YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 16:16-24

ရှင်ယောဟန် 16:16-24 JBMLE

ခ​ဏ​ကြာ​ပြီး​မှ သင်​တို့​သည် ငါ့​ကို​မ​မြင်​ရ​ကြ။ တစ်​ဖန် ခ​ဏ​ကြာ​ပြီး​မှ ငါ့​ကို​မြင်​ပြန်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​ခ​မည်း​တော်​ထံ​သို့ သွား​မည်​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​အ​ချို့​က​လည်း၊ ခ​ဏ​ကြာ​ပြီး​မှ သင်​တို့​သည်​ငါ့​ကို မ​မြင်​ရ​ကြ။ တစ်​ဖန် ခ​ဏ​ကြာ​ပြီး​မှ ငါ့​ကို မြင်​ပြန်​ကြ​လိမ့်​မည်​ဟူ၍​လည်း​ကောင်း၊ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား​မည်​ဟူ၍​လည်း​ကောင်း၊ မိန့်​တော်​မူ​သော​စ​ကား​သည် အ​ဘယ်​သို့​နည်း။- ခ​ဏ​ဟူ၍​မိန့်​တော်​မူ​သော် အ​ဘယ်​သို့​ဆို​လို​သ​နည်း။ မိန့်​တော်​မူ​သော​စ​ကား​ကို အ​ကျွန်ုပ်​တို့​သည် နား​မ​လည်​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။- တ​ပည့်​တော်​တို့​သည် မေး​လျှောက်​လို​သည်​ကို ယေ​ရှု​သိ​မြင်​တော်​မူ​လျှင်၊ ခ​ဏ​ကြာ​ပြီး​မှ သင်​တို့​သည် ငါ့​ကို​မ​မြင်​ရ​ကြ။ တစ်​ဖန် ခ​ဏ​ကြာ​ပြီး​မှ ငါ့​ကို​မြင်​ပြန်​ကြ​လိမ့်​မည်​ဟု ငါ​ပြော​သော​စ​ကား​ကို သင်​တို့​သည် အ​ချင်း​ချင်း ဆင်​ခြင်​ကြ​သ​လော။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း ရှိ​ကြ​လိမ့်​မည်။ လော​ကီ​သား​တို့​သည် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား ဝမ်း​နည်း​ခြင်း​ရှိ​သော်​လည်း ထို​ဝမ်း​နည်း​ခြင်း​သည် တစ်​ဖန် ဝမ်း​မြောက်​ခြင်း ဖြစ်​လိမ့်​မည်။- မိန်း​မ​သည်​သား​ကို ဖွား​စဉ်​အ​ခါ ဖွား​ရ​သော​အ​ချိန်​စေ့​သော​ကြောင့် ဝမ်း​နည်း​ခြင်း​ရှိ၏။ ဖွား​မြင်​ပြီး​မှ ဤ​လော​က၌ လူ​တစ်​ယောက်​ကို​ဖွား​မြင်​သော​ကြောင့် ဝမ်း​မြောက်​ခြင်း​ရှိ၍၊ အ​ထက်​ခံ​ရ​သော​ဝေ​ဒ​နာ​ကို မေ့​လျော့​တတ်၏။- ထို​နည်း​တူ၊ ယ​ခု​တွင် သင်​တို့​သည် ဝမ်း​နည်း​ခြင်း​ရှိ​ကြ​သော်​လည်း၊ နောက်​တစ်​ဖန် သင်​တို့​ကို ငါ​တွေ့​မြင်​သ​ဖြင့် သင်​တို့​သည် စိတ်​နှ​လုံး​ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လိမ့်​မည်။ ထို​ဝမ်း​မြောက်​ခြင်း​ကို အ​ဘယ်​သူ​မျှ လု​ယူ​ဖျက်​ဆီး​ခြင်း​ငှာ မ​တတ်​နိုင်။- ထို​နေ့၌ သင်​တို့​သည် ငါ့​ကို​အ​လျှင်း​မ​မေး​မြန်း​ရ​ကြ။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ ဆု​တောင်း​သ​မျှ​တို့​ကို ခ​မည်း​တော်​သည် ပေး​တော်​မူ​မည်။- ယ​ခု​တိုင်​အောင် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ သင်​တို့​သည် အ​ဘယ်​ဆု​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​သည် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ တောင်း​ကြ​လော့။ ထို​သို့​တောင်း​လျှင် ရ​ကြ​လိမ့်​မည်။

​ရှင်ယောဟန် 16:16-24 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။