YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 52

52
ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ခြင်း
(၄​ရာ၊ ၂၄:၁၈-၂၅:၇။ ၆​ရာ၊ ၃၆:၁၁-၁၆)
1ဇေ​ဒ​ကိ​မင်း​သည် အ​သက်​နှစ်​ဆယ်​တစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ လိ​ဗ​န​မြို့​သူ ယေ​ရ​မိ​သ​မီး ဟာ​မု​တာ​လ​ဖြစ်​သ​တည်း။ 2ထို​မင်း​သည် ယော​ယ​ကိမ်​မင်း​ပြု​သ​မျှ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ 3ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို အ​ထံ​တော်​မှ မ​နှင်​ထုတ်​မီ​တိုင်​အောင် အ​မျက်​ထွက်​တော်​မူ၍၊ ဇေ​ဒ​ကိ​မင်း​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို ပုန်​ကန်​လေ၏။
4ဇေ​ဒ​ကိ​မင်း နန်း​စံ​ကိုး​နှစ်၊ ဒ​သ​မ​လ​ဆယ်​ရက်​နေ့​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗိုလ်​ခြေ အ​ပေါင်း​တို့​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ​သ​ဖြင့်၊ မြို့​ပတ်​လည်၌​တပ်​ချ၍ မြေ​က​တုတ်​တို့​ကို တူး​လုပ်​ပြီး​မှ၊#ယေ​ဇ၊ ၂၄:၂။ 5ဇေ​ဒ​ကိ​မင်း နန်း​စံ တစ်​ဆယ်​တစ်​နှစ်​တိုင်​အောင် မြို့​ကို​ဝိုင်း​ထား​လေ၏။ 6ထို​နှစ်၊ စ​တု​တ္ထ​လ ကိုး​ရက်​နေ့​တွင်၊ မြို့​ထဲ​မှာ အ​လွန် အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​သ​ဖြင့်၊ မြို့​သူ​မြို့​သား​တို့​သည် စား​စ​ရာ​မ​ရှိ​သော​အ​ခါ၊ 7ခါ​လ​ဒဲ​လူ​တို့​သည် မြို့​ရိုး​ကို ဖြို​ဖောက်၍၊ မြို့​ကို​လည်း​ဝိုင်း​နေ​သော​ကြောင့်၊ မြို့​သား​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ည​အ​ခါ​ပြေး၍၊ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား၊ ဥ​ယျာဉ်​တော်​နား​တံ​ခါး​ဝ​ဖြင့် ထွက်​ပြီး​မှ လွင်​ပြင်​သို့​သွား​ကြ၏။#ယေ​ဇ၊ ၃၃:၂၁။ 8ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​သည် ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​ကို လိုက်၍၊ ယေ​ရိ​ခေါ​လွင်​ပြင်၌​မီ​သ​ဖြင့် ဇေ​ဒ​ကိ​မင်း၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် လွင့်​ပြေး​ကြ၏။ 9ရန်​သူ​တို့​သည် ရှင်​ဘု​ရင်​ကို ဖမ်း​ဆီး၍၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ရှိ​ရာ ဟာ​မတ်​ပြည် ရိ​ဗ​လ​မြို့​သို့​ဆောင်​သွား​ကြ၏။ ဗာ​ဗု​လုန် ရှင်​ဘု​ရင်​သည် ဇေ​ဒ​ကိ၏​အ​မှု​ကို စစ်​ကြော​စီ​ရင်၍၊ 10ဇေ​ဒ​ကိ​မင်း၏​သား​တို့​ကို အ​ဘ​မျက်​မှောက်၌ သတ်​လေ၏။ ရိ​ဗ​လ​မြို့​မှာ ယု​ဒ​မှူး​မတ်​အ​ပေါင်း​တို့​ကို​လည်း သတ်​လေ၏။ 11ဇေ​ဒ​ကိ​မျက်​စိ​ကို​လည်း ဖောက်​ပြီး​မှ၊ သူ့​ကို ကြေး​ဝါ​ကြိုး​နှင့် ချည်​နှောင်၍ ဗာ​ဗု​လုန်​မြို့​သို့​ယူ​သွား​သ​ဖြင့်၊ သေ​သည်​တိုင်​အောင် ထောင်​ထဲ​မှာ လှောင်​ထား​လေ၏။#ယေ​ဇ၊ ၁၂:၁၃။
ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​ခြင်း
(၄ ရာ၊ ၂၅:၈-၁၇။ ၆ ရာ၊ ၃၆:၁၇-၂၁။ ယေ၊ ၃၉:၈-၁၀။)
12ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ နန်း​စံ​တစ်​ဆယ်​ကိုး​နှစ်၊ ပ​ဥ္စ​မ​လ ဆယ်​ရက်​နေ့​တွင်၊ အ​မှု​တော်​ထမ်း​ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ၍၊ 13ဗိ​မာန်​တော်၊ နန်း​တော်၊ မင်း​အိမ်၊ ဆင်း​ရဲ​သား​အိမ်​ရှိ​သ​မျှ​တို့​ကို မီး​ရှို့​လေ၏။#၃ ရာ၊ ၉:၈။ 14ကိုယ်​ရံ​တော်​မှူး၌​ပါ​သော ခါ​လ​ဒဲ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ရိုး ရှိ​သ​မျှ​တို့​ကို ဖြို​ဖျက်​ကြ၏။ 15ထို​အ​ခါ ကိုယ်​ရံ​တော်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည် မြို့​ထဲ​မှာ ကျန်​ကြွင်း​သော​ဆင်း​ရဲ​သား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ဘက်​သို့ ကူး​သွား​နှင့်​သော​မြို့​သား၊ ကြွင်း​သ​မျှ​သော​သူ​တို့​ကို သိမ်း​သွား​လေ၏။ 16သို့​ရာ​တွင်၊ စ​ပျစ်​ဥ​ယျာဉ်​ကို​ပြု​စု၍ လယ်​လုပ်​စေ​ခြင်း​ငှာ၊ ဆင်း​ရဲ​သား​အ​ချို့​တို့​ကို ထား​ခဲ့​လေ၏။
17ဗိ​မာန်​တော်၌ ကြေး​ဝါ​တိုင်​တို့​ကို​လည်း​ကောင်း၊ ကြေး​ဝါ​ရေ​ကန်​ကို​လည်း​ကောင်း၊ ရေ​ချိုး​အင်​တုံ အ​ခြေ​အ​မြစ်​တို့​ကို​လည်း​ကောင်း၊ ခါ​လ​ဒဲ​လူ​တို့​သည် ချိုး​ဖဲ့၍၊ ကြေး​ဝါ​ရှိ​သ​မျှ​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ကြ၏။#၃​ရာ၊ ၇:၁၅-၄၇။ 18အိုး​ကင်း၊ တူး​ရွင်း​ပြား၊ မီး​ညှပ်၊ အိုး၊ ဇွန်း​မှ​စ၍ အ​မှု​တော်​ထမ်း​စ​ရာ၊ ကြေး​ဝါ​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း ယူ​သွား​ကြ၏။ 19ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ​တည်း​ဟူ​သော အင်​တုံ၊ လင်​ပန်း၊ အိုး၊ အိုး​ကင်း၊ မီး​ခုံ၊ ဇွန်း၊ ဖ​လား​များ​ကို၊ ရွှေ​ဖြစ်​စေ၊ ငွေ​ဖြစ်​စေ၊ ကိုယ်​ရံ​တော်​မှူး​သည် ယူ​သွား​လေ၏။ 20ဗိ​မာန်​တော်၌ ရှော​လ​မုန်​မင်း​ကြီး လုပ်​သော​တိုင်​နှစ်​တိုင်၊ ရေ​ကန်​တစ်​ခု၊ ရေ​ကန်​ခံ​စ​ရာ အ​ခြေ​အ​မြစ် ကြေး​ဝါ​နွား တစ်​ဆယ်​နှစ်​ခု၌​ပါ​သော​ကြေး​ဝါ​သည် အ​ချိန်​အား​ဖြင့် အ​တိုင်း​မ​သိ​များ၏။ 21တိုင်​အ​မြင့်​ကား၊ တစ်​ဆယ်​ရှစ်​တောင်​ရှိ၏။ လုံး​ပတ်​မှု​ကား၊ တစ်​ဆယ်​နှစ်​တောင် ရှည်​သော ကြိုး​တစ်​ပတ်​ရှိ၏။ ခေါင်း​ပွ​ဖြစ်၍ ဒု​လေး​သစ်​ရှိ၏။ 22ကြေး​ဝါ​တိုင်​ထိပ်​လည်း​ရှိ၏။ တိုင်​ထိပ်​အ​မြင့်​ကား၊ ငါး​တောင်​ရှိ၍ ထိပ်​ပတ်​လည် ကြေး​ဝါ​ကွန်​ရွက်၊ ကြေး​ဝါ​သ​လဲ​သီး​တို့​နှင့် ပြည့်​စုံ၏။ အ​ခြား​သော​တိုင်​သည်​လည်း၊ ထို​အ​တူ​ဖြစ်၍ သ​လဲ​သီး​တို့​နှင့် ပြည့်​စုံ၏။ 23တိုင်​တစ်​မျက်​နှာ၌ သ​လဲ​သီး ကိုး​ဆယ်​ခြောက်​လုံး​စီ​ရှိ၍၊ ကွန်​ရွက်​တစ်​ဖက်၌ သ​လဲ​သီး​ပေါင်း တစ်​ရာ​ရှိ​သ​တည်း။
ယု​ဒ​ပြည်​သား​တို့​အား​ဗာ​ဗု​လုန်​ပြည်​သို့ ခေါ်​ဆောင် သွား​ခြင်း
(၄​ရာ၊ ၂၅:၁၈-၂၁၊ ၂၇-၃၀)
24ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း စ​ရာ​ယ၊ ဒု​တိ​ယ​ယဇ်​ပု​ရော​ဟိတ် ဇေ​ဖ​နိ၊ ဗိ​မာန်​တော်​တံ​ခါး​မှူး သုံး​ယောက်​တို့​ကို ဖမ်း​ဆီး​လေ၏။ 25စစ်​သူ​ရဲ​တို့​ကို အုပ်​သော ဗိုလ်​တစ်​ယောက်၊ မြို့​ထဲ၌​တွေ့​မိ​သော တိုင်​ပင်​မှူး​မတ် ခု​နစ်​ယောက်၊ ပြည်​သူ​ပြည်​သား​များ​ကို နှိုး​ဆော်​သော တပ်​စာ​ရေး​ကြီး​တစ်​ယောက်၊ မြို့​ထဲ၌​တွေ့​မိ​သော ပြည်​သား​ခြောက်​ဆယ်​တို့​ကို မြို့​ထဲ​က​ခေါ်​သွား၍၊ 26ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ရှိ​ရာ ရိ​ဗ​လ​မြို့​သို့ ဆောင်​ခဲ့​ပြီး​လျှင်၊ 27ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဟာ​မတ်​ပြည် ရိ​ဗ​လ​မြို့၌ ထို​သူ​တို့​ကို​ဒဏ်​ပေး၍ ကွပ်​မျက်​လေ၏။ ထို​သို့ ယု​ဒ​အ​မျိုး​သည် မိ​မိ​ပြည်​မှ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သ​တည်း။
28နေ​ဗု​ခဒ်​နေ​ဇာ​မင်း သိမ်း​သွား​သော လူ​ဟူ​မူ​ကား၊ နန်း​စံ​ခု​နစ်​နှစ်​တွင်၊ ယု​ဒ​အ​မျိုး​သား သုံး​ထောင်​နှစ်​ဆယ် သုံး​ယောက်​တို့​ကို သိမ်း​သွား​လေ၏။ 29တစ်​ဆယ်​ရှစ်​နှစ်​တွင်၊ လူ​ရှစ်​ရာ​သုံး​ဆယ်​နှစ်​ယောက်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ သိမ်း​သွား​လေ၏။ 30နှစ်​ဆယ်​သုံး​နှစ်​တွင်၊ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယု​ဒ​အ​မျိုး​သား ခု​နစ်​ရာ​လေး​ဆယ်​ငါး​ယောက်​တို့​ကို သိမ်း​သွား၏။ လူ​အ​ပေါင်း​ကား၊ လေး​ထောင်​ခြောက်​ရာ​ရှိ​သ​တည်း။
ယု​ဒ​ရှင်​ဘု​ရင်​ယေ​ခေါ​နိ
31ယု​ဒ​ရှင်​ဘု​ရင်​ယေ​ခေါ​နိ​သည် အ​ချုပ်​ခံ​ရ​သော သ​က္က​ရာဇ်​သုံး​ဆယ်​ခု​နစ်​နှစ်၊ ဒွါ​ဒ​သ​မ​လ နှစ်​ဆယ်​ငါး​ရက်​နေ့​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ဧ​ဝိ​လ​မ​ရော​ဒက် နန်း​စံ​စ​က ယု​ဒ​ရှင်​ဘု​ရင်​ယေ​ခေါ​နိ​ကို ထောင်​ထဲ​က​နုတ်၍ ချမ်း​သာ​ပေး​လေ၏။ 32ကောင်း​မွန်​စွာ​နှုတ်​ဆက်၍ သူ၏​ပ​လ္လင်​ကို ဗာ​ဗု​လုန်​မြို့​မှ အ​ထံ​တော်၌​ရှိ​သော မင်း​ကြီး​များ​ထိုင်​ရာ ပ​လ္လင်​တို့​ထက် ချီး​မြှင့်​လေ၏။ 33ယေ​ခေါ​နိ​မင်း​သည် ထောင်​ထဲ​မှာ​ဝတ်​သော အ​ဝတ်​ကို​လဲ၍၊ အ​သက်​ရှည်​သ​မျှ​ကာ​လ​ပတ်​လုံး အ​စဉ်​မ​ပြတ် အ​ထံ​တော်၌ စား​သောက်​ရ၏။ 34မ​သေ​မီ​တိုင်​အောင် အ​သက်​ရှည်​သ​မျှ နေ့​ရက်​အ​စဉ်​မ​ပြတ် သူ​စား​စ​ရာ​ဖို့၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ပေး​သ​နား​တော်​မူ၏။
ပ​ရော​ဖက်​ယေ​ရ​မိ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း ပြီး၏။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 52: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ