YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 19:28-42

ရှင်ယောဟန် 19:28-42 Judson Bible (JBMLE)

ထို​နောက်​မှ ကျမ်း​စာ​ပြည့်​စုံ​စေ​ခြင်း​ငှာ အ​မှု​ရှိ​သ​မျှ​ကုန်​စင်​ပြီး​သည်​ကို သိ​တော်​မူ​လျှင်၊ ရေ​ငတ်​သည်​ဟု မိန့်​တော်​မူ၏။- ထို​အ​ရပ်၌ ပုံး​ရည်​နှင့်​ပြည့်​သော အိုး​တစ်​လုံး​ရှိ​သည်​ဖြစ်၍၊ ထို​သူ​တို့​သည် ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ဟုဿုပ်​ပင် အ​ကိုင်း​ဖျား၌​တပ်၍ ခံ​တွင်း​တော်​သို့​ကပ်​ထား​ကြ၏။- ယေ​ရှု​သည် ပုံး​ရည်​ကို​ခံ​ပြီး​မှ၊ အ​မှု​ပြီး​ပြီ​ဟု မိန့်​တော်​မူ​လျက်၊ ခေါင်း​တော်​ကို ငိုက်​စိုက်​ညွှတ်၍ အ​သက်​တော်​ကို စွန့်​တော်​မူ၏။ ထို​နေ့​သည် အ​ဖိတ်​နေ့​ဖြစ်၍၊ နက်​ဖြန်​နေ့​လည်း ကြီး​မြတ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်​ကို ယု​ဒ​လူ​တို့​သည် ထောက်၍၊ အ​လောင်း​ကောင်​တို့​ကို ဥ​ပုသ်​နေ့၌ လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ မ​ရှိ​စေ​ခြင်း​ငှာ ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင်၊ ခြေ​ကို​ချိုး၍ ထို​အ​လောင်း​ကောင်​တို့​ကို ယူ​သွား​ရ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။- ထို​အ​ခါ​စစ်​သူ​ရဲ​တို့​သည် သွား၍ ကိုယ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​သူ​နှစ်​ယောက်​တို့၏ ခြေ​ကို​ချိုး​လေ၏။- ယေ​ရှု​ထံ​သို့​ရောက်၍ အ​သက်​မ​ရှိ​ကြောင်း​ကို​မြင်​လျှင် ခြေ​ကို​မ​ချိုး​ဘဲ၊- စစ်​သူ​ရဲ​တစ်​ယောက်​သည် နံ​ဘေး​တော်​ကို လှံ​နှင့်​ထိုး​ဖောက်၍ သွေး​နှင့် ရေ​သည် ချက်​ချင်း​ထွက်​လာ၏။- ထို​အ​ကြောင်း​အ​ရာ​ကို​မြင်​သော​သူ​သည် သက်​သေ​ခံ၏။ သူ၏​သက်​သေ​ခံ​ချက်​သည်​လည်း မှန်​ပေ၏။ သင်​တို့​သည် ယုံ​ကြည်​မည်​အ​ကြောင်း၊ သူ​ပြော​သော​စ​ကား​မှန်​သည်​ကို သူ​သိ၏။- ထို​အ​ကြောင်း​အ​ရာ​ကား၊ သူ၏​အ​ရိုး​ကို မ​ချိုး​ရ​ဟု ကျမ်း​စာ​လာ​ချက် ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။- တစ်​ဖန် ကျမ်း​စာ​လာ​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့ ထိုး​ဖောက်​သော​သူ​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်​ဟု လာ၏။ ထို​နောက်​မှ အ​ရိ​မ​သဲ​မြို့​သား​ယော​သပ်​သည် ယု​ဒ​လူ​တို့​ကို​ကြောက်၍ မ​ထင်​မ​ရှား​တ​ပည့်​တော်​ဖြစ်​သည်​နှင့်၊ ပိ​လတ်​မင်း​ထံ​သို့​ဝင်၍ ယေ​ရှု၏​အ​လောင်း​တော်​ကို ယူ​သွား​မည်​အ​ကြောင်း အ​ခွင့်​တောင်း၏။ ပိ​လတ်​မင်း​အ​ခွင့်​ပေး​လျှင်၊ ထို​သူ​သည်​သွား၍ ယေ​ရှု၏​အ​လောင်း​တော်​ကို ယူ​လေ၏။- အ​ထက်​က ည​အ​ခါ ယေ​ရှု​ထံ​သို့​လာ​သော နိ​ကော​ဒင်​သည်​လည်း၊ အ​ခွက်​သုံး​ဆယ်​မျှ​လောက်​အ​ချိန်​ရှိ​သော မု​ရန်​နှင့် အ​ကျော်​ကို ရော​နှော​သော နံ့​သာ​ပေါင်း​ကို ဆောင်​လျက်​လာ၏။- ထို​သူ​တို့​သည် ယေ​ရှု၏​အ​လောင်း​တော်​ကို​ယူ၍၊ ယု​ဒ​လူ​တို့၏ သင်္ဂြိုဟ်​ခြင်း​နှင့်​ဆိုင်​သော​ပြင်​ဆင်​ခြင်း ထုံး​စံ​ရှိ​သည်​အ​တိုင်း နံ့​သာ​မျိုး​နှင့်​တ​ကွ ပိတ်​ပု​ဆိုး​ဖြင့် အ​လောင်း​တော်​ကို ပတ်​ရစ်​ကြ၏။- လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​အ​ရပ်​တွင် ဥ​ယျာဉ်​ရှိ၏။ ထို​ဥ​ယျာဉ်၌ တစ်​ယောက်​ကို​မျှ မ​သင်္ဂြိုဟ်​ဖူး​သော သင်္ချိုင်း​တွင်း​သစ်​ရှိ၏။- ယု​ဒ​လူ​တို့၏ အ​ဖိတ်​နေ့​ဖြစ်​သော​ကြောင့်၊ အ​နီး​အ​ပါး​တွင်​ရှိ​သော ထို​သင်္ချိုင်း​တွင်း၌ အ​လောင်း​တော်​ကို​ထား​ကြ၏။

ရှင်ယောဟန် 19:28-42 Common Language Bible (BCL)

ထို​အ​ချိန်​၌​အ​မှု​ခပ်​သိမ်း​ပြီး​စီး​ပြီ​ဖြစ် ကြောင်း​ကို​သ​ခင်​ယေ​ရှု​သိ​တော်​မူ​သ​ဖြင့် ကျမ်း​စာ​တော်​လာ​သည်​အ​တိုင်း​ဖြစ်​ပျက် စေ​ရန်​ကိုယ်​တော်​က ``ငါ​ရေ​ငတ်​သည်'' ဟု မိန့်​တော်​မူ​၏။ ထို​နေ​ရာ​တွင်​ပုန်း​ရည်​အ​ပြည့်​ထည့်​ထား သော​အိုး​တစ်​လုံး​ရှိ​၏။ ထို​သူ​တို့​သည်​ရေ မြှုပ်​တစ်​ခု​ကို​ပုန်း​ရည်​တွင်​နှစ်​၍​ဟု​ဿုပ်​ပင် အ​ကိုင်း​အ​ဖျား​၌​တပ်​ပြီး​လျှင်​ကိုယ်​တော် ၏​ခံ​တွင်း​တော်​သို့​ကမ်း​ပေး​ကြ​၏။- သ​ခင်​ယေ​ရှု​သည်​ထို​ပုန်း​ရည်​ကို​သောက်​တော် မူ​ပြီး​မှ ``အ​မှု​ပြီး​ပြီ'' ဟု​မိန့်​တော်​မူ​ကာ ဦး​ခေါင်း​တော်​ကို​ငိုက်​လျက်​အ​သက်​ချုပ် တော်​မူ​၏။ ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​ထား​သူ​များ​၏​ခြေ​တို့​ကို​ချိုး​၍ အ​လောင်း​များ​ကို​ယူ​ဆောင်​သွား​ခွင့်​ပြု​ရန် ပိ​လတ်​မင်း​အား​တောင်း​လျှောက်​ကြ​၏။ သူ​တို့ ဤ​သို့​တောင်း​လျှောက်​ကြ​ရ​ခြင်း​မှာ​ထို​နေ့ သည်​အ​ဖိတ်​နေ့​ဖြစ်​၍​ဥ​ပုသ်​နေ့​၌ အ​လောင်း များ​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​မ​ရှိ​စေ​လို သော​ကြောင့်​လည်း​ကောင်း၊ ထို​ဥ​ပုသ်​နေ့​သည် လည်း​နေ့​ထူး​နေ့​မြတ်​ဖြစ်​သော​ကြောင့် လည်း​ကောင်း​ဖြစ်​ပေ​သည်။- ထို့​ကြောင့်​စစ်​သား​များ​သည်​လာ​၍​သ​ခင်​ယေ​ရှု နှင့်​အ​တူ​လက်​ဝါး​ကပ်​တိုင်​တွင်​အ​တင်​ခံ​ရ​သော ပ​ထ​မ​လူ​၏​ခြေ​များ​ကို​ချိုး​ပြီး​လျှင် အ​ခြား တစ်​ယောက်​၏​ခြေ​များ​ကို​လည်း​ချိုး​ကြ​၏။- ကိုယ်​တော်​ထံ​သို့​ရောက်​ကြ​သော​အ​ခါ​အ​သက် ချုပ်​တော်​မူ​ပြီး​ကြောင်း​ကို​တွေ့​ရှိ​သ​ဖြင့် ခြေ တော်​တို့​ကို​မ​ချိုး​ကြ​တော့​ချေ။- သို့​ရာ​တွင်​စစ်​သား​တစ်​ယောက်​သည်​ကိုယ်​တော် ၏​နံ​တော်​ကို​လှံ​ဖြင့်​ထိုး​လိုက်​ရာ​ချက်​ချင်း ပင်​သွေး​နှင့်​ရေ​ထွက်​လာ​၏။- (ဤ​အ​ဖြစ်​အ​ပျက်​ကို​သင်​တို့​သည်​လည်း​ယုံ ကြည်​ကြ​စေ​ရန်​မျက်​မြင်​သက်​သေ​တစ်​ဦး က​ဖော်​ပြ​ပါ​၏။ ထို​သူ​၏​ဖော်​ပြ​ချက်​သည် မှန်​ကန်​ပါ​၏။ ထို​သူ​ကိုယ်​တိုင်​ပင်​မိ​မိ​စ​ကား မှန်​ကန်​ကြောင်း​ကို​သိ​ပါ​၏။)- ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ ``သူ​၏​အ​ရိုး​တစ် ချောင်း​မျှ​မ​ကျိုး​စေ​ရ'' ဟု​ကျမ်း​စာ​တော် တွင်​ပါ​ရှိ​သည့်​အ​တိုင်း​ပင်​တည်း။- အ​ခြား​ကျမ်း​စာ​တစ်​ပုဒ်​တွင်​လည်း ``ထို​သူ တို့​သည်​မိ​မိ​လှံ​ဖြင့်​ထိုး​ဖောက်​သော​သူ​ကို ရှု​ကြည့်​ကြ​ရ​လိမ့်​မည်'' ဟု​ပါ​ရှိ​သေး​၏။ ထို​နောက်​အ​ရိ​မ​ဿဲ​မြို့​သား​ယော​သပ်​သည် သ​ခင်​ယေ​ရှု​၏​အ​လောင်း​တော်​ကို​ယူ​ခွင့်​ပြု ရန်​ပိ​လတ်​မင်း​အား​တောင်း​လျှောက်​၏။ (ယော​သပ် ကား​ယု​ဒ​အာ​ဏာ​ပိုင်​တို့​ကို​ကြောက်​သ​ဖြင့် မ​ထင်​မ​ရှား​သ​ခင်​ယေ​ရှု​၏​တပည့်​တော်​ဖြစ် သ​တည်း။) ပိ​လတ်​မင်း​ခွင့်​ပြု​တော်​မူ​သ​ဖြင့် ယော​သပ်​သည်​အ​လောင်း​တော်​ကို​လာ​ယူ​၏။- ယ​ခင်​သ​ခင်​ယေ​ရှု​ကို​ည​အ​ခါ​လာ​ရောက် တွေ့​ဆုံ​သူ​နိ​ကော​ဒင်​သည်​လည်း မု​ရန်​နှင့် အ​ကျော်​ရော​နှော​သော​ဆီ​မွှေး​နံ့​သာ​ပေါင်း အ​ချိန်​နှစ်​ဆယ့်​ငါး​ပိ​ဿာ​ခန့်​ကို​ယူ​၍ ယော သပ်​နှင့်​အ​တူ​လိုက်​သွား​၏။- သူ​တို့​သည်​သ​ခင်​ယေ​ရှု​၏​အ​လောင်း​တော်​ကို ယူ​၍​ယု​ဒ​အ​မျိုး​သား​တို့​၏​သင်္ဂြိုဟ်​ခြင်း​ဆိုင် ရာ​ဋ္ဌ​လေ့​ထုံး​စံ​အ​တိုင်း နံ့​သာ​ပေါင်း​နှင့်​အ​တူ ပိတ်​ဖြင့်​ရစ်​ပတ်​ကြ​၏။- ကိုယ်​တော်​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ် သည့်​အ​ရပ်​၌​ဥ​ယျာဉ်​တစ်​ခု​ရှိ​၏။ ထို​ဥ​ယျာဉ် တွင်​မည်​သူ​ကို​မျှ​မ​သင်္ဂြိုဟ်​ဘူး​သေး​သည့် သင်္ချိုင်း​ဂူ​တစ်​ခု​ရှိ​၏။- ထို​နေ့​သည်​ယု​ဒ​အ​မျိုး​သား​တို့​၏​အ​ဖိတ် နေ့​ဖြစ်​သော​ကြောင့် အ​လောင်း​တော်​ကို​အ​နီး တွင်​ရှိ​သည့်​ထို​ဂူ​၌​ပင်​သင်္ဂြိုဟ်​ကြ​၏။

ရှင်ယောဟန် 19:28-42 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ယေရှု​သည် အမှု​အလုံးစုံ​ပြီးစီး​ပြီ​ဖြစ်​ကြောင်း သိ​တော်မူ​၍ ကျမ်းစာ​ကို​ပြည့်စုံ​စေရန်“ငါ​ရေငတ်​သည်”​ဟု မိန့်​တော်မူ​၏။ ထို​အရပ်​၌ ဝိုင်ချဉ်​အပြည့်​ရှိ​သော အိုး​တစ်​လုံး​ကို​ထားရှိ​သည်​ဖြစ်​၍ လူ​တို့​သည် ဝိုင်ချဉ်​ဝ​နေ​သော​ရေမြှုပ်​ကို ဟုဿုပ်​ရိုးတံ​အဖျား​၌​တပ်​လျက် နှုတ်ခမ်း​တော်​နား​သို့​ကပ်​ပေး​ကြ​၏။ ထိုသို့ ဝိုင်ချဉ်​ကို​ခံယူ​ပြီး​သောအခါ ယေရှု​သည်“အမှု​ပြီး​ပြီ”​ဟု မိန့်​တော်မူ​လျက် ဦးခေါင်း​တော်​ငိုက်စိုက်​ကျ​ကာ အသက်​ကို​စွန့်​တော်မူ​၏။ ထို​နေ့​သည် ပြင်ဆင်​ရာ​နေ့​ဖြစ်​ပြီး နောက်တစ်နေ့​သည် ကြီးမြတ်​သော​ဥပုသ်နေ့​ဖြစ်​သောကြောင့် ဂျူး​လူမျိုး​တို့​သည် ထို​ဥပုသ်နေ့​တွင် လက်ဝါးကပ်တိုင်​ပေါ်မှာ အလောင်း​များ​မ​ရှိ​စေ​လို​သဖြင့် လက်ဝါးကပ်တိုင်​ပေါ်၌ တင်​ထား​ခြင်း​ခံရ​သော​သူ​များ​၏​ခြေ​တို့​ကို​ချိုး​ပြီး အလောင်း​များ​ကို​ယူ​သွား​ခွင့်​ပေး​ရန် ပိလတ်​မင်း​ထံ တောင်းဆို​ကြ​၏။ ထို့ကြောင့် စစ်သား​တို့​သည်​လာ​၍ ယေရှု​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​သူ ပထမ​တစ်ဦး​၏​ခြေ​နှင့် နောက်​တစ်ဦး​၏​ခြေ​တို့​ကို ချိုး​ကြ​၏။ သို့သော် ယေရှု​ထံသို့​ရောက်​၍ ကိုယ်တော်​သေဆုံး​ပြီ​ဖြစ်​ကြောင်း တွေ့မြင်​သောအခါ ခြေ​တော်​ကို​မ​ချိုး​ဘဲ စစ်သား​တစ်​ဦး​က နံဘေး​တော်​ကို လှံ​နှင့်​ထိုး​လေ​၏။ ထိုအခါ သွေး​နှင့်​ရေ​သည် ချက်ချင်း​ထွက်လာ​၏။ ဤ​အခြင်းအရာ​ကို​မြင်​သော​သူ​သည် သက်သေခံ​ခဲ့​၍ သူ​၏​သက်သေခံ​ချက်​သည်​မှန်ကန်​၏။ သင်​တို့​သည်​လည်း ယုံကြည်​ကြ​ရန် သူ​သည် မှန်ကန်​စွာ​ပြောဆို​နေ​ကြောင်း သူ​ကိုယ်တိုင်​သိ​၏။ ဤသို့​ဖြစ်ပျက်​ခဲ့​သည်​မှာ “သူ​၏​အရိုး​တစ်​ချောင်း​မျှ ချိုးဖဲ့​ခြင်း​မ​ခံရ”​ဟူသော​ကျမ်းချက်​ကို ပြည့်စုံ​စေရန်​ဖြစ်​၏။ တစ်ဖန် အခြား​သော​ကျမ်းချက်​၌ “သူ​တို့​သည် မိမိ​တို့​ထိုးဖောက်​သော​သူ​ကို ရှုမြင်​ရ​ကြ​လိမ့်မည်”​ဟု ဆို​ထား​၏။ ထိုသို့​ဖြစ်​ပြီး​သည့်​နောက် ဂျူး​လူမျိုး​တို့​ကို​ကြောက်​သောကြောင့် လျှို့ဝှက်​စွာ ယေရှု​၏​တပည့်​တော်​ဖြစ်​နေ​သော အရိမသဲ​မြို့သား ယောသပ်​ဆို​သူ​သည် ယေရှု​၏​အလောင်း​တော်​ကို ယူ​သွား​ခွင့်ပြု​ရန် ပိလတ်​မင်း​အား တောင်းဆို​လေ​၏။ ပိလတ်​မင်း​သည်​လည်း ခွင့်ပြု​လိုက်​သဖြင့် သူ​သည်​လာ​၍ အလောင်း​တော်​ကို ယူ​သွား​လေ​၏။ ယခင်​က ယေရှု​ထံသို့ ည​အချိန်​လာ​ဖူး​သော နိကောဒင်​သည်​လည်း မုရန်​နှင့်​အကျော်​ရောနှော​ထား​သော​နံ့သာ ပိဿာ​နှစ်ဆယ်​ခန့်​ကို ယူဆောင်​၍​လာ​လေ​၏။ ထို​သူ​တို့​သည် ယေရှု​၏​အလောင်း​တော်​ကို​ယူ​၍ ဂျူး​လူမျိုး​တို့​၏​သင်္ဂြိုဟ်​ခြင်း​ဆိုင်ရာ ဓလေ့​ထုံးစံ​အတိုင်း အလောင်း​တော်​ကို အမွှေးနံ့သာ​နှင့်အတူ ပိတ်ထည်​များ​ဖြင့်​ပတ်စည်း​ကြ​၏။ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံ​တော်မူ​သော​အရပ်​တွင် ဥယျာဉ်​တစ်​ခု​ရှိ​၍ ထို​ဥယျာဉ်​၌ မည်သူ့​ကို​မျှ မ​သင်္ဂြိုဟ်​ဖူး​သေး​သော သင်္ချိုင်း​ဂူ​သစ်​တစ်​ခု​ရှိ​၏။ ထို​နေ့​သည် ဂျူး​လူမျိုး​တို့​၏​ပြင်ဆင်​ရာ​နေ့​ဖြစ်​ပြီး ထို​သင်္ချိုင်း​ဂူ​သည်​လည်း အနီး​တွင်​ရှိ​သောကြောင့် ယေရှု​ကို ထို​ဂူ​၌​သင်္ဂြိုဟ်​ကြ​၏။