YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 47

47
ဖိ​လိ​တ္တိ​တို့​အ​ပေါ်​တ​ရား​စီ​ရင်​ခြင်း
1ဖာ​ရော​ဘု​ရင်​သည် ဂါ​ဇ​မြို့​ကို​မ​လုပ်​ကြံ​မီ၊ ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​ကို​ရည်​မှတ်၍၊ ပ​ရော​ဖက်​ယေ​ရ​မိ​သို့ ရောက်​လာ​သော နှုတ်​က​ပတ်​တော်​အား​ဖြင့်၊#ဟေ​ရှာ၊ ၁၄:၂၉-၃၁။ ယေ​ဇ၊ ၂၅:၁၅-၁၇။ ယော​လ၊ ၃:၄-၈။ အာ၊ ၁:၆-၈။ ဇေ၊ ၂:၄-၇။ ဇာ၊ ၉:၅-၇။ 2ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မြောက်​မျက်​နှာ​ဘက်​က ရေ​သည်​ထ၍ လွှမ်း​မိုး​သော​ပင်​လယ်​ဖြစ်​လျက်၊ တစ်​ပြည်​လုံး​နှင့်၊ ပြည်၌ ပါ​သ​မျှ​ကို​လည်း​ကောင်း၊ မြို့​နှင့် မြို့၌​နေ​သော သူ​တို့​ကို​လည်း​ကောင်း​လွှမ်း​မိုး၍၊ သူ​တို့​သည် အော်​ဟစ်​ကြ​လိမ့်​မည်။ ပြည်​သူ​ပြည်​သား​တို့​သည် မြည်​တမ်း​ကြ​လိမ့်​မည်။ 3ရန်​သူ​စီး​သော မြင်း​ခွာ​သံ၊ စိုင်း​သော​ရ​ထား​ဘီး​များ မြည်​သံ​ကြောင့်၊ အ​ဘ​တို့​သည် လက်​အား​လျော့၍ သား​တို့​ကို ပြန်​မ​ကြည့်​ကြ။ 4အ​ကြောင်း​မူ​ကား၊ ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​ကို ဖျက်​ဆီး​ရ​သော​နေ့၊ တု​ရု​မြို့၊ ဇိ​ဒုန်​မြို့​ကို စစ်​ကူ​နိုင်​သော​သူ​အ​ကျန်​အ​ကြွင်း​ရှိ​သ​မျှ​ကို ပယ်​ဖြတ်​ရ​သော​နေ့​သည်​ရောက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖိ​လိ​တ္တိ​အ​မျိုး​သား​နှင့် ကျန်​ကြွင်း​သော က​တ္တော​ရ​ပြည်​သား​တို့​ကို သုတ်​သင်​ပယ်​ရှင်း​တော်​မူ​မည်။ 5ဂါ​ဇ​မြို့​သည် ဆံ​ပင်​ရိတ်​ခြင်း​ကို ခံ​ရ၏။ အာ​ရှ​ကေ​လုန်​မြို့​နှင့် ကျန်​ကြွင်း​သော ချိုင့်​အ​ရပ်​သည် ပျက်​စီး​ပြီ။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​အ​သား​ကို ခုတ်​ဖြတ်​ရ​မည်​နည်း။ 6အို ထာ​ဝ​ရ​ဘု​ရား၏​ဓား​တော်၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မ​ငြိမ်​ဘဲ​နေ​မည်​နည်း။ ကိုယ်​အိမ်၌ ဝင်၍​နေ​လော့။ နေ​ရာ​ကျ၍ ငြိမ်​ဝပ်​စွာ​နေ​လော့။ 7အာ​ရှ​ကေ​လုန်​မြို့​နှင့် ပင်​လယ်​ကမ်း​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော​ကြောင့်၊ အ​ဘယ်​သို့ ငြိမ်​ဝပ်​စွာ​နေ​နိုင်​သ​နည်း။ ထို​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 47: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ