YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 19:38-40

ရှင်ယောဟန် 19:38-40 JBMLE

ထို​နောက်​မှ အ​ရိ​မ​သဲ​မြို့​သား​ယော​သပ်​သည် ယု​ဒ​လူ​တို့​ကို​ကြောက်၍ မ​ထင်​မ​ရှား​တ​ပည့်​တော်​ဖြစ်​သည်​နှင့်၊ ပိ​လတ်​မင်း​ထံ​သို့​ဝင်၍ ယေ​ရှု၏​အ​လောင်း​တော်​ကို ယူ​သွား​မည်​အ​ကြောင်း အ​ခွင့်​တောင်း၏။ ပိ​လတ်​မင်း​အ​ခွင့်​ပေး​လျှင်၊ ထို​သူ​သည်​သွား၍ ယေ​ရှု၏​အ​လောင်း​တော်​ကို ယူ​လေ၏။- အ​ထက်​က ည​အ​ခါ ယေ​ရှု​ထံ​သို့​လာ​သော နိ​ကော​ဒင်​သည်​လည်း၊ အ​ခွက်​သုံး​ဆယ်​မျှ​လောက်​အ​ချိန်​ရှိ​သော မု​ရန်​နှင့် အ​ကျော်​ကို ရော​နှော​သော နံ့​သာ​ပေါင်း​ကို ဆောင်​လျက်​လာ၏။- ထို​သူ​တို့​သည် ယေ​ရှု၏​အ​လောင်း​တော်​ကို​ယူ၍၊ ယု​ဒ​လူ​တို့၏ သင်္ဂြိုဟ်​ခြင်း​နှင့်​ဆိုင်​သော​ပြင်​ဆင်​ခြင်း ထုံး​စံ​ရှိ​သည်​အ​တိုင်း နံ့​သာ​မျိုး​နှင့်​တ​ကွ ပိတ်​ပု​ဆိုး​ဖြင့် အ​လောင်း​တော်​ကို ပတ်​ရစ်​ကြ၏။