YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 12:37-50

ရှင်ယောဟန် 12:37-50 JBMLE

ထို​မျှ​လောက်​ကြီး​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို သူ​တို့​မျက်​မှောက်၌ ပြ​တော်​မူ​သော်​လည်း သူ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ မ​ရောက်​ကြ။- ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ဖူး​သည်​ကား၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ဟော​ပြော​သော သ​တင်း​စ​ကား​ကို အ​ဘယ်​သူ​ယုံ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် အ​ဘယ်​သူ​အား ထင်​ရှား​တော်​မူ​သ​နည်း ဟူ​သော​စ​ကား​သည် ပြည့်​စုံ​ခြင်း​သို့​ရောက်​သ​တည်း။- တစ်​ဖန် ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ပြန်​သည်​ကား၊- သူ​တို့​မျက်​စိ​မ​မြင်၊ စိတ်​နှ​လုံး​နား​မ​လည်၊ အ​ကျင့်​မ​ပြောင်း​လဲ၊ သူ​တို့​အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​သည်​တိုင်​အောင် သူ​တို့​မျက်​စိ​ကို ကွယ်​စေ​တော်​မူ၏။ သူ​တို့​စိတ်​နှ​လုံး​ကို မိုက်​စေ​တော်​မူ၏ ဟူ​သော​စ​ကား​ကြောင့် ထို​သူ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ မ​ရောက်​နိုင်​ကြ။- ဟေ​ရှာ​ယ​သည် ဘုန်း​အာ​နု​ဘော်​တော်​ကို​မြင်၍ ဗျာ​ဒိတ်​တော်​ကို​ပြန်​စဉ်​တွင် ထို​စ​ကား​ကို ဟော​ပြော​သ​တည်း။- သို့​သော်​လည်း အ​ရာ​ရှိ​အ​များ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကြ၏။ တ​ရား​ဇ​ရပ်​မှ​ဖာ​ရိ​ရှဲ​တို့​သည် နှင်​ထုတ်​မည်​ကို စိုး​ရိမ်​သော​ကြောင့် ထင်​ရှား​စွာ​ဝန်​မ​ခံ​ကြ။- အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဘုန်း​အ​သ​ရေ​ထက် လူ​တို့​ပေး​သော ဘုန်း​အ​သ​ရေ​ကို သာ၍​နှစ်​သက်​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ့​ကို​သာ ယုံ​ကြည်​သည်​မ​ဟုတ်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်၏။- ငါ့​ကို ကြည့်​မြင်​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို ကြည့်​မြင်၏။- ငါ့​ကို ယုံ​ကြည်​သ​မျှ​သော​သူ​တို့​သည် မှောင်​မိုက်၌​မ​နေ​စေ​ခြင်း​ငှာ ငါ​သည်​အ​လင်း​ဖြစ်​လျက် ဤ​လော​က​သို့ ကြွ​လာ​ပြီ။- ငါ့​စ​ကား​ကို​ကြား​သော​သူ​သည် မ​ယုံ​ကြည်​ဘဲ​နေ​လျှင် ထို​သူ​ကို ငါ​သည်​အ​ပြစ်​မ​စီ​ရင်။ လော​ကီ​သား​တို့​ကို အ​ပြစ်​စီ​ရင်​အံ့​သော​ငှာ ငါ​လာ​သည်​မ​ဟုတ်၊ လော​ကီ​သား​တို့​ကို ကယ်​တင်​အံ့​သော​ငှာ ငါ​လာ၏။- ငါ့​ကို​ပယ်၍ ငါ့​စ​ကား​ကို နား​မ​ခံ​သော​သူ​အား အ​ပြစ်​စီ​ရင်​သော​သူ​ရှိ​သေး၏။ ငါ​ဟော​ပြော​သော​စ​ကား​ပင် နောက်​ဆုံး​သော​နေ့၌ ထို​သူ​အား​အ​ပြစ်​စီ​ရင်​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သည်​မ​ဟုတ်၊ ငါ့​ကို စေ​လွှတ်​သော​ခ​မည်း​တော်​သည် အ​ဘယ်​သို့ ငါ​ဆုံး​မ​ဟော​ပြော​ရ​မည်​ကို ပ​ညတ်​ပေး​တော်​မူ​ပြီ။ ခ​မည်း​တော်၏​ပ​ညတ်​တော်​သည် ထာ​ဝ​ရ​အ​သက်​ဖြစ်​သည်​ကို ငါ​သိ၏။- ထို​ကြောင့် ဟော​ပြော​သ​မျှ​တို့​ကို ခ​မည်း​တော်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ငါ​ဟော​ပြော​သည်​ဟု ကြွေး​ကြော်၍​မိန့်​တော်​မူ၏။

Video for ရှင်ယောဟန် 12:37-50