YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 48

48
မော​ဘ​ပြည်​ကို​ဖျက်​ဆီး​ခြင်း
1ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် မော​ဘ​ပြည်​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ နေ​ဗော​မြို့​သည် အ​မင်္ဂ​လာ​ရှိ၏။ ပျက်​စီး​ခြင်း​သို့ ရောက်​လေ၏။ ကိ​ရ​ယ​သိမ်​မြို့​သည် ရှုံး၍ လု​ယူ​ခြင်း​ကို ခံ​ရ၏။ မိ​သ​ဂပ်​မြို့​သည်​လည်း​ရှုံး၍ စိတ်​ပျက်​လေ၏။#ဟေ​ရှာ၊ ၁၅:၁-၁၆:၁၄၊ ၂၅:၁၀-၁၂။ ယေ​ဇ၊ ၂၅:၈-၁၁။ အာ၊ ၂:၁-၃။ ဇေ၊ ၂:၈-၁၁။ 2မော​ဘ​ပြည်​သည် နောက်​တစ်​ဖန် ဟေ​ရှ​ဘုန်​မြို့၌ မ​ဝါ​ကြွား​ရ။ ရန်​သူ​တို့​က၊ မော​ဘ​ပြည်​ကို ပြည်​မ​ဖြစ်​စေ​ခြင်း​ငှာ ပယ်​ရှား​ကြ​ကုန်​အံ့​ဟု၊ ရန်​ပြု​မည့်​အ​ကြံ​နှင့် ကြံ​စည်​ကြ၏။ အို မာ​ဒ​မေ​န​မြို့၊ သင်​သည်​လည်း​ပျက်​စီး​ရ​မည်။ ဓား​ဘေး​သည် သင့်​ကို​လိုက်​လိမ့်​မည်။ 3ဟော​ရ​နိမ်​မြို့၌​လည်း ညှဉ်း​ဆဲ​ခြင်း​နှင့် ပြင်း​စွာ​သော ပျက်​စီး​ခြင်း​ရှိ၍၊ အော်​ဟစ်​သော​အ​သံ​ကို ကြား​ရ၏။ 4မော​ဘ​ပြည်​သည် ပျက်​စီး​ခြင်း​သို့​ရောက်၍၊ သူ​ငယ်​တို့​သည် မြည်​တမ်း​သော​အ​သံ​ကို ပြု​ကြ၏။ 5ငို​ကြွေး​သော​အ​သံ​သည် လု​ဟိတ်​တောင်​ပေါ်​သို့ တက်​ရ၏။ ဟော​ရ​နိမ်​မြို့​သို့ ဆင်း​ရာ​အ​ရပ်၌​လည်း၊ ဆုံး​ရှုံး​ခြင်း​အ​သံ​ကို ရန်​သူ​တို့​သည် ကြား​ရ​ကြ၏။ 6အ​သက်​လွတ်​အံ့​သော​ငှာ ပြေး​ကြ​လော့။ လွင်​ပြင်၌​ရှိ​သော သစ်​ပင်​ခြောက် ကဲ့​သို့​ဖြစ်​ကြ​လော့။ 7သင်​သည် မိ​မိ​ဆည်း​ပူး​သော ဘ​ဏ္ဍာ​ဥ​စ္စာ​ကို ကိုး​စား​သော​ကြောင့်၊ သူ​တစ်​ပါး​လက်​သို့ ရောက်​ရ​လိမ့်​မည်။ ခေ​မု​ရှ​ဘု​ရား​ကို​လည်း သူ၏​မင်း၊ သူ၏​ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် တ​ကွ သိမ်း​သွား​ကြ​လိမ့်​မည်။ 8လု​ယူ​သော​သူ​သည် မြို့​များ​အ​စဉ်​အ​တိုင်း​ရောက်​လာ၍ မြို့​တစ်​မြို့​မျှ မ​လွတ်​ရ။ ချိုင့်​နှင့်​တ​ကွ လွင်​ပြင်​သည်​လည်း၊ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။ 9မော​ဘ​ပြည်​သည် လွတ်​ရာ​သို့ ပြေး​ရ​အောင် ငှက်​တောင်​တို့​ကို ပေး​လော့။ မြို့​တို့​သည် နေ​သော​သူ​မ​ရှိ၊ လူ​ဆိတ်​ညံ​ရာ ဖြစ်​ကြ​လိမ့်​မည်။ 10ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​ကို​ကြိုး​စား၍ မ​ဆောင်​သော​သူ​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​စေ။ လူ​အ​သက်​ကို မ​သတ်​ဘဲ မိ​မိ​ဓား​ကို သိမ်း​ရုပ်​သော​သူ​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​စေ။
မော​ဘ​မြို့​များ​ပျက်​စီး​ခြင်း
11မော​ဘ​သည် အိုး​တစ်​လုံး​မှ​တစ်​လုံး​သို့ မ​ပြောင်း၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သို့ ယူ​သွား​ခြင်း​ကို မ​ခံ၊ ငယ်​သော​အ​ရွယ်​မှ​စ၍ ငြိမ်​လျက်၊ မိ​မိ​အ​ဖတ်​အ​နည်​ပေါ်၌ နေ​ရာ​ကျ​လျက်​ရှိ​သော​ကြောင့်၊ မိ​မိ​အ​ရ​သာ​သည် တည်​နေ၏။ မွှေး​သော​အ​နံ့​လည်း မ​ပျက်။ 12သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ စောင်း၍​ထား​တတ်​သော​သူ​တို့​ကို သူ့​ထံ​သို့ ငါ​စေ​လွှတ်​ရ​သော အ​ချိန်​ရောက်​လိမ့်​မည်။ သူ​တို့​သည် မော​ဘ​ကို​စောင်း၍​ထား​ပြီး​လျှင်၊ သူ၏​အိုး​တို့​ကို သွန်၍ ရေ​ဘူး​တို့​ကို ခွဲ​ကြ​လိမ့်​မည်။ 13ဣ​သ​ရေ​လ​အ​မျိုး​သည် မိ​မိ​တို့​ခို​လှုံ​သော ဗေ​သ​လ​ဘု​ရား​ကြောင့် ရှက်​ရ​သ​ကဲ့​သို့၊ မော​ဘ​အ​မျိုး​သည်​လည်း ခေ​မု​ရှ​ဘု​ရား​ကြောင့် ရှက်​ရ​လိမ့်​မည်။ 14ငါ​တို့​သည် အား​ကြီး​သော​သူ၊ စစ်​တိုက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​သူ ဖြစ်​ကြ၏​ဟု၊ သင်​တို့​သည် အ​ဘယ်​သို့ ပြော​ဆို​ကြ​လိမ့်​မည်​နည်း။ 15မော​ဘ​ပြည်​သည် ပျက်​စီး​ပြီ။ မြို့​တို့​သည် ကျွမ်း​လောင်​ကြ​ပြီ။ သူ​ရွေး​ချယ်​သော လု​လင်​တို့​သည် ကွပ်​မျက်​ခြင်း​ကို ခံ​အံ့​သော​ငှာ ဆင်း​သွား​ကြ​ပြီ​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ၍ ဘွဲ့​နာ​မ​ရှိ​သော ရှင်​ဘု​ရင် မိန့်​တော်​မူ၏။ 16မော​ဘ​ကို လုပ်​ကြံ​ရ​သော​အ​ချိန်​နီး​ပြီ။ သူ​ခံ​ရ​သော​ဘေး​သည် အ​လျင်​အ​မြန်​လာ၏။ 17သူ့​ပတ်​လည်၌​နေ​သော သူ​အ​ပေါင်း​တို့၊ သူ့​အ​တွက် မြည်​တမ်း​ကြ​လော့။ သူ၏​နာ​မ​ကို သိ​သော​သူ​အ​ပေါင်း​တို့၊ တန်​ခိုး​ကြီး​သော​လှံ​တံ၊ အ​သ​ရေ​တင့်​တယ်​သော​တံ​ဖျာ​သည် ကျိုး​လေ​ပြီ​တ​ကား​ဟု ပြော​ဆို​ကြ​လော့။ 18ဒိ​ဘုန်​မြို့၌​နေ​သော သ​တို့​သ​မီး၊ သင်​ခံ​စား​ရ​သော စည်း​စိမ်​မှ​ဆင်း၍ အ​ငတ်​ခံ​လျက်​ထိုင်​လော့။ မော​ဘ​ကို လု​ယူ​သော​သူ​သည် သင်​ရှိ​ရာ​သို့​လာ၍၊ သင်၏​ရဲ​တိုက်​တို့​ကို​ဖျက်​ဆီး​လိမ့်​မည်။ 19အို အာ​ရော်​မြို့​သား၊ လမ်း​နား​မှာ​ရပ်၍ ကြည့်​ရှု​လော့။ အ​ဘယ်​အ​မှု​ရှိ​သ​နည်း​ဟု၊ ပြေး​သော​ယောက်ျား​နှင့် အ​သက်​လွတ်​သော မိန်း​မ​ကို မေး​မြန်း​လော့။ 20မော​ဘ​သည် စိတ်​ပျက်​လေ၏။ ပြို​လဲ​လျက် ရှိ၏။ ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ မော​ဘ​သည် ပျက်​စီး​ကြောင်း​ကို အာ​နုန်​မြို့၌ ကြား​ပြော​ကြ​လော့။ 21လွင်​ပြင်​နှင့် တ​ကွ​ဟော​လုန်​မြို့၊ ယ​ဟာ​ဇ​မြို့၊ မေ​ဖတ်​မြို့၊ 22ဒိ​ဘုန်​မြို့၊ နေ​ဗော​မြို့၊ ဗက်​ဒိ​ဗ​လ​သိမ်​မြို့၊ 23ကိ​ရ​ယ​သိမ်​မြို့၊ ဗက်​ဂ​မု​လ​မြို့၊ ဗက်​မောင်​မြို့၊ 24ကေ​ရုတ်​မြို့၊ ဗော​ဇ​ရ​မြို့​မှ​စ၍၊ မော​ဘ​ပြည်၌​ရှိ​သော​မြို့ အ​နီး​အ​ဝေး​ရှိ​သ​မျှ​တို့​သည် အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ၏။ 25မော​ဘ၏​ဦး​ချို​သည် ပြတ်​လေ​ပြီ။ သူ၏​လက်​ရုံး​သည် ကျိုး​လေ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။
မော​ဘ​၏​မာ​န​ကို​ချိုး​တော်​မူ​မည်
26မော​ဘ​သည် ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဝါ​ကြွား​သော​ကြောင့် သူ့​ကို​ယစ်​မူး​စေ​ကြ​လော့။ သူ​သည် မိ​မိ​အန်​ဖတ်၌ လူး​လည်း၍ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ၏။ 27သင်​သည် ဣ​သ​ရေ​လ​ကို ကဲ့​ရဲ့​ပြီ​မ​ဟုတ်​လော။ သို့​ရာ​တွင်၊ သူ​သည် သူ​ခိုး​တို့​နှင့်​ပေါင်း​ဖော်​သည်​ကို တွေ့​ဖူး​သ​လော။ သူ၏​အ​ကြောင်း​ကို ပြော​လေ​ရာ​ရာ၌ သင်​သည် ခေါင်း​ကို​ညိတ်​ပါ​သည်​တ​ကား။ 28မော​ဘ​ပြည်၌​နေ​သော သူ​တို့၊ မြို့​တို့​ကို​စွန့်၍ ကျောက်​ကြား၌ နေ​ကြ​လော့။ မြေ​တွင်း​ဝ​နား​မှာ အ​သိုက်​လုပ်​တတ်​သော ချိုး​ငှက်​ကဲ့​သို့ ပြု​ကြ​လော့။
29မော​ဘ၏​မာ​န​ကို ငါ​တို့​သည် ကြား​သိ​ကြ၏။ အ​လွန်​ကြီး​သော မာ​န​ဖြစ်၏။ မာ​န​ကြီး​ခြင်း၊ ထောင်​လွှား​စော်​ကား​ခြင်း၊ စိတ်​နှ​လုံး​မြင့်​ခြင်း ရှိ​သော်​လည်း၊ 30သူ၏ ဒေါ​သ​အ​မျက်​ထွက်​ခြင်း​ကို ငါ​သိ​သည်​ဖြစ်၍၊ သူ​သည် အ​ချည်း​နှီး​သက်​သက် ဝါ​ကြွား​သော​စ​ကား​ကို ပြော​လျက်​နှင့်၊ မိ​မိ​အ​လို မ​ပြည့်​စုံ​ရာ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 31ထို​ကြောင့်၊ မော​ဘ​အ​တွက် ငါ​သည်​ညည်း​တွား​မြည်​တမ်း​မည်။ မော​ဘ​ပြည် တစ်​ပြည်​လုံး​အ​တွက် ငို​ကြွေး​မည်။ ကိ​ရ​ဟ​ရက်​မြို့​သား​တို့​အ​တွက် ညည်း​တွား​ခြင်း ရှိ​ရ​မည်။ 32အို စိ​ဗ​မာ​စ​ပျစ်​နွယ်​ပင်၊ ယာ​ဇာ​မြို့​အ​တွက် မျက်​ရည်​ကျ​သည်​ထက်၊ သင့်​အ​တွက် ငါ​သည် မျက်​ရည်​ကျ​မည်။ သင်၏​အ​ညွန့်​တို့​သည် ပင်​လယ်​ကို​လွန်၍၊ ယာ​ဇာ​ပင်​လယ်​တိုင်​အောင် ရောက်​ကြ၏။ ဖျက်​ဆီး​သော​သူ​သည် သင်၏​သစ်​သီး​နှင့် စ​ပျစ်​သီး​တို့​ကို လု​ယူ၏။ 33ဝ​ပြော​သော​လယ်​ပြင်​နှင့် မော​ဘ​ပြည်​ထဲ​မှာ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း ပြတ်​လေ​ပြီ။ စ​ပျစ်​သီး​နယ်​ရာ ကျင်း၌ စ​ပျစ်​ရည်​ကို ငါ​ပြတ်​စေ​ပြီ။ ကြွေး​ကြော်​သံ​ကို​ပြု၍ စ​ပျစ်​သီး​ကို မ​နင်း​ရ။ ကြွေး​ကြော်​သော အ​သံ​လည်း ကြွေး​ကြော်​သော​အ​သံ မ​ဟုတ်​ရ။ 34ဟေ​ရှ​ဘုန်​မြို့ ငို​ကြွေး​သံ​မှ​စ၍ ဧ​လာ​လေ​မြို့၊ ယာ​ဟတ်​မြို့ တိုင်​အောင်​လည်း​ကောင်း၊ ဇော​ရ​မြို့​မှ​စ၍ ဟော​ရ​နိမ်​မြို့ တိုင်​အောင်​လည်း​ကောင်း သုံး​နှစ်​အ​သက်​ရှိ​သော နွား​မ​မြည်​သံ​ကဲ့​သို့ အ​သံ​ကို လွှင့်​ကြ၏။ အ​ကြောင်း​မူ​ကား၊ နိ​မ​ရိမ် ရေ​ကန်​တို့​သည်​လည်း ဆိတ်​ညံ​လျက်​ရှိ​ကြ၏။ 35မော​ဘ​ပြည်၌ မြင့်​သော​အ​ရပ်​ပေါ်​မှာ ပူ​ဇော်​သော​သူ၊ မိ​မိ​ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​သော​သူ​တို့​ကို ငါ​ပြတ်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ 36ထို​ကြောင့်၊ ငါ​နှ​လုံး​သည် မော​ဘ​ပြည်​အ​တွက် ပု​လွေ​ကဲ့​သို့ မြည်​ရ​လိမ့်​မည်။ ငါ့​နှ​လုံး​သည် ကိ​ရ​ဟ​ရက်​မြို့​သား​တို့​အ​တွက် ပု​လွေ​ကဲ့​သို့ မြည်​ရ​လိမ့်​မည်။ သူ​တို့​ဆည်း​ပူး​သော ဘ​ဏ္ဍာ​ဥ​စ္စာ ပျက်​စီး​ပြီ။ 37လူ​တိုင်း​ဆံ​ပင်​တို​လျက်၊ မုတ်​ဆိတ်​ကို​ရိတ်​လျက်၊ လက်၌​ရှ​န​လျက်၊ ခါး၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် ရှိ​ရ၏။ 38အ​သုံး​မ​ရ​သော အိုး​ကို​ခွဲ​တတ်​သ​ကဲ့​သို့၊ မော​ဘ​ပြည်​ကို ငါ​ခွဲ​သော​ကြောင့်၊ မော​ဘ​ပြည်​အိမ်​မိုး​များ အ​ပေါ်၌​လည်း​ကောင်း၊ လမ်း​များ၌​လည်း​ကောင်း၊ ညည်း​တွား​မြည်​တမ်း​ခြင်း နှံ့​ပြား​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ 39သူ​တို့​က​လည်း၊ မော​ဘ​ပြည် ပြို​ပျက်​လေ​ပြီ​တ​ကား၊ ရှက်၍ ဆုတ်​သွား​လေ​ပြီ​တ​ကား​ဟု ညည်း​တွား​မြည်​တမ်း ကြ​လိမ့်​မည်။ မော​ဘ​သည် အ​ရှက်​ကွဲ၍ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​လျက်၊ ပတ်​လည်၌​နေ​သော သူ​အ​ပေါင်း​တို့၏ ကြောက်​လန့်​စ​ရာ​အ​ကြောင်း ဖြစ်​ရ​လိမ့်​မည်။
မော​ဘ​ပြည်​လွတ်​မြောက်​ရန်​မ​ရှိ
40ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ရန်​သူ​သည် ရွှေ​လင်း​တ​ပျံ​တတ်​သ​ကဲ့​သို့ ပျံ​လာ၍၊ အ​တောင်​တို့​နှင့် မော​ဘ​ပြည်​ကို အုပ်​မိုး​လိမ့်​မည်။ 41မြို့ တို့​ကို​လုပ်​ကြံ၍ ရဲ​တိုက်​တို့​ကို တိုက်​ယူ​သော​ကြောင့်၊ ထို​နေ့၌ မော​ဘ​အ​မျိုး​သူ​ရဲ​တို့ စိတ်​နှ​လုံး​သည်၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သော မိန်း​မ၏​စိတ်​နှ​လုံး​ကဲ့​သို့ ဖြစ်​ရ​လိမ့်​မည်။ 42မော​ဘ​သည် ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဝါ​ကြွား​သော​ကြောင့်၊ နောက်​တစ်​ဖန် ပြည်​မ​ဖြစ်​နိုင်​အောင် ပျက်​စီး​ရ​လိမ့်​မည်။ 43အို မော​ဘ​အ​မျိုး​သား၊ သင်​သည်​ကြောက်​လန့်​ဖွယ်​သော​အ​ရာ၊ မြေ​တွင်း၊ ကျော့​ကွင်း​ထဲ​သို့ ရောက်​လေ​ပြီ။ 44ကြောက်​လန့်​ဖွယ်​သော​အ​ရာ​မှ ပြေး​သော​သူ​သည် မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ မြေ​တွင်း​မှ လွတ်​သော​သူ​သည် ကျော့​ကွင်း၌ ကျော့​မိ​လိမ့်​မည်။ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​နှစ်​ကာ​လ​ကို မော​ဘ​ပြည်​သို့ ငါ​ရောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 45ပြေး​သော​သူ​တို့​သည် အား​ကုန်​သော​ကြောင့်၊ ဟေ​ရှ​ဘုန်​မြို့​အ​ရိပ်​ကို ခို​ကြ​သော်​လည်း၊ ရှိ​ဟုန်​ဘု​ရင် နေ​ရာ ဟေ​ရှ​ဘုန်​မြို့​မှ မီး​လျှံ​ထွက်​သ​ဖြင့်၊ မာ​န​ထောင်​လွှား​သော​သူ​တို့၏​အ​ထွတ်​မှ​စ၍ မော​ဘ​ပြည်​စွန်း​တိုင်​အောင် လောင်​လိမ့်​မည်။ 46အို မော​ဘ​ပြည်၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို ခေ​မု​ရှ​တ​ပည့်​တို့၊ သင်​တို့​သည် အ​ကျိုး​နည်း​ကြ​ပြီ။ သင်​တို့၏​သား​သ​မီး​များ​ကို သိမ်း​သွင်း​ကြ​ပြီ။ 47သို့​ရာ​တွင်၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော မော​ဘ​အ​မျိုး​သား​တို့​ကို နောင်​ကာ​လ၌ ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ဤ​ရွေ့​ကား၊ မော​ဘ​ခံ​ရ​သော​အ​ပြစ်​တ​ရား​ပေ​တည်း။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 48: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ