YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 12:1-19

ရှင်ယောဟန် 12:1-19 JBMLE

ပ​သ​ခါ​ပွဲ​ခံ​ချိန် ခြောက်​ရက်​လို​သေးသော​အ​ခါ၊ အ​ထက်​က​သေ​လွန်၍ သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော လာ​ဇ​ရု​နေ​ရာ​အ​ရပ်၊ ဗေ​သ​နိ​ရွာ​သို့ ယေ​ရှု​သည်​ရောက်​တော်​မူ၏။- ထို​ကြောင့် ထို​သူ​တို့​သည်​ပွဲ​လုပ်​ကြ​သ​ဖြင့် မာ​သ​သည် လုပ်​ကျွေး​မှု​ကို​ဆောင်၍၊ လာ​ဇ​ရု​သည် ကိုယ်​တော်​နှင့်​အ​တူ လျောင်း​သော​သူ​တို့ အ​ဝင်​ဖြစ်၏။- ထို​အ​ခါ မာ​ရိ​သည် အ​ဖိုး​များ​စွာ​ထိုက်​သော နာ​ဒု​ဆီ​မွှေး​စစ် အ​ကျပ်​သုံး​ဆယ်​ကို​ယူ၍၊ ယေ​ရှု၏​ခြေ​တော်​ကို လိမ်း​ပြီး​လျှင် မိ​မိ​ဆံ​ပင်​နှင့်​သုတ်​သ​ဖြင့်၊ ထို​ဆီ၏​အ​မွှေး​သည် တစ်​အိမ်​လုံး​ကို​နှံ့​ပြား၏။- တ​ပည့်​တော်​တို့ အ​ဝင်​ဖြစ်၍ ကိုယ်​တော်​ကို​အပ်​နှံ​မည့်​သူ၊ ရှိ​မုန်၏​သား ယု​ဒ​ရှ​ကာ​ရုတ်​က၊- ထို​ဆီ​မွှေး​ကို ဒေ​နာ​ရိ​အ​ပြား​သုံး​ရာ​အ​ဖိုး​နှင့် ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား အ​ဘယ်​ကြောင့် မ​ပေး​သ​နည်း​ဟု​ဆို၏။- ထို​သို့​ဆို​သော်၊ ဆင်း​ရဲ​သော​သူ​တို့​အ​ကျိုး​ကို ထောက်၍ ဆို​သည်​မ​ဟုတ်။ မိ​မိ​သည် သူ​ခိုး​ဖြစ်​လျက်၊ တ​ပည့်​တော်​များ​သုံး​ရန် ငွေ​အိတ်​ကို​ဆောင်၍ နှိုက်​ယူ​တတ်​သော​ကြောင့်​သာ ဆို​သ​တည်း။- ယေ​ရှု​သည်​လည်း၊ ထို​မိန်း​မ​ကို​ရှိ​စေ​တော့။ ငါ၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ခြင်း​ငှာ ပြင်​ဆင်​သော​နေ့​တိုင်​အောင် သူ​သည် ဤ​ဆီ​မွှေး​ကို သို​ထား​ပြီ။- ဆင်း​ရဲ​သော​သူ​တို့​ကား သင်​တို့၌​အ​စဉ်​ရှိ​ကြ၏။ ငါ​မူ​ကား၊ အ​စဉ်​ရှိ​သည်​မ​ဟုတ်​ဟု မိန့်​တော်​မူ၏။ ထို​အ​ရပ်၌ ယေ​ရှု​ရှိ​တော်​မူ​သည်​ကို ယု​ဒ​လူ​များ​အ​ပေါင်း​တို့​သည် သိ​လျှင်၊ ကိုယ်​တော်​ကြောင့်​သာ လာ​သည်​မ​ဟုတ်။ သေ​ခြင်း​မှ​ထ​မြောက်​စေ​တော်​မူ​သော လာ​ဇ​ရု​ကို​မြင်​ခြင်း​ငှာ လာ​ကြ၏။- ထို​သို့ ယု​ဒ​လူ​များ​တို့​သည် လာ​ဇ​ရု​ကို​အ​ကြောင်း​ပြု​သ​ဖြင့် ထွက်​သွား၍၊- ယေ​ရှု​ကို ယုံ​ကြည်​သော​ကြောင့်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် လာ​ဇ​ရု​ကို​လည်း သတ်​ခြင်း​ငှာ တိုင်​ပင်​စီ​ရင်​ကြ၏။ နက်​ဖြန်​နေ့၌ ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​လာ​တော်​မူ​သည်​ကို၊ ထို​ပွဲ​သို့​လာ​သော လူ​အ​စု​အ​ဝေး အ​ပေါင်း​တို့​သည် ကြား​ရ​လျှင်၊- စွန်​ပ​လွံ​ခက်​များ​ကို ကိုင်​လျက်၊ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား​ကြ၍၊ ဟော​ရှ​ဏ္ဏ ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​တော်​မူ​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။- ကျမ်း​စာ၌​လာ​သည်​ကား၊- အို ဇိ​အုန်​သ​တို့​သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ရှင်​မင်း​ကြီး​သည် မြည်း​က​လေး​ကို​စီး၍ သင်​ရှိ​ရာ​သို့ ကြွ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့​ဟု ရေး​ထား​သည်​နှင့်​အ​ညီ၊ ယေ​ရှု​သည်​မြည်း​က​လေး​ကို​တွေ့၍ စီး​တော်​မူ၏။- ထို​အ​ကြောင်း​အ​ရာ​ကို တ​ပည့်​တော်​တို့​သည် အ​စ​အ​ဦး၌​နား​မ​လည်​သော်​လည်း၊ ကိုယ်​တော်​ကို ရည်​မှတ်၍ ထို​သို့​ရေး​ထား​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား ထို​သို့​ပြု​ကြ​သည်​ကို​လည်း​ကောင်း၊ ဘုန်း​ပွင့်​တော်​မူ​သည်​နောက် သ​တိ​ရ၍ မှတ်​မိ​ကြ၏။ နောက်​တော်​သို့​လိုက်​သော လူ​အ​စု​အ​ဝေး​တို့​သည်​ကား၊ လာ​ဇ​ရု​ကို သင်္ချိုင်း​တွင်း​မှ​ခေါ်၍ သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သည်​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။- ထို​နိ​မိတ်​လ​က္ခ​ဏာ​ကို​ပြ​တော်​မူ​သည်​ဟု လူ​များ​တို့​သည် သ​တင်း​ကြား​သော​ကြောင့်၊ ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား​ကြ၏။- ဖာ​ရိ​ရှဲ​အ​ချင်း​ချင်း​တို့​လည်း၊ သင်​တို့​သည် အ​လျှင်း​မ​တတ်​နိုင်။ ဤ​လော​က​သည် ထို​သူ​နောက်​သို့ လိုက်​သွား​ပါ​ပြီ​တ​ကား​ဟု ပြော​ဆို​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။