YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 19:28-42

ရှင်ယောဟန် 19:28-42 JBMLE

ထို​နောက်​မှ ကျမ်း​စာ​ပြည့်​စုံ​စေ​ခြင်း​ငှာ အ​မှု​ရှိ​သ​မျှ​ကုန်​စင်​ပြီး​သည်​ကို သိ​တော်​မူ​လျှင်၊ ရေ​ငတ်​သည်​ဟု မိန့်​တော်​မူ၏။- ထို​အ​ရပ်၌ ပုံး​ရည်​နှင့်​ပြည့်​သော အိုး​တစ်​လုံး​ရှိ​သည်​ဖြစ်၍၊ ထို​သူ​တို့​သည် ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ဟုဿုပ်​ပင် အ​ကိုင်း​ဖျား၌​တပ်၍ ခံ​တွင်း​တော်​သို့​ကပ်​ထား​ကြ၏။- ယေ​ရှု​သည် ပုံး​ရည်​ကို​ခံ​ပြီး​မှ၊ အ​မှု​ပြီး​ပြီ​ဟု မိန့်​တော်​မူ​လျက်၊ ခေါင်း​တော်​ကို ငိုက်​စိုက်​ညွှတ်၍ အ​သက်​တော်​ကို စွန့်​တော်​မူ၏။ ထို​နေ့​သည် အ​ဖိတ်​နေ့​ဖြစ်၍၊ နက်​ဖြန်​နေ့​လည်း ကြီး​မြတ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်​ကို ယု​ဒ​လူ​တို့​သည် ထောက်၍၊ အ​လောင်း​ကောင်​တို့​ကို ဥ​ပုသ်​နေ့၌ လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ မ​ရှိ​စေ​ခြင်း​ငှာ ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင်၊ ခြေ​ကို​ချိုး၍ ထို​အ​လောင်း​ကောင်​တို့​ကို ယူ​သွား​ရ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။- ထို​အ​ခါ​စစ်​သူ​ရဲ​တို့​သည် သွား၍ ကိုယ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​သူ​နှစ်​ယောက်​တို့၏ ခြေ​ကို​ချိုး​လေ၏။- ယေ​ရှု​ထံ​သို့​ရောက်၍ အ​သက်​မ​ရှိ​ကြောင်း​ကို​မြင်​လျှင် ခြေ​ကို​မ​ချိုး​ဘဲ၊- စစ်​သူ​ရဲ​တစ်​ယောက်​သည် နံ​ဘေး​တော်​ကို လှံ​နှင့်​ထိုး​ဖောက်၍ သွေး​နှင့် ရေ​သည် ချက်​ချင်း​ထွက်​လာ၏။- ထို​အ​ကြောင်း​အ​ရာ​ကို​မြင်​သော​သူ​သည် သက်​သေ​ခံ၏။ သူ၏​သက်​သေ​ခံ​ချက်​သည်​လည်း မှန်​ပေ၏။ သင်​တို့​သည် ယုံ​ကြည်​မည်​အ​ကြောင်း၊ သူ​ပြော​သော​စ​ကား​မှန်​သည်​ကို သူ​သိ၏။- ထို​အ​ကြောင်း​အ​ရာ​ကား၊ သူ၏​အ​ရိုး​ကို မ​ချိုး​ရ​ဟု ကျမ်း​စာ​လာ​ချက် ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။- တစ်​ဖန် ကျမ်း​စာ​လာ​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့ ထိုး​ဖောက်​သော​သူ​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်​ဟု လာ၏။ ထို​နောက်​မှ အ​ရိ​မ​သဲ​မြို့​သား​ယော​သပ်​သည် ယု​ဒ​လူ​တို့​ကို​ကြောက်၍ မ​ထင်​မ​ရှား​တ​ပည့်​တော်​ဖြစ်​သည်​နှင့်၊ ပိ​လတ်​မင်း​ထံ​သို့​ဝင်၍ ယေ​ရှု၏​အ​လောင်း​တော်​ကို ယူ​သွား​မည်​အ​ကြောင်း အ​ခွင့်​တောင်း၏။ ပိ​လတ်​မင်း​အ​ခွင့်​ပေး​လျှင်၊ ထို​သူ​သည်​သွား၍ ယေ​ရှု၏​အ​လောင်း​တော်​ကို ယူ​လေ၏။- အ​ထက်​က ည​အ​ခါ ယေ​ရှု​ထံ​သို့​လာ​သော နိ​ကော​ဒင်​သည်​လည်း၊ အ​ခွက်​သုံး​ဆယ်​မျှ​လောက်​အ​ချိန်​ရှိ​သော မု​ရန်​နှင့် အ​ကျော်​ကို ရော​နှော​သော နံ့​သာ​ပေါင်း​ကို ဆောင်​လျက်​လာ၏။- ထို​သူ​တို့​သည် ယေ​ရှု၏​အ​လောင်း​တော်​ကို​ယူ၍၊ ယု​ဒ​လူ​တို့၏ သင်္ဂြိုဟ်​ခြင်း​နှင့်​ဆိုင်​သော​ပြင်​ဆင်​ခြင်း ထုံး​စံ​ရှိ​သည်​အ​တိုင်း နံ့​သာ​မျိုး​နှင့်​တ​ကွ ပိတ်​ပု​ဆိုး​ဖြင့် အ​လောင်း​တော်​ကို ပတ်​ရစ်​ကြ၏။- လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​အ​ရပ်​တွင် ဥ​ယျာဉ်​ရှိ၏။ ထို​ဥ​ယျာဉ်၌ တစ်​ယောက်​ကို​မျှ မ​သင်္ဂြိုဟ်​ဖူး​သော သင်္ချိုင်း​တွင်း​သစ်​ရှိ၏။- ယု​ဒ​လူ​တို့၏ အ​ဖိတ်​နေ့​ဖြစ်​သော​ကြောင့်၊ အ​နီး​အ​ပါး​တွင်​ရှိ​သော ထို​သင်္ချိုင်း​တွင်း၌ အ​လောင်း​တော်​ကို​ထား​ကြ၏။

​ရှင်ယောဟန် 19:28-42 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။