YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 19:38-40

ရှင်ယောဟန် 19:38-40 Judson Bible (JBMLE)

ထို​နောက်​မှ အ​ရိ​မ​သဲ​မြို့​သား​ယော​သပ်​သည် ယု​ဒ​လူ​တို့​ကို​ကြောက်၍ မ​ထင်​မ​ရှား​တ​ပည့်​တော်​ဖြစ်​သည်​နှင့်၊ ပိ​လတ်​မင်း​ထံ​သို့​ဝင်၍ ယေ​ရှု၏​အ​လောင်း​တော်​ကို ယူ​သွား​မည်​အ​ကြောင်း အ​ခွင့်​တောင်း၏။ ပိ​လတ်​မင်း​အ​ခွင့်​ပေး​လျှင်၊ ထို​သူ​သည်​သွား၍ ယေ​ရှု၏​အ​လောင်း​တော်​ကို ယူ​လေ၏။- အ​ထက်​က ည​အ​ခါ ယေ​ရှု​ထံ​သို့​လာ​သော နိ​ကော​ဒင်​သည်​လည်း၊ အ​ခွက်​သုံး​ဆယ်​မျှ​လောက်​အ​ချိန်​ရှိ​သော မု​ရန်​နှင့် အ​ကျော်​ကို ရော​နှော​သော နံ့​သာ​ပေါင်း​ကို ဆောင်​လျက်​လာ၏။- ထို​သူ​တို့​သည် ယေ​ရှု၏​အ​လောင်း​တော်​ကို​ယူ၍၊ ယု​ဒ​လူ​တို့၏ သင်္ဂြိုဟ်​ခြင်း​နှင့်​ဆိုင်​သော​ပြင်​ဆင်​ခြင်း ထုံး​စံ​ရှိ​သည်​အ​တိုင်း နံ့​သာ​မျိုး​နှင့်​တ​ကွ ပိတ်​ပု​ဆိုး​ဖြင့် အ​လောင်း​တော်​ကို ပတ်​ရစ်​ကြ၏။

ရှင်ယောဟန် 19:38-40 Common Language Bible (BCL)

ထို​နောက်​အ​ရိ​မ​ဿဲ​မြို့​သား​ယော​သပ်​သည် သ​ခင်​ယေ​ရှု​၏​အ​လောင်း​တော်​ကို​ယူ​ခွင့်​ပြု ရန်​ပိ​လတ်​မင်း​အား​တောင်း​လျှောက်​၏။ (ယော​သပ် ကား​ယု​ဒ​အာ​ဏာ​ပိုင်​တို့​ကို​ကြောက်​သ​ဖြင့် မ​ထင်​မ​ရှား​သ​ခင်​ယေ​ရှု​၏​တပည့်​တော်​ဖြစ် သ​တည်း။) ပိ​လတ်​မင်း​ခွင့်​ပြု​တော်​မူ​သ​ဖြင့် ယော​သပ်​သည်​အ​လောင်း​တော်​ကို​လာ​ယူ​၏။- ယ​ခင်​သ​ခင်​ယေ​ရှု​ကို​ည​အ​ခါ​လာ​ရောက် တွေ့​ဆုံ​သူ​နိ​ကော​ဒင်​သည်​လည်း မု​ရန်​နှင့် အ​ကျော်​ရော​နှော​သော​ဆီ​မွှေး​နံ့​သာ​ပေါင်း အ​ချိန်​နှစ်​ဆယ့်​ငါး​ပိ​ဿာ​ခန့်​ကို​ယူ​၍ ယော သပ်​နှင့်​အ​တူ​လိုက်​သွား​၏။- သူ​တို့​သည်​သ​ခင်​ယေ​ရှု​၏​အ​လောင်း​တော်​ကို ယူ​၍​ယု​ဒ​အ​မျိုး​သား​တို့​၏​သင်္ဂြိုဟ်​ခြင်း​ဆိုင် ရာ​ဋ္ဌ​လေ့​ထုံး​စံ​အ​တိုင်း နံ့​သာ​ပေါင်း​နှင့်​အ​တူ ပိတ်​ဖြင့်​ရစ်​ပတ်​ကြ​၏။

ရှင်ယောဟန် 19:38-40 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုသို့​ဖြစ်​ပြီး​သည့်​နောက် ဂျူး​လူမျိုး​တို့​ကို​ကြောက်​သောကြောင့် လျှို့ဝှက်​စွာ ယေရှု​၏​တပည့်​တော်​ဖြစ်​နေ​သော အရိမသဲ​မြို့သား ယောသပ်​ဆို​သူ​သည် ယေရှု​၏​အလောင်း​တော်​ကို ယူ​သွား​ခွင့်ပြု​ရန် ပိလတ်​မင်း​အား တောင်းဆို​လေ​၏။ ပိလတ်​မင်း​သည်​လည်း ခွင့်ပြု​လိုက်​သဖြင့် သူ​သည်​လာ​၍ အလောင်း​တော်​ကို ယူ​သွား​လေ​၏။ ယခင်​က ယေရှု​ထံသို့ ည​အချိန်​လာ​ဖူး​သော နိကောဒင်​သည်​လည်း မုရန်​နှင့်​အကျော်​ရောနှော​ထား​သော​နံ့သာ ပိဿာ​နှစ်ဆယ်​ခန့်​ကို ယူဆောင်​၍​လာ​လေ​၏။ ထို​သူ​တို့​သည် ယေရှု​၏​အလောင်း​တော်​ကို​ယူ​၍ ဂျူး​လူမျိုး​တို့​၏​သင်္ဂြိုဟ်​ခြင်း​ဆိုင်ရာ ဓလေ့​ထုံးစံ​အတိုင်း အလောင်း​တော်​ကို အမွှေးနံ့သာ​နှင့်အတူ ပိတ်ထည်​များ​ဖြင့်​ပတ်စည်း​ကြ​၏။