YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 16:23-33

ရှင်ယောဟန် 16:23-33 JBMLE

ထို​နေ့၌ သင်​တို့​သည် ငါ့​ကို​အ​လျှင်း​မ​မေး​မြန်း​ရ​ကြ။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ ဆု​တောင်း​သ​မျှ​တို့​ကို ခ​မည်း​တော်​သည် ပေး​တော်​မူ​မည်။- ယ​ခု​တိုင်​အောင် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ သင်​တို့​သည် အ​ဘယ်​ဆု​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​သည် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ တောင်း​ကြ​လော့။ ထို​သို့​တောင်း​လျှင် ရ​ကြ​လိမ့်​မည်။ ဤ​အ​ရာ​တို့​ကို ပုံ​ဥ​ပ​မာ​အား​ဖြင့် ငါ​ဟော​ပြော၏။ ပုံ​ဥ​ပ​မာ​အား​ဖြင့် မ​ဟော​မ​ပြော​ဘဲ၊ ခ​မည်း​တော်​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို သင်​တို့​အား အ​တည့်​အ​လင်း​ဖော်​ပြ​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။- ထို​ကာ​လ၌ သင်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ ဆု​တောင်း​ကြ​လိမ့်​မည်။ သင်​တို့​အ​ဖို့​အ​လို​ငှာ ငါ​သည် ခ​မည်း​တော်​ကို တောင်း​မည်​ဟု​မ​ဆို။- အ​ကြောင်း​မူ​ကား၊ သင်​တို့​သည်​ငါ့​ကို​ချစ်​ကြ၍၊ ငါ​သည် ဘု​ရား​သ​ခင်​အ​ထံ​တော်​မှ ကြွ​လာ​သည်​ကို ယုံ​ကြည်​သော​ကြောင့် ခ​မည်း​တော်​သည် ကိုယ်​တော်​တိုင် သင်​တို့​ကို​ချစ်​တော်​မူ၏။- ငါ​သည် ခ​မည်း​တော်​ထံ​မှ​ထွက်၍ ဤ​လော​က​သို့​ကြွ​လာ​ပြီ။ တစ်​ဖန် ဤ​လော​က​မှ​ထွက်၍ ခ​မည်း​တော်​ထံ​သို့ သွား​ဦး​မည်​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​က​လည်း၊ ကိုယ်​တော်​သည် ယ​ခု​တွင်​ပုံ​ဥ​ပ​မာ​ကို​မ​ဆောင်​ဘဲ အ​တည့်​အ​လင်း ဟော​ပြော​တော်​မူ၏။- အ​လုံး​စုံ​တို့​ကို သိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​ကို မေး​မြန်း​စေ​ခြင်း​ငှာ အ​လို​တော်​မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ယ​ခု​တွင် အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ဤ​အ​ကြောင်း​ကို​ထောက်၍ ကိုယ်​တော်​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ကြွ​တော်​မူ​သည်​ကို ယုံ​ပါ​သည်​ဟု လျှောက်​ကြ၏- ယေ​ရှု​က​လည်း၊ ယ​ခု​တွင်​ယုံ​ကြ​ပြီ​လော။- သင်​တို့​သည် ကွဲ​ပြား၍ ငါ့​ကို တစ်​ကိုယ်​တည်း​နေ​စေ​ခြင်း​ငှာ စွန့်​ပစ်​လျက်၊ အ​သီး​အ​သီး​မိ​မိ​တို့​နေ​ရာ​သို့ ပြေး​သွား​မည့်​အ​ချိန်​ကာ​လ​သည် လာ၍​ယ​ခု​ပင်​ရောက်​ပေ၏။ သို့​သော်​လည်း ငါ​သည် တစ်​ကိုယ်​တည်း​နေ​သည်​မ​ဟုတ်။ ခ​မည်း​တော်​သည် ငါ​နှင့်​အ​တူ​ရှိ​တော်​မူ၏။- သင်​တို့​သည် ငါ့​ကို​အ​မှီ​ပြု၍ ငြိမ်​သက်​ခြင်း​ရှိ​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို​ငါ​ဟော​ပြော​ပြီ။ သင်​တို့​သည် လော​က၌ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​သည် လော​က​ကို​အောင်​ပြီ​ဟု မိန့်​တော်​မူ၏။

​ရှင်ယောဟန် 16:23-33 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။