YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 8

8
1ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ​အ​ခါ ယု​ဒ​ရှင်​ဘု​ရင်​တို့၏​အ​ရိုး၊ မှူး​မတ်​တို့၏​အ​ရိုး၊ ယဇ်​ပု​ရော​ဟိတ်​တို့၏​အ​ရိုး၊ ပ​ရော​ဖက်​တို့၏​အ​ရိုး၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၏​အ​ရိုး​များ​ကို သင်္ချိုင်း​တွင်း​များ​အ​ထဲ​က ထုတ်​ပစ်၍၊ 2ထို​သူ​တို့​သည် ကြည်​ညို​ရာ၊ အ​မှု​ဆောင်​ရာ၊ လိုက်​သွား​ရာ၊ ရှာ​ဖွေ​ရာ၊ ကိုး​ကွယ်​ရာ​ဖြစ်​သော နေ၊ လ၊ ကောင်း​ကင်​တန်​ဆာ​ရှေ့​မှာ လှန်​ထား​ကြ​လိမ့်​မည်။ ထို​အ​ရိုး​တို့​ကို​မ​စု​မ​ပုံ၊ မ​သင်္ဂြိုဟ်​ရ။ မြေ​ပေါ်​မှာ မ​စင်​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။ 3ငါ​နှင်​လိုက်​ရာ အ​ရပ်​ရပ်၌​ကျန်​ကြွင်း၍၊ ဆိုး​ယုတ်​သော ဤ​အ​မျိုး​သား​တို့​သည် အ​သက်​ကို အ​လို​မ​ရှိ။ သေ​ခြင်း​ကို အ​လို​ရှိ၍ ရွေး​ချယ်​ရ​ကြ​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။
အ​ပြစ်​နှင့်​တ​ရား​စီ​ရင်​ခြင်း
4တစ်​ဖန် သင်​သည် သူ​တို့​အား ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ လဲ​သော​သူ​သည် နောက်​တစ်​ဖန်​မ​ထ​ရ​သ​လော။ လွဲ​သွား​သော​သူ​သည် နောက်​တစ်​ဖန် ပြန်၍​မ​လာ​ရ​သ​လော။ 5ဤ​လူ​မျိုး​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဖောက်​ပြန်​ခြင်း​အား​ဖြင့် အ​ဘယ်​ကြောင့် ဖောက်​ပြန်​ကြ​သ​နည်း။ မု​သား​ကို စွဲ​လမ်း​ကြ၏။ ငါ​တို့​သည် ပြန်၍​မ​လာ​ဟု ခိုင်​မာ​စွာ​ဆို​ကြ၏။ 6ငါ စေ့​စေ့​နား​ထောင်​သော​အ​ခါ၊ သူ​တို့​သည် ဖြောင့်​မတ်​စွာ​မ​ပြော​ကြ။ ငါ​သည် အ​ဘယ်​သို့ ပြု​မိ​သ​နည်း​ဟု ကိုယ်​အ​ပြစ်​ကို မြင်၍ အ​ဘယ်​သူ​မျှ နောင်​တ​မ​ရ။ စစ်​တိုက်​ခြင်း​ငှာ မြင်း​ပြေး​သ​ကဲ့​သို့၊ ထို​သူ​အ​ပေါင်း​တို့​သည် လမ်း​လွှဲ၍ တစ်​ဟုန်​တည်း​ပြေး​တတ်​ကြ၏။ 7မိုး​ကောင်း​ကင်၌ ကျင်​လည်​သော တော​ငန်း​သော်​လည်း၊ မိ​မိ​အ​ချိန်​ကို သိ​တတ်၏။ ဥ​ချိုး၊ တီ​တီ​တွတ်၊ ဇ​ရက်​သော်​လည်း၊ မိ​မိ​ပြန်​လာ​ချိန်​ကို မှတ်​တတ်၏။ ငါ၏​လူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို နား​မ​လည်​တတ်။ 8ငါ​တို့​သည် ပ​ညာ​ရှိ​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​သည် ငါ​တို့၌​ရှိ၏​ဟု သင်​တို့​သည် အ​ဘယ်​သို့ ဆို​ရ​လိမ့်​မည်​နည်း။ အ​ကယ်​စင်​စစ် စာ​ရေး​တို့၏ မု​သား​မင်​တံ​သည် မု​သား​တ​ရား​ကို လုပ်​လေ​ပြီ။ 9ပ​ညာ​ရှိ​တို့​သည် အ​ရှက်​ကွဲ​ကြ၏။ ထိတ်​လန့်၍ ကျော့​ကွင်း​ထဲ​သို့ ဝင်​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို ပယ်​ကြ​ပြီ။ သူ​တို့၌ ပ​ညာ​မည်​မျှ​ရှိ​သ​နည်း။ 10ထို​အ​ကြောင်း​ကြောင့်၊ သူ​တို့​မ​ယား​များ​ကို သူ​တစ်​ပါး​တို့၌​ငါ​အပ်​မည်။ သူ​တို့​လယ်​ယာ​များ​ကို သူ​တစ်​ပါး​တို့​အား အ​ပိုင်​ပေး​မည်။ အ​ငယ်​ဆုံး​သော​သူ​မှ​စ၍ အ​ကြီး​ဆုံး​သော​သူ​အ​ပေါင်း​တို့​သည် မ​တ​ရား​သော​စီး​ပွား​ကို ရှာ​ကြ၏။ ပ​ရော​ဖက်​မှ​စ၍ ယဇ်​ပု​ရော​ဟိတ် ရှိ​သ​မျှ​တို့​သည် မု​သား​ကို​သုံး​ကြ၏။#ယေ၊ ၆:၁၂-၁၅။ 11ချမ်း​သာ​မ​ရှိ​သော​အ​ခါ ချမ်း​သာ၊ ချမ်း​သာ​ဟု​ပြော​ဆို​လျက်၊ ငါ၏​လူ​မျိုး သ​တို့​သ​မီး​အ​နာ​ကို ပေါ့​လျော့​စွာ​ကု​ကြ၏။#ယေ​ဇ၊ ၁၃:၁၀။ 12သူ​တို့​သည် ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို ပြု​ပြီး​မှ ရှက်​ကြ​သ​လော။ အ​လျှင်း မ​ရှက်​ကြ။ မျက်​နှာ မ​ပျက်​တတ်​ကြ။ ထို​ကြောင့်၊ တစ်​ယောက်​နောက်​တစ်​ယောက် လဲ​ကြ​လိမ့်​မည်။ ငါ​စစ်​ကြော​သော​အ​ခါ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 13သူ​တို့​ကို ငါ​ရှင်း​ရှင်း ဖျက်​ဆီး​မည်။ စ​ပျစ်​နွယ်​ပင်၌ စ​ပျစ်​သီး​မ​ရှိ​ရ။ သင်္ဘော​သ​ဖန်း​ပင်၌ သင်္ဘော​သ​ဖန်း​သီး​မ​ရှိ​ရ။ အ​ရွက်​လည်း ညှိုး​နွမ်း​ရ​မည်​အ​ကြောင်း၊ လွှမ်း​မိုး​သော​သူ​တို့​ကို ငါ​စေ​လွှတ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
14ငါ​တို့​သည် အ​ဘယ်​ကြောင့် ထိုင်​လျက်​နေ​ကြ​သ​နည်း။ စု​ဝေး​ကြ​ကုန်​အံ့၊ ခိုင်​ခံ့​သော မြို့​များ​အ​ထဲ​သို့​ဝင်၍ တိတ်​ဆိတ်​စွာ နေ​ကြ​ကုန်​အံ့။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို တိတ်​ဆိတ်​စွာ​နေ​စေ၍၊ ဆေး​ခါး​နှင့်​ရော​သော ရေ​ကို​တိုက်​တော်​မူ၏။ 15ငါ​တို့​သည် ချမ်း​သာ​ကို​မျှော်​လင့်​သော်​လည်း၊ ကောင်း​သော​အ​ရာ မ​ပေါ်​လာ။ သက်​သာ​ချိန်​ကို မျှော်​လင့်​သော်​လည်း၊ ဘေး​သက်​သက်​ဖြစ်၏။ 16သူ့​မြင်း​နှာ​ခေါင်း​ရှူ​သံ​ကို ဒန်​ပြည်​က​ကြား​ရ၏။ သူ့​မြင်း​ရဲ​ဟီ​သံ​ကို​ကြား၍ တစ်​ပြည်​လုံး တုန်​လှုပ်​လေ၏။ သူ​တို့​သည် ရောက်​လာ၍၊ ပြည်​နှင့်​တ​ကွ ပြည်၌​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ မြို့​နှင့်​တ​ကွ မြို့​သား​တို့​ကို​လည်း​ကောင်း စား၍​မျို​ကြ၏။
17ကြည့်​ရှု​လော့။ မန်း​မှုတ်၍ မ​နိုင်​သော​မြွေ၊ ဆိုး​သော​မြွေ​များ​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​သ​ဖြင့်၊ သင်​တို့​ကို ကိုက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
မိ​မိ​အ​မျိုး​သား​အ​တွက်​ဝမ်း​နည်း​ခြင်း
18ငါ​ဝမ်း​နည်း​ခြင်း​ပျောက်​မည်​အ​ကြောင်း အ​ဘယ်​သို့​နည်း။ ငါ​သည် စိတ်​ပျက်​လျက်​နေ​ရ၏။ 19ငါ၏​လူ​မျိုး သ​တို့​သ​မီး​အော်​ဟစ်​သံ​ကို ဝေး​သော​ပြည်​က ကြား​ရ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့၌ ရှိ​တော်​မ​မူ​သ​လော။ မိ​မိ​ရှင်​ဘု​ရင်​သည် မြို့​ထဲ၌ ရှိ​တော်​မ​မူ​သ​လော။
တစ်​ကျွန်း​တစ်​နိုင်​ငံ​နှ​င့်​ဆိုင်​သော အ​ချည်း​နှီး​အ​ရာ၊ ရုပ်​တု​ဆင်း​တု​အား​ဖြ​င့် သူ​တို့​သည် ငါ့​အ​မျက်​ကို​နှိုး​ဆော်​ခြင်း​ငှာ အ​ဘယ်​ကြော​င့် ပြု​ကြ​သ​နည်း။
20အ​သီး​အ​နှံ သိမ်း​ရာ​ကာ​လ​လွန်​ပြီ။ နွေ​ကာ​လ​ကုန်​ပြီ။ ငါ​တို့​သည် ကယ်​တင်​ခြင်း​သို့ မ​ရောက်​ကြ။ 21ငါ၏​လူ​မျိုး သ​တို့​သ​မီး​သည်​နာ​သော​ကြောင့်၊ ငါ​လည်း​နာ​ရ၏။ ကြမ်း​တမ်း​သော​အ​ဝတ်​ကို ဝတ်​လျက်၊ မိန်း​မော​တွေ​ဝေ​လျက် နေ​ရ၏။ 22ဂိ​လဒ်​ပြည်၌ ဗာ​လ​ဇံ​ပင်​အ​စေး​မ​ရှိ​သ​လော။ ထို​ပြည်၌ ဆေး​သ​မား​မ​ရှိ​သ​လော။ ရှိ​လျက်​ပင် ငါ၏​လူ​မျိုး​သ​တို့​သ​မီး​သည် အ​ဘယ်​ကြောင့် အ​နာ​မှ မ​ထ​မြောက်​သ​နည်း။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 8: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။