ရှင်ယောဟန် 12:2-7
ရှင်ယောဟန် 12:2-7 Judson Bible (JBMLE)
ထိုကြောင့် ထိုသူတို့သည်ပွဲလုပ်ကြသဖြင့် မာသသည် လုပ်ကျွေးမှုကိုဆောင်၍၊ လာဇရုသည် ကိုယ်တော်နှင့်အတူ လျောင်းသောသူတို့ အဝင်ဖြစ်၏။- ထိုအခါ မာရိသည် အဖိုးများစွာထိုက်သော နာဒုဆီမွှေးစစ် အကျပ်သုံးဆယ်ကိုယူ၍၊ ယေရှု၏ခြေတော်ကို လိမ်းပြီးလျှင် မိမိဆံပင်နှင့်သုတ်သဖြင့်၊ ထိုဆီ၏အမွှေးသည် တစ်အိမ်လုံးကိုနှံ့ပြား၏။- တပည့်တော်တို့ အဝင်ဖြစ်၍ ကိုယ်တော်ကိုအပ်နှံမည့်သူ၊ ရှိမုန်၏သား ယုဒရှကာရုတ်က၊- ထိုဆီမွှေးကို ဒေနာရိအပြားသုံးရာအဖိုးနှင့် ရောင်း၍ ဆင်းရဲသောသူတို့အား အဘယ်ကြောင့် မပေးသနည်းဟုဆို၏။- ထိုသို့ဆိုသော်၊ ဆင်းရဲသောသူတို့အကျိုးကို ထောက်၍ ဆိုသည်မဟုတ်။ မိမိသည် သူခိုးဖြစ်လျက်၊ တပည့်တော်များသုံးရန် ငွေအိတ်ကိုဆောင်၍ နှိုက်ယူတတ်သောကြောင့်သာ ဆိုသတည်း။- ယေရှုသည်လည်း၊ ထိုမိန်းမကိုရှိစေတော့။ ငါ၏အလောင်းကိုသင်္ဂြိုဟ်ခြင်းငှာ ပြင်ဆင်သောနေ့တိုင်အောင် သူသည် ဤဆီမွှေးကို သိုထားပြီ။
ရှင်ယောဟန် 12:2-7 Common Language Bible (BCL)
ကိုယ်တော်အားညစာဖြင့်ဧည့်ခံရာ၌မာသက ဧည့်ဝတ်ကိုပြု၏။ ကိုယ်တော်နှင့်အတူစားပွဲတွင် ထိုင်ကြသူများအထဲတွင်လာဇရုလည်းပါ၏။- ထိုအခါမာရိသည်အလွန်အဖိုးထိုက်သော နာဒုဆီမွှေးအစစ်သုံးဆယ်သားကိုယူ၍ သခင်ယေရှု၏ခြေတော်ကိုလိမ်းပြီးနောက် မိမိ၏ဆံပင်နှင့်သုတ်လေ၏။ ဤဆီမွှေး၏ ရနံ့သည်တစ်အိမ်လုံးမွှေးကြိုင်လျက်ရှိ၏။- တပည့်တော်တစ်ဦးဖြစ်သူယုဒရှကာရုတ် က ``ဤဆီမွှေးကိုအဘယ်ကြောင့်ဒေနာရိ သုံးရာဖြင့်ရောင်း၍ ဆင်းရဲသူတို့အားမစွန့် မကြဲပါသနည်း'' ဟုဆို၏။ သူသည်နောင် အခါကိုယ်တော်အားရန်သူ့လက်သို့အပ်နှံ မည့်သူဖြစ်သတည်း။- ဤသို့ပြောဆိုရာ၌သူသည်ဆင်းရဲသူတို့ အားကြင်နာထောက်ထား၍မဟုတ်၊ ခိုးဝှက် တတ်သူဖြစ်၍သာလျှင်ပြောဆိုခြင်းဖြစ်၏။ သူသည်ငွေအိတ်ကိုလွယ်ရသူဖြစ်၍ငွေများ ကိုခိုးယူသုံးစွဲလေ့ရှိသတည်း။ သခင်ယေရှုက ``ထိုအမျိုးသမီးကို မနှောင့်ယှက်နှင့်။ သူသည်ငါ့အလောင်းကို သင်္ဂြိုဟ်မည့်အချိန်အတွက်ဤဆီမွှေးကို သိမ်းထားပါလေစေ။
ရှင်ယောဟန် 12:2-7 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
လူတို့သည် ထိုအရပ်၌ ကိုယ်တော်အတွက် ညစာကိုပြင်ဆင်ကြပြီး မာသသည် ဧည့်ဝတ်ပြုနေ၏။ ကိုယ်တော်နှင့်အတူ စားပွဲ၌ထိုင်နေသူများထဲတွင် လာဇရုလည်းပါ၏။ ထိုအခါ မာရိသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှေးအစစ်နှစ်ဆယ်သားကိုယူ၍ ယေရှု၏ခြေတော်ကိုလိမ်းပြီးလျှင် မိမိဆံပင်နှင့် ခြေတော်ကိုသုတ်လေ၏။ ထိုဆီမွှေး၏ရနံ့သည်လည်း တစ်အိမ်လုံးပျံ့နှံ့သွား၏။ သို့သော် တပည့်တော်တို့ထဲမှ တစ်ပါးဖြစ်ပြီး ကိုယ်တော်ကိုအပ်နှံတော့မည့်သူ ယုဒဣရှကာရုတ်က “အဘယ်ကြောင့် ဤဆီမွှေးကို ဒေနာရိသုံးရာနှင့်ရောင်း၍ ဆင်းရဲသားတို့အား မပေးကမ်းခဲ့သနည်း”ဟု ဆို၏။ ထိုသို့ဆိုခြင်းမှာ သူသည် ဆင်းရဲသားတို့၏အကျိုးကို ထောက်ထားငဲ့ညှာ၍မဟုတ်ဘဲ မိမိသည် သူခိုးဖြစ်ပြီး ငွေအိတ်ကိုထိန်းသိမ်းရင်း ထည့်ဝင်ငွေကို နှိုက်ယူလေ့ရှိသောကြောင့်ဖြစ်၏။ ထို့ကြောင့် ယေရှုက“ငါ့ကိုသင်္ဂြိုဟ်မည့်နေ့အတွက် သူသည် ဤဆီမွှေးကိုသိမ်းထားခဲ့သည်ဖြစ်၍ သူပြုလိုရာပြုပါစေ။