​နှင့်​ဆိုင်​သော​ပြင်​ဆင်​ခြင်း ထုံး​စံ​ရှိ​သည်​အ​တိုင်း နံ့​သာ​မျိုး​နှင့်​တ​ကွ ပိတ်​ပု​ဆိုး​ဖြင့် အ​လောင်း​တော်​ကို ပတ်​ရစ်​ကြ၏။- လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​အ​ရပ်​တွင် ဥ​ယျာဉ်​ရှိ၏။ ထို​ဥ​ယျာဉ်၌ တစ်​ယောက်​ကို​မျှ မ​သင်္ဂြိုဟ်​ဖူး​သော သင်္ချိုင်း​တွင်း​သစ်​ရှိ၏။- ယု​ဒ​လူ​တို့၏ အ​ဖိတ်​နေ့​ဖြစ်​သော​ကြောင့်၊ အ​နီး​အ​ပါး​တွင်​ရှိ​သော ထို​သင်္ချိုင်း​တွင်း၌ အ​လောင်း​တော်​ကို​ထား​ကြ၏။

ရှင်ယောဟန် 19:39-42 Common Language Bible (BCL)

ယ​ခင်​သ​ခင်​ယေ​ရှု​ကို​ည​အ​ခါ​လာ​ရောက် တွေ့​ဆုံ​သူ​နိ​ကော​ဒင်​သည်​လည်း မု​ရန်​နှင့် အ​ကျော်​ရော​နှော​သော​ဆီ​မွှေး​နံ့​သာ​ပေါင်း အ​ချိန်​နှစ်​ဆယ့်​ငါး​ပိ​ဿာ​ခန့်​ကို​ယူ​၍ ယော သပ်​နှင့်​အ​တူ​လိုက်​သွား​၏။- သူ​တို့​သည်​သ​ခင်​ယေ​ရှု​၏​အ​လောင်း​တော်​ကို ယူ​၍​ယု​ဒ​အ​မျိုး​သား​တို့​၏​သင်္ဂြိုဟ်​ခြင်း​ဆိုင် ရာ​ဋ္ဌ​လေ့​ထုံး​စံ​အ​တိုင်း နံ့​သာ​ပေါင်း​နှင့်​အ​တူ ပိတ်​ဖြင့်​ရစ်​ပတ်​ကြ​၏။- ကိုယ်​တော်​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ် သည့်​အ​ရပ်​၌​ဥ​ယျာဉ်​တစ်​ခု​ရှိ​၏။ ထို​ဥ​ယျာဉ် တွင်​မည်​သူ​ကို​မျှ​မ​သင်္ဂြိုဟ်​ဘူး​သေး​သည့် သင်္ချိုင်း​ဂူ​တစ်​ခု​ရှိ​၏။- ထို​နေ့​သည်​ယု​ဒ​အ​မျိုး​သား​တို့​၏​အ​ဖိတ် နေ့​ဖြစ်​သော​ကြောင့် အ​လောင်း​တော်​ကို​အ​နီး တွင်​ရှိ​သည့်​ထို​ဂူ​၌​ပင်​သင်္ဂြိုဟ်​ကြ​၏။

ရှင်ယောဟန် 19:39-42 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယခင်​က ယေရှု​ထံသို့ ည​အချိန်​လာ​ဖူး​သော နိကောဒင်​သည်​လည်း မုရန်​နှင့်​အကျော်​ရောနှော​ထား​သော​နံ့သာ ပိဿာ​နှစ်ဆယ်​ခန့်​ကို ယူဆောင်​၍​လာ​လေ​၏။ ထို​သူ​တို့​သည် ယေရှု​၏​အလောင်း​တော်​ကို​ယူ​၍ ဂျူး​လူမျိုး​တို့​၏​သင်္ဂြိုဟ်​ခြင်း​ဆိုင်ရာ ဓလေ့​ထုံးစံ​အတိုင်း အလောင်း​တော်​ကို အမွှေးနံ့သာ​နှင့်အတူ ပိတ်ထည်​များ​ဖြင့်​ပတ်စည်း​ကြ​၏။ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံ​တော်မူ​သော​အရပ်​တွင် ဥယျာဉ်​တစ်​ခု​ရှိ​၍ ထို​ဥယျာဉ်​၌ မည်သူ့​ကို​မျှ မ​သင်္ဂြိုဟ်​ဖူး​သေး​သော သင်္ချိုင်း​ဂူ​သစ်​တစ်​ခု​ရှိ​၏။ ထို​နေ့​သည် ဂျူး​လူမျိုး​တို့​၏​ပြင်ဆင်​ရာ​နေ့​ဖြစ်​ပြီး ထို​သင်္ချိုင်း​ဂူ​သည်​လည်း အနီး​တွင်​ရှိ​သောကြောင့် ယေရှု​ကို ထို​ဂူ​၌​သင်္ဂြိုဟ်​ကြ​၏။