YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 14:6-11

ရှင်ယောဟန် 14:6-11 JBMLE

ယေ​ရှု​က၊ ငါ​သည် လမ်း​ခ​ရီး​ဖြစ်၏။ သ​မ္မာ​တ​ရား​လည်း​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။ ငါ့​ကို အ​မှီ​မ​ပြု​လျှင် အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​ရ။- သင်​တို့​သည် ငါ့​ကို​သိ​လျှင် ငါ့​ခ​မည်း​တော်​ကို မ​သိ​ဘဲ​မ​နေ​ကြ။ ယ​ခု​မှ​စ၍ ခ​မည်း​တော်​ကို​သိ​မြင်​ကြ၏​ဟု မိန့်​တော်​မူ၏။ ဖိ​လိ​ပ္ပု​က​လည်း၊ သ​ခင်၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​ပါ။ ထို​သို့​ပြ​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့ အ​လို​ပြည့်​စုံ​ပါ​မည်​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ ဖိ​လိ​ပ္ပု၊ ဤ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​ပြီး​မှ သင်​သည် ငါ့​ကို မ​သိ​သေး​သ​လော။ ငါ့​ကို​မြင်​သော​သူ​သည် ခ​မည်း​တော်​ကို​မြင်၏။ သို့​ဖြစ်​လျှင်၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​ပါ​ဟု သင်​သည်​အ​ဘယ်​သို့ ဆို​ရ​သ​နည်း။- ငါ​သည် ခ​မည်း​တော်၌ ရှိ​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​သည် ငါ၌​ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း မ​ယုံ​သ​လော။ ငါ​ဟော​ပြော​သော​စ​ကား​ကို ကိုယ်​အ​လို​အ​လျောက် ငါ​ဟော​ပြော​သည်​မ​ဟုတ်။ ငါ​ပြု​သော​အ​မှု​တို့​ကို​ကား၊ ငါ၌ တည်​နေ​တော်​မူ​သော ခ​မည်း​တော်​သည် ပြု​တော်​မူ၏။- ငါ​သည် ခ​မည်း​တော်၌ ရှိ​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​သည် ငါ၌​ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း ယုံ​ကြ​လော။ ငါ့​စ​ကား​ကို မ​ယုံ​လျှင်၊ ငါ့​အ​မှု​တို့​ကို​ထောက်၍ ယုံ​ကြ​လော့။

​ရှင်ယောဟန် 14:6-11 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။