YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 12:2-7

ရှင်ယောဟန် 12:2-7 JBMLE

ထို​ကြောင့် ထို​သူ​တို့​သည်​ပွဲ​လုပ်​ကြ​သ​ဖြင့် မာ​သ​သည် လုပ်​ကျွေး​မှု​ကို​ဆောင်၍၊ လာ​ဇ​ရု​သည် ကိုယ်​တော်​နှင့်​အ​တူ လျောင်း​သော​သူ​တို့ အ​ဝင်​ဖြစ်၏။- ထို​အ​ခါ မာ​ရိ​သည် အ​ဖိုး​များ​စွာ​ထိုက်​သော နာ​ဒု​ဆီ​မွှေး​စစ် အ​ကျပ်​သုံး​ဆယ်​ကို​ယူ၍၊ ယေ​ရှု၏​ခြေ​တော်​ကို လိမ်း​ပြီး​လျှင် မိ​မိ​ဆံ​ပင်​နှင့်​သုတ်​သ​ဖြင့်၊ ထို​ဆီ၏​အ​မွှေး​သည် တစ်​အိမ်​လုံး​ကို​နှံ့​ပြား၏။- တ​ပည့်​တော်​တို့ အ​ဝင်​ဖြစ်၍ ကိုယ်​တော်​ကို​အပ်​နှံ​မည့်​သူ၊ ရှိ​မုန်၏​သား ယု​ဒ​ရှ​ကာ​ရုတ်​က၊- ထို​ဆီ​မွှေး​ကို ဒေ​နာ​ရိ​အ​ပြား​သုံး​ရာ​အ​ဖိုး​နှင့် ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား အ​ဘယ်​ကြောင့် မ​ပေး​သ​နည်း​ဟု​ဆို၏။- ထို​သို့​ဆို​သော်၊ ဆင်း​ရဲ​သော​သူ​တို့​အ​ကျိုး​ကို ထောက်၍ ဆို​သည်​မ​ဟုတ်။ မိ​မိ​သည် သူ​ခိုး​ဖြစ်​လျက်၊ တ​ပည့်​တော်​များ​သုံး​ရန် ငွေ​အိတ်​ကို​ဆောင်၍ နှိုက်​ယူ​တတ်​သော​ကြောင့်​သာ ဆို​သ​တည်း။- ယေ​ရှု​သည်​လည်း၊ ထို​မိန်း​မ​ကို​ရှိ​စေ​တော့။ ငါ၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ခြင်း​ငှာ ပြင်​ဆင်​သော​နေ့​တိုင်​အောင် သူ​သည် ဤ​ဆီ​မွှေး​ကို သို​ထား​ပြီ။

Video for ရှင်ယောဟန် 12:2-7