YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 37

37
ဇေ​ဒ​ကိ​ပန်​ကြား​ချက်
1ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​သော ယော​ယ​ကိမ်​သား​ခေါ​နိ​အ​ရာ၌၊ ယော​ရှိ​မင်း​ကြီး၏​သား ဇေ​ဒ​ကိ​မင်း​ကြီး​သည် နန်း​ထိုင်​လေ၏။#၄​ရာ၊ ၂၄:၁၇။ ၆​ရာ၊ ၃၆:၁၀။ 2ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရ​မိ​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​တော်​တို့​ကို၊ ထို​မင်း​ကြီး​အ​စ​ရှိ​သော ကျွန်​များ၊ ပြည်​သူ​ပြည်​သား​များ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ၏။
3တ​ရံ​ရော​အ​ခါ ဇေ​ဒ​ကိ​မင်း​ကြီး​သည်၊ ရှေ​လ​မိ​သား ယေ​ဟု​က​လ​နှင့် ယဇ်​ပု​ရော​ဟိတ် မာ​သေ​ယ​သား ဇေ​ဖ​နိ​တို့​ကို ပ​ရော​ဖက်​ယေ​ရ​မိ​ထံ​သို့ စေ​လွှတ်၍၊ ငါ​တို့​အ​ဖို့ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပါ​လော့​ဟု မှာ​လိုက်၏။ 4ထို​အ​ခါ ယေ​ရ​မိ​သည် ထောင်​ထဲ​သို့​မ​ရောက်​သေး။ လူ​များ​တို့​နှင့် ပေါင်း​ဖော်​လျက် နေ​သေး၏။ 5ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​သော ခါ​လ​ဒဲ​လူ​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​မှ ဖာ​ရော​ဘု​ရင်၏ ဗိုလ်​ခြေ​များ​စစ်​ချီ၍ လာ​ကြောင်း​ကို​ကြား​လျှင်၊ ထို​မြို့​မှ ထွက်​သွား​ကြ​ပြီ။ 6ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ပ​ရော​ဖက်​ယေ​ရ​မိ​သို့​ရောက်၍၊ 7ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ့​ကို​မေး​လျှောက်​စေ​ခြင်း​ငှာ၊ သင့်​ကို​မှာ​လိုက်​သော ယု​ဒ​ရှင်​ဘု​ရင်​အား ဤ​သို့​ပြန်​ပြော​လော့။ သင်​တို့​ကို​စစ်​ကူ​ခြင်း​ငှာ​လာ​သော ဖာ​ရော​ဘု​ရင်၏​ဗိုလ်​ခြေ​တို့​သည် သူ​တို့​နေ​ရင်း အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​သွား​ကြ​လိမ့်​မည်။ 8ခါ​လ​ဒဲ​လူ​တို့​သည်​လာ​ပြန်၍၊ ဤ​မြို့​ကို​တိုက်​ယူ​ပြီး​လျှင် မီး​ရှို့​ကြ​လိမ့်​မည်။ 9ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် ခါ​လ​ဒဲ​လူ​တို့​သည် ငါ​တို့​ထံ​မှ ထွက်​သွား​ကြ​လိမ့်​မည်​ဟု ဆို၍ ကိုယ်​ကို​ကိုယ် မ​လှည့်​စား​ကြ​နှင့်။ သူ​တို့​သည်​ထွက်၍ မ​သွား​ရ​ကြ။ 10ထို​မျှ​မ​က၊ သင်​တို့​ကို​စစ်​တိုက်​သော ခါ​လ​ဒဲ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​ကို သင်​တို့​သည် လုပ်​ကြံ​သ​ဖြင့်၊ သူ​တို့​တွင် ဒဏ်​ချက်​ထိ​သော သူ​သက်​သက်​ကျန်​ကြွင်း​သော်​လည်း၊ သူ​တို့​သည် အ​သီး​အ​သီး​မိ​မိ​တို့​ထဲ၌​ထ၍၊ ဤ​မြို့​သို့ မီး​ရှို့​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
ယေ​ရ​မိ​ထောင်​ကျ​ခြင်း
11ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​သည် ဖာ​ရော​ဘု​ရင်၏​ဗိုလ်​ခြေ​တို့​ကို​ကြောက်​ရွံ့၍၊ ယေ​ရု​ရှ​လင်​မြို့​မှ ဆုတ်​သွား​ကြ​သော​အ​ခါ၊ 12ယေ​ရ​မိ​သည် မိ​မိ​အ​မျိုး၌ မိ​မိ​အ​မွေ​ဥ​စ္စာ​ကို​ခံ​အံ့​သော​ငှာ၊ ဗင်္ယာ​မိန်​ပြည်​သို့​သွား​မည်​ဟု အ​ကြံ​ရှိ၍ ယေ​ရု​ရှ​လင်​မြို့​မှ ထွက်​သွား​လေ၏။ 13ဗင်္ယာ​မိန်​တံ​ခါး​ဝ​သို့​ရောက်​သော​အ​ခါ၊ ဟာ​န​နိ​သား​ဖြစ်​သော ရှေ​လ​မိ၏​သား ကင်း​မှူး​ဣ​ရိ​ယ​က၊ သင်​သည် ခါ​လ​ဒဲ​လူ​တို့​ဘက်​သို့ ကူး​သွား​ပါ​သည်​တ​ကား​ဟု​ဆို​လျက်၊ ပ​ရော​ဖက်​ယေ​ရ​မိ​ကို ဖမ်း​ဆီး​လေ၏။ 14ယေ​ရ​မိ​က​လည်း၊ မ​ဟုတ်​ပါ။ ခါ​လ​ဒဲ​လူ​တို့​ဘက်​သို့ ငါ​မ​ကူး​မ​သွား​ပါ​ဟု​ဆို​သော်​လည်း၊ ဣ​ရိ​ယ​သည် နား​မ​ထောင်​ဘဲ၊ ယေ​ရ​မိ​ကို​ယူ၍ မင်း​များ​ထံ​သို့ ပို့​ဆောင်​လေ၏။ 15မင်း​များ​တို့​သည် အ​မျက်​ထွက်၍ ယေ​ရ​မိ​ကို ရိုက်​ပြီး​မှ၊ စာ​ရေး​တော်​ယော​န​သန်၏​အိမ်၌ လှောင်​ထား​ကြ၏။ ထို​အိမ်​ကို လှောင်​အိမ်​လုပ်​နှင့် သ​တည်း။
16ယေ​ရ​မိ​သည် အိမ်​အောက်​မြေ​တွင်း၊ လှောင်​အိမ်​ထဲ​သို့​ရောက်၍၊ နေ့​ရက်​များ​စွာ​နေ​ရ​သော​နောက်၊ 17ဇေ​ဒ​ကိ​မင်း​ကြီး​သည် လူ​ကို​စေ​လွှတ်၍ ယေ​ရ​မိ​ကို​နုတ်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ရှိ​သ​လော​ဟု နန်း​တော်၌ တိတ်​ဆိတ်​စွာ​မေး​မြန်း​လျှင်၊ ယေ​ရ​မိ​က၊ နှုတ်​က​ပတ်​တော်​ရှိ​ပါ၏။ ကိုယ်​တော်​သည် ဗာ​ဗု​လုန် ရှင်​ဘု​ရင်​လက်​သို့ ရောက်​ပါ​လိမ့်​မည်​ဟု ပြန်​လျှောက်၏။ 18တစ်​ဖန် ယေ​ရ​မိ​က၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို ပြစ်​မှား​သ​လော။ ကိုယ်​တော်၏​ကျွန်​တို့​ကို ပြစ်​မှား​သ​လော။ ဤ​လူ​မျိုး​ကို ပြစ်​မှား​သ​လော။ အ​ဘယ်​မည်​သော​အ​ပြစ်​ကြောင့် အ​ကျွန်ုပ်​ကို လှောင်​ထား​ကြ​သ​နည်း။ 19ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် သင်​တို့​နှင့် ဤ​ပြည်​ကို​မ​တိုက်​မ​လာ​ရ​ဟု ဟော​ပြော​သော သင်​တို့၏​ပ​ရော​ဖက်​တို့​သည် ယ​ခု​အ​ဘယ်​မှာ ရှိ​ကြ​သ​နည်း။ 20သို့​ဖြစ်၍၊ အ​ကျွန်ုပ်​သ​ခင် အ​ရှင်​မင်း​ကြီး၊ နား​ထောင်​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တောင်း​ပန်​သော​စ​ကား​ကို နား​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို သေ​စေ​ခြင်း​ငှာ၊ စာ​ရေး​တော်​ယော​န​သန်​အိမ်​သို့ ပြန်​စေ​တော်​မ​မူ​ပါ​နှင့်​ဟု ဇေ​ဒ​ကိ​မင်း​ကြီး​ကို​လျှောက်​ဆို၏။ 21ထို​အ​ခါ ဇေ​ဒ​ကိ​မင်း​ကြီး အ​မိန့်​တော်​ရှိ၍၊ ယေ​ရ​မိ​ကို ထောင်​ဝင်း၌​ထား​ကြ၏။ မြို့​တွင် မုန့်​မ​ကုန်​မီ​တိုင်​အောင်၊ မုန့်​သည်​တန်း​မှ မုန့်​တစ်​လုံး​ကို နေ့​တိုင်း​အ​စဉ် ပေး​ရ၏။ ထို​သို့ ယေ​ရ​မိ​သည် ထောင်​ဝင်း​ထဲ​မှာ​နေ​လေ၏။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 37: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ