YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 12:37-50

ရှင်ယောဟန် 12:37-50 Judson Bible (JBMLE)

ထို​မျှ​လောက်​ကြီး​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို သူ​တို့​မျက်​မှောက်၌ ပြ​တော်​မူ​သော်​လည်း သူ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ မ​ရောက်​ကြ။- ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ဖူး​သည်​ကား၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ဟော​ပြော​သော သ​တင်း​စ​ကား​ကို အ​ဘယ်​သူ​ယုံ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် အ​ဘယ်​သူ​အား ထင်​ရှား​တော်​မူ​သ​နည်း ဟူ​သော​စ​ကား​သည် ပြည့်​စုံ​ခြင်း​သို့​ရောက်​သ​တည်း။- တစ်​ဖန် ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ပြန်​သည်​ကား၊- သူ​တို့​မျက်​စိ​မ​မြင်၊ စိတ်​နှ​လုံး​နား​မ​လည်၊ အ​ကျင့်​မ​ပြောင်း​လဲ၊ သူ​တို့​အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​သည်​တိုင်​အောင် သူ​တို့​မျက်​စိ​ကို ကွယ်​စေ​တော်​မူ၏။ သူ​တို့​စိတ်​နှ​လုံး​ကို မိုက်​စေ​တော်​မူ၏ ဟူ​သော​စ​ကား​ကြောင့် ထို​သူ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ မ​ရောက်​နိုင်​ကြ။- ဟေ​ရှာ​ယ​သည် ဘုန်း​အာ​နု​ဘော်​တော်​ကို​မြင်၍ ဗျာ​ဒိတ်​တော်​ကို​ပြန်​စဉ်​တွင် ထို​စ​ကား​ကို ဟော​ပြော​သ​တည်း။- သို့​သော်​လည်း အ​ရာ​ရှိ​အ​များ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကြ၏။ တ​ရား​ဇ​ရပ်​မှ​ဖာ​ရိ​ရှဲ​တို့​သည် နှင်​ထုတ်​မည်​ကို စိုး​ရိမ်​သော​ကြောင့် ထင်​ရှား​စွာ​ဝန်​မ​ခံ​ကြ။- အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဘုန်း​အ​သ​ရေ​ထက် လူ​တို့​ပေး​သော ဘုန်း​အ​သ​ရေ​ကို သာ၍​နှစ်​သက်​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ့​ကို​သာ ယုံ​ကြည်​သည်​မ​ဟုတ်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်၏။- ငါ့​ကို ကြည့်​မြင်​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို ကြည့်​မြင်၏။- ငါ့​ကို ယုံ​ကြည်​သ​မျှ​သော​သူ​တို့​သည် မှောင်​မိုက်၌​မ​နေ​စေ​ခြင်း​ငှာ ငါ​သည်​အ​လင်း​ဖြစ်​လျက် ဤ​လော​က​သို့ ကြွ​လာ​ပြီ။- ငါ့​စ​ကား​ကို​ကြား​သော​သူ​သည် မ​ယုံ​ကြည်​ဘဲ​နေ​လျှင် ထို​သူ​ကို ငါ​သည်​အ​ပြစ်​မ​စီ​ရင်။ လော​ကီ​သား​တို့​ကို အ​ပြစ်​စီ​ရင်​အံ့​သော​ငှာ ငါ​လာ​သည်​မ​ဟုတ်၊ လော​ကီ​သား​တို့​ကို ကယ်​တင်​အံ့​သော​ငှာ ငါ​လာ၏။- ငါ့​ကို​ပယ်၍ ငါ့​စ​ကား​ကို နား​မ​ခံ​သော​သူ​အား အ​ပြစ်​စီ​ရင်​သော​သူ​ရှိ​သေး၏။ ငါ​ဟော​ပြော​သော​စ​ကား​ပင် နောက်​ဆုံး​သော​နေ့၌ ထို​သူ​အား​အ​ပြစ်​စီ​ရင်​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သည်​မ​ဟုတ်၊ ငါ့​ကို စေ​လွှတ်​သော​ခ​မည်း​တော်​သည် အ​ဘယ်​သို့ ငါ​ဆုံး​မ​ဟော​ပြော​ရ​မည်​ကို ပ​ညတ်​ပေး​တော်​မူ​ပြီ။ ခ​မည်း​တော်၏​ပ​ညတ်​တော်​သည် ထာ​ဝ​ရ​အ​သက်​ဖြစ်​သည်​ကို ငါ​သိ၏။- ထို​ကြောင့် ဟော​ပြော​သ​မျှ​တို့​ကို ခ​မည်း​တော်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ငါ​ဟော​ပြော​သည်​ဟု ကြွေး​ကြော်၍​မိန့်​တော်​မူ၏။

ရှင်ယောဟန် 12:37-50 Common Language Bible (BCL)

သူ​တို့​၏​မျက်​မှောက်​တွင်​များ​စွာ​သော​နိ​မိတ် လက္ခ​ဏာ​တို့​ကို​ပြ​တော်​မူ​ခဲ့​သော်​လည်း သူ​တို့​သည်​ကိုယ်​တော်​ကို​မ​ယုံ​ကြည်​ကြ။- ဤ​သို့​ဖြစ်​ရ​သည်​မှာ၊ ``အို ထာ​ဝ​ရ​ဘု​ရား၊အ​ဘယ်​သူ​သည် အ​ကျွန်ုပ်​တို့​၏ ဟော​ပြော​ချက်​ကို​ယုံ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​တော်​ကို​အ​ဘယ် သူ​အား ထင်​ရှား​ပါ​သ​နည်း။ ဟု​ဟေ​ရှာ​ယ​မြွက်​ဆို​ခဲ့​သည့်​အ​တိုင်း​ဖြစ် ပျက်​ခြင်း​ပင်​ဖြစ်​၏။- ထို​မှ​တစ်​ပါး​လည်း​ဟေ​ရှာ​ယ​က၊ ``သူ​တို့​၏​မျက်​စိ​များ​သည်​မြင်​နိုင်​၍ သူ​တို့​၏ စိတ်​နှလုံး​သည်​သိ​နား​လည်​နိုင်​ပါ​မူ၊ ထို​သူ​တို့​သည်​မိ​မိ​တို့​၏​အ​နာ​ရော​ဂါ​ပျောက်​ကင်း စိမ့်​သော​ငှာ​စိတ်​ပြောင်း​လဲ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သူ​တို့​မျက်​စိ​အ​လင်း​ကို​ငါ​ကွယ်​စေ လျက် သူ​တို့​စိတ်​နှ​လုံး​ကို​လည်း၊လေး​လံ​ထိုင်း​မှိုင်း စေ​တော်​မူ​၏​ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​၏'' ဟူ​၍​မြွက်​ဆို​ပြန်​သည့်​အ​တိုင်း​ထို​သူ​တို့ မှာ​ယုံ​ကြည်​နိုင်​စွမ်း​မ​ရှိ​ကြ။ ဟေ​ရှာ​ယ​သည်​သ​ခင်​ယေ​ရှု​၏​ဘုန်း​အ​သ​ရေ ကို​ဖူး​မြင်​ရ​သ​ဖြင့် ကိုယ်​တော်​၏​အ​ကြောင်း​ကို ဤ​သို့​မြွက်​ဆို​ခြင်း​ဖြစ်​၏။ သို့​ဖြစ်​စေ​ကာ​မူ​ယု​ဒ​အာ​ဏာ​ပိုင်​အ​မြောက် အ​မြား​ပင်​ကိုယ်​တော်​ကို​ယုံ​ကြည်​လာ​ကြ​၏။ သို့​ရာ​တွင်​ဖာ​ရိ​ရှဲ​များ​ကြောင့်​တ​ရား​ဇ​ရပ် မှ​ထုတ်​ပယ်​ခံ​ရ​မည်​ကို​ကြောက်​၍​မိ​မိ​တို့ ယုံ​ကြည်​ကြောင်း​ကို​ပွင့်​လင်း​စွာ​ဝန်​မ​ခံ​ကြ။- သူ​တို့​သည်​ကား​လူ​တို့​၏​အ​ချီး​အ​မွမ်း​ကို ပို​၍​နှစ်​သက်​ကြ​သူ​များ​ဖြစ်​သ​တည်း။ သ​ခင်​ယေ​ရှု​က​ဤ​သို့​ကြွေး​ကြော်​တော်​မူ​သည်။ ``ငါ့​ကို​ယုံ​ကြည်​သူ​သည်​ငါ့​ကို​သာ​မ​ဟုတ်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လည်း ယုံ​ကြည်​၏။- ငါ့​ကို​တွေ့​မြင်​သူ​သည်​ငါ့​ကို​သာ​တွေ့​မြင် သည်​မ​ဟုတ်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော အ​ရှင်​ကို​လည်း​တွေ့​မြင်​၏။- ငါ့​ကို​ယုံ​ကြည်​သူ​မှန်​သ​မျှ​သည်​အ​မှောင် တွင်​မ​နေ​ရ​စေ​ခြင်း​ငှာ ငါ​သည်​အ​လင်း အ​ဖြစ်​လော​က​သို့​ကြွ​လာ​ပြီ။- ငါ​ဟော​ပြော​သော​စ​ကား​ကို​ကြား​၍​မ​ခံ​မ​ယူ သူ​ကို​ငါ​သည်​တ​ရား​မ​စီ​ရင်။ လော​က​သား​တို့ ကို​တ​ရား​စီ​ရင်​ရန်​ငါ​လာ​သည်​မ​ဟုတ်။ လော​က သား​တို့​ကို​ကယ်​တင်​ရန်​ငါ​လာ​သ​တည်း။- ငါ့​ကို​ပစ်​ပယ်​၍​ငါ​ဟော​ပြော​သော​စ​ကား​ကို မ​ခံ​မ​ယူ​သော​သူ​ကို​တ​ရား​စီ​ရင်​မည့်​သူ ရှိ​၏။ ငါ​ဟော​ပြော​သော​စ​ကား​သည်​ပင်​လျှင် ထို​သူ​ကို​နောက်​ဆုံး​သော​နေ့​၌ တ​ရား​သူ ကြီး​အ​ဖြစ်​ဖြင့်​တ​ရား​စီ​ရင်​လိမ့်​မည်။- အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ကိုယ်​ပိုင်​အ​ခွင့် အာ​ဏာ​အ​ရ​ဟော​ပြော​ခြင်း​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​၏​အ​မိန့် တော်​အ​ရ​ဟော​ပြော​ခြင်း​ဖြစ်​၏။- ခ​မည်း​တော်​၏​အ​မိန့်​တော်​သည်​ထာ​ဝ​ရ​အ​သက် ရ​စေ​သည်​ကို​ငါ​သိ​၏။ သို့​ဖြစ်​၍​ခမည်း​တော်​ပြော စေ​လို​သည်​အ​တိုင်း​ငါ​ဟော​ပြော​သတည်း။''

ရှင်ယောဟန် 12:37-50 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် ဤမျှလောက်​များပြား​သော နိမိတ်​လက္ခဏာ​တို့​ကို သူ​တို့​ရှေ့မှောက်​၌ ပြု​တော်မူ​သော်လည်း သူ​တို့​သည် ကိုယ်တော်​ကို​မ​ယုံကြည်​ကြ​ပေ။ ဤသည်ကား “အို ထာဝရ​ဘုရား၊ အကျွန်ုပ်​တို့​၏​သတင်း​စကား​ကို မည်သူ​ယုံကြည်​ပါ​သနည်း။ ထာဝရ​ဘုရား​၏​လက်ရုံး​တော်​သည် မည်သူ့​ထံ ဖော်ပြ​ခြင်း​ခံရ​ပါ​သနည်း”​ဟု ပရောဖက်​ဟေရှာယ​ဟောပြော​ထား​သော​စကား ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်အကြောင်း​တည်း။ သူ​တို့​မ​ယုံကြည်​နိုင်​သည့်​အကြောင်းမှာ ဟေရှာယ​က “သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​၍ စိတ်နှလုံး​ဖြင့်​နားလည်​ကာ ပြောင်းလဲ​ကြ​သဖြင့် သူ​တို့​ကို​ကျန်းမာ​စေ​ရ​မည့်​အဖြစ်​မျိုး​မ​ရှိ​စေရန် ဘုရားသခင်​သည် သူ​တို့​၏​မျက်စိ​ကို ကွယ်​စေ​တော်မူ​၍ သူ​တို့​၏​စိတ်နှလုံး​ကို မာကျော​စေ​တော်မူ​၏”​ဟု ထပ်မံ​၍ ဟောပြော​ခဲ့​သောကြောင့်​ဖြစ်​၏။ ဟေရှာယ​သည် ယေရှု​၏​ဘုန်း​အသရေ​တော်​ကို​မြင်​ရ​သောကြောင့် ဤသို့​ပြောဆို​ပြီး ကိုယ်တော်​၏​အကြောင်း​ကို ဟောပြော​ခဲ့​ခြင်း​ဖြစ်​၏။ မည်သို့ပင်ဖြစ်စေ အကြီးအကဲ​တို့​တွင်​လည်း ကိုယ်တော်​ကို​ယုံကြည်​သော​သူ​များစွာ​ရှိ​ကြ​၏။ သို့သော် သူ​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​မှ ထုတ်ပယ်​ခြင်း​ခံရ​မည်​ကို စိုးရိမ်​သဖြင့် ဖာရိရှဲ​တို့​ကြောင့် ဖွင့်​မ​ပြော​ဘဲ​နေ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ပေး​သော​ဘုန်း​အသရေ​ထက် လူ​တို့​ပေး​သော​ဘုန်း​အသရေ​ကို ပို၍​နှစ်သက်​ကြ​၏။ တစ်ဖန် ယေရှု​က“ငါ့​ကို​ယုံကြည်​သော​သူ​သည် ငါ့​ကို​ယုံကြည်​သည်​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို​ယုံကြည်​၏။ ငါ့​ကို​မြင်​သော​သူ​သည်​လည်း ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို​မြင်​၏။ ငါ့​ကို​ယုံကြည်​သော​သူ​တိုင်း မှောင်မိုက်​ထဲ၌​မ​နေ​ရ​စေရန် ငါ​သည် အလင်း​အဖြစ် ဤ​လောက​သို့​ကြွလာ​ပြီ။ တစ်စုံတစ်ယောက်​သည် ငါ့​စကား​တို့​ကို​ကြား​လျက် မ​စောင့်ထိန်း​လျှင်​လည်း ငါ​သည် ထို​သူ​ကို​ပြစ်ဒဏ်​မ​စီရင်။ အကြောင်းမူကား ဤ​လောက​ကို ပြစ်ဒဏ်​စီရင်​ရန် ငါ​လာ​သည်​မ​ဟုတ်။ ဤ​လောက​ကို ကယ်တင်​ရန် ငါ​လာ​၏။ ငါ့​ကို​ငြင်းပယ်​၍ ငါ့​စကား​တို့​ကို​လက်​မ​ခံ​သော​သူ​အား ပြစ်ဒဏ်​စီရင်​သော​သူ​ရှိ​၏။ ငါ​ဟောပြော​ခဲ့​သည့်​တရား​စကား​က​ပင် နောက်ဆုံး​သော​နေ့​၌ ထို​သူ​ကို​ပြစ်ဒဏ်​စီရင်​လိမ့်မည်။ အကြောင်းမူကား ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​ဟောပြော​သည်​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော​ခမည်းတော်​ကိုယ်တိုင် ငါ​မည်သို့​မြွက်ဆို​၍ မည်သို့​ဟောပြော​ရ​မည်​ကို ငါ့​အား​အမိန့်​ပေး​တော်မူ​၏။ ခမည်းတော်​၏​အမိန့်​တော်​သည် ထာဝရ​အသက်​ဖြစ်​ကြောင်း​ကို​ငါ​သိ​၏။ ထို့ကြောင့် ငါ​ဟောပြော​သော​အရာ​တို့​ကို ခမည်းတော်​က ငါ့​အား​မိန့်​တော်မူ​သည့်​အတိုင်း ငါ​ဟောပြော​၏”​ဟု ကြွေးကြော်​တော်မူ​၏။